Connect with us

Hi, what are you looking for?

သတင်း

အ​ဝေးသင်​စာ​မေးပွဲဖြေဆိုပြီး ပြန်လာ​သော​ကျောင်းသားများလိုက်ပါလာ​သော​ရေယာဥ်ကို စစ်တပ်​သေနတ်ဖြင့်ပစ်

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ- RFA)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ- RFA)

စစ်တွေတက္ကသိုလ်မှ အဝေးသင်စာမေးပွဲ ဖြေဆိုပြီးရေကြောင်းမှပြန်လာသည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ လိုက်ပါလာသော မော်တော်ကိုစစ်ကောင်စီတပ်က ‌ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။

” မြေပုံမြို့နယ် တောင်ဖလာတောင်မှာ တပ်စွဲထားတဲ့စကစ တပ်ရင်း ခလရ ၉၃ က ပစ်တာ။ကျောင်းသားတွေ အိမ်ပြန်လာတဲ့ မော်တော်ကို သေနတ်နဲ့ ပစ်တာ။ မော်တော်ကို လေးချက်ထိပါတယ်” ဟု သတင်းရင်းမြစ်တဦးကပြောသည်။

ထိုပစ်ခတ်မှု၌ လူထိခိုက်မှုမရှိကြောင်း ကနဦးသတင်းရရှိထားပြီး အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

ယခုနှစ်အတွက် စစ်ကောင်စီက ပြုလုပ်နေသည့် အဝေးသင်တက္ကသိုလ်စာမေးပွဲများသည်ပြီးခဲ့သည့် စနေနေ့က ပြီးဆုံးခဲ့သည်။

ရခိုင်ပြည်နယ်၌ စစ်ရေးတင်းမာနေစဉ် တက္ကသိုလ်ကျောင်းသားကျောင်းသူများလိုက်ပါလာသည့် မော်တော်မှန်းသိလျက်နှင့် စစ်ကောင်စီက ပစ်ခတ်ခြင်းဟု ဒေသခံလူငယ်များကပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၃ရက်မှ စတင်ပြီးရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် ရခိုင်ပြည်နယ်အတွင်း ရေလမ်းရော ကုန်းလမ်းများကိုပါ ပိတ်ဆို့ထားသည်။ ရေလမ်းခရီးသွားလာရေးအဓိကအသုံးပြုနေသည့် ရခိုင်ပြည်နယ်၌ စစ်ကောင်စီသည် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။