Connect with us

Hi, what are you looking for?

သတင်း

ကနေဒီတောင်ရှိ စစ်ကောင်စီခန်းကို PDF-Zoland တိုက်ခိုက်သိမ်းပိုက်

ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်စခန်းချလာခြင်းဖြစ်သည်။

(က​နေဒီ​တောင်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(က​နေဒီ​တောင်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ ကနေဒီတောင်ရှိ စစ်ကောင်စီစခန်းကို PDF-Zolandက ယနေ့ မနက်ပိုင်းကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အဆိုပါအဖွဲ့ထံကအတည်ပြုလိုက်သည်။

အင်အား ၃၀ခန့်ရှိသည့် အဆိုပါစစ်ကောင်စီစခန်းကို ယနေ့(နိုဝင်ဘာ ၂၁ရက်) နံနက် ၄နာရီခန့်က ဝင်ရောက်စီးနင်းတိုက်ခဲ့ပြီး ၂ နာရီ ဝန်းကျင်တိုက်ပွဲဖြစ်ပွားပြီး​နောက်နံနက် ၆နာရီ​ကျော်တွင် စစ်ကောင်စီစခန်းကို သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု Zoland-PDFတာဝန်ရှိသူကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးကျော်က ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရသည်။ ထိုအပြင် စစ်ကောင်စီတပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးရမိထားသည်ဟု PDF-Zolandထံမှသိရသည်။

“စခန်း(ကနေဒီတောင် စကစ တပ်စခန်း)သိမ်းနိုင်တာတော့အတည်ပြုပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။” ဟု PDF Zoland သတင်းရင်းမြစ် တစ်ဦးကလည်းပြောပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စခန်းမှလက်နက်အကြီးနှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်းလည်းသိရသည်။

“တီးတိန်မြို့နယ်၊ ကနေဒီတောင် ပြည်သူလက်ထဲရောက်ရှိသွားပါပြီ”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်စခန်းချလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။