Connect with us

Hi, what are you looking for?

သတင်း

မနောကွင်းအတွင်း KIA/KIOအလိုမရှိဟု ဆန္ဒထုတ်ဖော်သူ လူတစ်စုအား မေးမြန်းရာထွက်ပြေးသွားဟု ကချင်WHG အသိပေး

ယမန်နေ့ (နိုဝင်ဘာ ၉ရက်)မွန်းလွဲ ၁နာရီ ၄၀ မိနစ်ခန့်က လူဦးရေ ၅ဝခန့် ပါဝင်သော အမည်မသိ လူတစ်အုပ်စုက မနောတိုင်ရင်ပြင်ရှေ့တွင် KIA/KIO အလိုမရှိဟု အော်ဟစ်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

(မနောကွင်းအတွင်း၌ ဆန္ဒပြနေသည်ကို ယမန်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မနောကွင်းအတွင်း၌ ဆန္ဒပြနေသည်ကို ယမန်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကချင်တစ်မျိုးသားလုံးက ကန့်ကွက်ကြောင်း ထုတ်ပြန်

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း KIA/KIO အလိုမရှိဟု အော်ဟစ်ကြွေးကြော် ဆန္ဒထုတ်ဖော်သူ လူတစ်စုအား မေးမြန်းနေစဥ် ကစဉ့်ကလျားထွက်ပြေးသွားပြီး အဆိုပါလူတစ် စု၏လုပ်ရပ်အား ကချင်တစ်မျိုးသားလုံးက ကန့်ကွက်ကြောင်း ကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ(WHG)က ထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၉ရက်)မွန်းလွဲ ၁နာရီ ၄၀ မိနစ်ခန့်က လူဦးရေ ၅ဝခန့် ပါဝင်သော အမည်မသိ လူတစ်အုပ်စုက မနောတိုင်ရင်ပြင်ရှေ့တွင် KIA/KIO အလိုမရှိဟု အော်ဟစ်ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူတစ်စုအား အချိန်နှင့် တစ်ပြေးညီ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ (WHG)တာဝန်ရှိ ပုဂ္ဂိုလ်များမေးမြန်းနေစဉ် ကစဉ့်ကလျား ထွက်ပြေးသွားကြသည်ဟု WHGက ထုတ်ပြန်သည်။

ဆန္ဒပြသူများသည် ၎င်းတို့၏မျက်နှာအား အမြင်မခံဘဲ Mask များဖြင့် ဖုံးအုပ်ထားကြောင်း၊ စစ်တပ်အသိုင်းအဝိုင်းက နေ့စားခပေး၍ ခိုင်းစေခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံများက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

ထိုလူတစ်စု၏လုပ်ရပ်ကို ကချင်လူမျိုးရိုးရာယဉ်ကျေးမှုဗဟိုကော်မတီက သိရှိခြင်းမရှိသည့်အပြင် ခွင့်ပြုထားရှိခြင်းလည်းမရှိကြောင်းနှင့် ကချင်တစ်မျိုးသားလုံးကလည်း ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

နောက်နောင်တွင် ကချင်လူမျိုးရိုးရာယဉ်ကျေးမှုနှင့် ကချင်တစ်မျိုးသားလုံးနှင့် ဆိုင်သော အဆောက်အဦး၊ ပရဝဏ်နှင့် ရင်ပြင်အတွင်း ဤကဲ့သို့သော ဖြစ်ရပ်များကို လုံးဝ(လုံးဝ) ခွင့်ပြုမည် မဟုတ်ပါကြောင်းနှင့် အလားတူဖြစ်ရပ်များ ကျူးလွန်လာပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းWHGက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။