Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လစ်သူရေးနီးယားလွှတ်တော်အမတ်များနှင့်သွားရောက်တွေ့ဆုံ

လစ်သူရေးနီးယားသည် မြန်မာ့ဒီမိုကရေစီအရေးကိုတက်ကြွစွာ ကူညီအားပေးနေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ခရီးစဥ်အတွင်းတွင် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် တိုင်းရင်းသားကိုယ်စားလှယ်များနှင့်အတူ လစ်သူရေးနီးယားအာဏာရပါတီလွှတ်တော်အမတ်များနှင့်တွေ့ဆုံကာ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်စွာဖိအားပေးနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးအကြိမ် လစ်သူရေးနီးယားခရီးစဉ်အတွင်း လွှတ်တော်၌ အမတ်များနှင့်တွေ့ဆုံကာ နှစ်နိုင်ငံ ဒီမိုကရေစီအရေး ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အကြမ်းဖက်စစ်အုပ်စုအား ထိရောက်စွာ ဖိအားပေးနိုင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လစ်သူရေးနီးယားလွှတ်တော်အမတ်များနှင့်သွားရောက်တွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လစ်သူရေးနီးယားလွှတ်တော်အမတ်များနှင့်သွားရောက်တွေ့ဆုံ

လစ်သူရေးနီးယားသည် စစ်ကောင်စီကို ခုခံတော်လှန်နေသည့် မြန်မာပြည်သူများနှင့် ဒိမိုကရက်တစ်နိုင်ငံအတွက် ရုန်းကန်နေမှုများကို အားပေးထောက်ခံကြောင်း ပြောသည်။ ထို့အပြင် ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်စစ်ကို ရှုတ်ချခဲ့ခြင်းနှင့် ကုလသမဂ္ဂတွင် ယူကရိန်းကို ထောက်ခံမဲပေးခဲ့ခြင်း တို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကို ကျေးဇူးတင်ကြောင်း လစ်သူရေးနီးယားအမတ်များက ပြောာသည်။

လစ်သူရေးနီးယားသည် မြန်မာ့ဒီမိုကရေစီအရေးကိုတက်ကြွစွာ ကူညီအားပေးနေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ခရီးစဥ်အတွင်းတွင် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်မေးမြန်းခန်း သော်မွန်/People’s Spring တော်လှန်ရေးကာလ ၄နှစ်ကျော်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်ဟာ ဧပြီ ၁၇ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ လူချင်းတွေ့ဆုံခဲ့ပြီး...

နိုင်ငံတကာ

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးခဲ့မှုဟာ အရှေ့အာရှ အင်အားကြီး နိုင်ငံတွေကြားက ပထဝီဝင် နိုင်ငံရေး အရွေ့တစ်ခုအဖြစ် ရှုမြင်ခြင်း ခံနေရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ ပြည်နယ်လွှတ်တော်အမတ်အချို့က မြန်မာပိုင်နက် ကဘော်ချိုင့်ဝှမ်းကို ပြန်လည်ရယူရန်နှင့် ချင်းပြည်နယ်ကို အိန္ဒိယနှင့်ပေါင်းစည်းရန် ပြောဆိုလာမှုများသည် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် အောက်ကျ၊နောက်ကျဖြစ်နေရသည်ဆိုသော အချက်ကို မီးမောင်းထိုးပြလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြောကြားသည်။

သတင်း

ကျားဖျန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီ သည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

Facebook