Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ၌ ဒေသခံပြည်သူများသတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို PDFများလိုက်လံတိုက်ခိုက်

စစ်ကောင်စီတပ်လည်း ပြန်လည်ပစ်ခတ်ခဲ့၍ တိုက်ပွဲမှာ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး စခန်းချရာ ကျောင်းအတွင်းမှထွက်ပြေး၍ ကျောင်းဝင်းအခြေထိ ကပ်နိုင်ခဲ့ကြောင်း နွားထိုးကြီး PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဆင်ရေး၌ နွားထိုးကြီးPDFရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-နွားထိုးကြီး PDF
စစ်ဆင်ရေး၌ နွားထိုးကြီးPDFရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-နွားထိုးကြီး PDF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားကျေးရွာ၌ ဒေသခံပြည်သူများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်အား လိုက်လံတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နွားထိုးကြီး PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၉ ရက် ညနေ ၃နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာ၌ တပ်စွဲထားသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်အား ဒေသတွင်းPDFများက ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်လည်း ပြန်လည်ပစ်ခတ်ခဲ့၍ တိုက်ပွဲမှာ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး စခန်းချရာ ကျောင်းအတွင်းမှထွက်ပြေး၍ ကျောင်းဝင်းအခြေထိ ကပ်နိုင်ခဲ့ကြောင်း နွားထိုးကြီး PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စခန်းသိမ်းရန် မိနစ်ပိုင်းအလိုတွင် စစ်ကူများပြားလာခြင်း၊ ညအချိန်သို့ရောက်ရှိလာခြင်းတို့ကြောင့် ဆုတ်ခွာခဲ့သည်ဟု နွားထိုးကြီး PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ညပိုင်း၌ စစ်ကားများရောက်ရှိလာပြီး ထိခိုက်သေဆုံးသူများအား တင်ဆောင်သွားကြောင်း နွားထိုးကြီး ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်အုပ်စုသည် နိုဝင်ဘာလ ၇ ရက်နေ့က မြင်းခြံမြို့နယ်၊ ပျားရွာ၌ ပြည်သူ၆ဦးအား သတ်ဖြတ်ပြီး နေအိမ် ၆၀ ကျော်အား မီးရှို့ဖျက်ဆီးသွားသည့် စစ်ကြောင်းဖြစ်သည်။

“တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ သေဆုံးက နှစ်ဆယ်အထက်မှာရှိတယ်။”ဟု နွားထိုးကြီး PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း (၈)၊ မန်းလေးခရိုင်တပ်ရင်း(၃)၊နွားထိုးကြီးမြို့နယ် ပကဖ၊နဂါးနီပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၇ ရက်ကလည်း စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ပျားရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။