Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက် လူ ငါးသောင်းဝန်းကျင် စစ်ရှောင်နေ

လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဟာ ရှမ်းမြောက်က မြို့နယ်အများစု ဆက်လက်ဖြစ်ပွားနေပြီးအရပ်သားတွေ ထိခိုက်သေကြေမှုနဲ့ အိုးအိမ်စွန့်ခွာရတာတွေဖြစ်နေတယ်လို့ ကုလက ဆိုပါတယ်။

(ရှမ်းမြောက်က စစ်ရှောင်လူဦးရေပြမြေပုံ / UNOCHA)
(ရှမ်းမြောက်က စစ်ရှောင်လူဦးရေပြမြေပုံ / UNOCHA)

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် လူပေါင်းငါးသောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှူဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဟာ ရှမ်းမြောက်က မြို့နယ်အများစု ဆက်လက်ဖြစ်ပွားနေပြီးအရပ်သားတွေ ထိခိုက်သေကြေမှုနဲ့ အိုးအိမ်စွန့်ခွာရတာတွေဖြစ်နေတယ်လို့ ကုလက ဆိုပါတယ်။

နိုဝင်ဘာလ ၉ ရက်အထိစာရင်းတွေအရ လူငါးသောင်းခန့်စစ်ရှောင်နေကြရပြီး ဘာသာရေးဆိုင်ရာအဆောက်အဦးတွေမှာ ခိုလှုံရတာ ၊နယ်စပ်အနီးပြောင်းရွှေ့ရတာ ၊ တရုတ်ဘက်ကို တိမ်းရှောင်ရတာတွေရှိနေတယ်လို့ ကုလက ပြောပါတယ်။

ကုလရဲ့စာရင်းအရ လောက်ကိုင်မှာ စစ်ရှောင် ၁,၃၀၀၀ ၊ ဝ နယ် နမ့်တစ်မှာ ၅,၀၀၀ ၊ သိန္နီမြို့မှာ ၅,၀၀၀၊ နမ့်ခမ်းမှာ ၅,၀၀၀၊ မူဆယ်မှာ ၇,၀၀၀၊ လားရှိုးမှာ ၈,၀၀၀၊ကွတ်ခိုင်မှာ ၃,၀၀၀၊ ကျောက်မဲမှာ ၁,၀၀၀၊ နောင်ချိုမှာ ၂,၀၀၀ ဝန်းကျင်စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ရှမ်းမြောက်မှာ လမ်းပန်းဆက်သွယ်ရေး ကို စစ်တပ်ကော ၊ ညီနောင်သုံးဖွဲ့ကပါ ပိတ်ဆို့ထားတယ်လို့ ကုလက ပြောပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်က ရဲဘော် ၁ဦး ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ဦး ဒဏ်ရာရတဲ့အပေါ် ဒေသခံတွေက ဆန္ဒပြခဲ့သလို ဂိတ်ရှိ တဲအချို့ကိုဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

Facebook