Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အ​ဝေးသင်​စာ​မေးပွဲဖြေဆိုပြီး ပြန်လာ​သော​ကျောင်းသားများလိုက်ပါလာ​သော​ရေယာဥ်ကို စစ်တပ်​သေနတ်ဖြင့်ပစ်

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ- RFA)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ- RFA)

စစ်တွေတက္ကသိုလ်မှ အဝေးသင်စာမေးပွဲ ဖြေဆိုပြီးရေကြောင်းမှပြန်လာသည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ လိုက်ပါလာသော မော်တော်ကိုစစ်ကောင်စီတပ်က ‌ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။

” မြေပုံမြို့နယ် တောင်ဖလာတောင်မှာ တပ်စွဲထားတဲ့စကစ တပ်ရင်း ခလရ ၉၃ က ပစ်တာ။ကျောင်းသားတွေ အိမ်ပြန်လာတဲ့ မော်တော်ကို သေနတ်နဲ့ ပစ်တာ။ မော်တော်ကို လေးချက်ထိပါတယ်” ဟု သတင်းရင်းမြစ်တဦးကပြောသည်။

ထိုပစ်ခတ်မှု၌ လူထိခိုက်မှုမရှိကြောင်း ကနဦးသတင်းရရှိထားပြီး အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

ယခုနှစ်အတွက် စစ်ကောင်စီက ပြုလုပ်နေသည့် အဝေးသင်တက္ကသိုလ်စာမေးပွဲများသည်ပြီးခဲ့သည့် စနေနေ့က ပြီးဆုံးခဲ့သည်။

ရခိုင်ပြည်နယ်၌ စစ်ရေးတင်းမာနေစဉ် တက္ကသိုလ်ကျောင်းသားကျောင်းသူများလိုက်ပါလာသည့် မော်တော်မှန်းသိလျက်နှင့် စစ်ကောင်စီက ပစ်ခတ်ခြင်းဟု ဒေသခံလူငယ်များကပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၃ရက်မှ စတင်ပြီးရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် ရခိုင်ပြည်နယ်အတွင်း ရေလမ်းရော ကုန်းလမ်းများကိုပါ ပိတ်ဆို့ထားသည်။ ရေလမ်းခရီးသွားလာရေးအဓိကအသုံးပြုနေသည့် ရခိုင်ပြည်နယ်၌ စစ်ကောင်စီသည် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။