Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်ရှိ စစ်ရေးအရရှုံးနိမ့်ထားသည့် မြို့၊ဒေသများကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ

စစ်ကောင်စီသည် ‘၁၀၂၇ စစ်ဆင်ရေး’အတွင်း လေကြောင်းတိုက်ခိုက်ခြင်းကိုသာ အဓိကထားပြုလုပ်လာနေပြီး နိုဝင်ဘာလ (၁၁) ရက်နေ့တစ်ရက်တည်းတွင် ကွမ်းလုံမြို့တစ်မြို့တည်း၌ပင် အကြိမ် (၉၀) နီးပါးထိ စံချိန်တင်ပစ်ခတ်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။

((စစ်ကောင်စီက ကွမ်းလုံမြို့နယ် ကောင်းဟုန်းရွာကို လေကြောင်းမှတိုက်ခိုက်ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို)
((စစ်ကောင်စီက ကွမ်းလုံမြို့နယ် ကောင်းဟုန်းရွာကို လေကြောင်းမှတိုက်ခိုက်ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို)

▪️ကွမ်းလုံမြို့ကို တစ်ရက်အတွင်း လေကြောင်းပစ်ခတ်မှု အကြိမ်၉၀နီးပါး ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးမှုရှိဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

စစ်ကောင်စီတပ်က စစ်ရေးအရ အထိနာလျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အများအပြားကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင်တပ်တော်(AA)ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

‘၁၀၂၇ စစ်ဆင်ရေး’ ၁၆ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၇၀နီးပါး ဆုံးရှုံးထားရပြီး ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ သိန္နီ မြို့တို့ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်သည် အဆိုပါမြို့များအပြင် လက်ရှိ စစ်ရေးအရ အထိနာလျက်ရှိသည့် မြို့များကို နိုဝင်ဘာဒုတိယပတ်တွင် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ‘၁၀၂၇ စစ်ဆင်ရေး’အတွင်း လေကြောင်းတိုက်ခိုက်ခြင်းကိုသာ အဓိကထားပြုလုပ်လာနေပြီး နိုဝင်ဘာလ (၁၁) ရက်နေ့တစ်ရက်တည်းတွင် ကွမ်းလုံမြို့တစ်မြို့တည်း၌ပင် အကြိမ် (၉၀) နီးပါးထိ စံချိန်တင်ပစ်ခတ်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတို့ သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

TNLA၏ ထုတ်ပြန်ချက်များအရ မူဆယ်မြို့နယ်၊ စစ်ကောင်စီ ၁၀၅ မိုင် တပ်စခန်း၊ လားရှိုးမြို့ စစ်ကောင်စီ ခလရ-၆၈ တပ်စခန်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်း၊ မန်တုံမြို့နယ်၊ စစ်ကောင်စီ ခိုမုန်းတပ်စခန်းတို့က ဒေသတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။

TNLA ဘက်ကလည်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမန်တုံမြို့နယ်၊ ခိုမုန်းကျေးရွာရှိ စစ်ကောင်တပ်စခန်းကိုလည်း လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်က ကျောက်မဲမြို့သို့ လေကြောင်းမှ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းလျက်ရှိသည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။