Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဥက္ကလာပမြို့နယ်လျှစ်စစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီ၏ ပစ်မှတ်များကိုလည်း ဆက်တိုက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများကို ဝေးဝေးမှရှောင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

မြောက်ဥက္ကလာပမြို့နယ်လျှစ်စစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်
မြောက်ဥက္ကလာပမြို့နယ်လျှစ်စစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ လျှပ်စစ်မန်နေဂျာရုံးရှိ စစ်ကောင်စီတပ်သားများအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေံ(နိုဝင်ဘာ ၂၄ ရက်) နံနက် ၆ နာရီကျော်တွင် အထက်ပါလျှပ်စစ်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အ‌နောက်ပိုင်းခရိုင်(ပကဖ)အဖွဲ့ နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ပြည်သူကို ဒုက္ခပေးနေတဲ့ ဘယ်ဌာနမဆို တိုက်ခိုက်သွားပါမယ်။ ဌာနပေါင်းစုံမှာရှိတဲ့ မအလ ထောက်ပံ့နေတဲ့ ဝန်ထမ်းတွေ သတိထားနေဖို့ပြောချင်ပါတယ်”ဟု Yangon Army မှ တာဝန်ရှိသူက ပြောသည်။

ပြည်သူများအား ဒုက္ခပေးနေသည့် ဌာနပေါင်းစုံမှ ဝန်ထမ်းများ၏ အချက်အလက်များကိုရရှိထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေကိုဒုက္ခပေးနေတဲ့ဌာနပေါင်းစုံက လူတွေကို ကျနော်တို့ လုံးဝခွင့်လွတ်မှာ မဟုတ်ပါဘူး။ ရသမျှသတင်းလာပေးကြပါ။ စကစနဲ့ပတ်သက်တဲ့နေရာတွေနဲ့ဝေးဝေးနေပေးကြပါလို့ပြောချင်ပါတယ်။ အရေးတော်ပုံအောင်ကိုအောင်ရမည်။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက “မနက် ၆ နာရီကျော်လောက်က EPC ရုံးဘက်မှာ ပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ EPC ရုံးကို ဝင်ပစ်တာလို့တော့ ပြောနေကြတယ်။ ထိခိုက်မှု ရှိ၊မရှိတော့ သေချာမသိရသေးဘူး။ ရဲကား၊ စစ်ကားတွေ အများကြီး အဲ့ဘက်သွားနေတာတော့ တွေ့နေရတယ်”ဟု ပြောသည်။

ယင်းပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မြောက်ဥက္ကလာအဝိုင်းအနီး၊ ခေမာသီလမ်းနှင့် စက်ရုံလမ်းတို့တွင် စစ်ကောင်စီဝင်အများအပြားက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံ ပြည်သူအချို့က ပြောသည်။

Yangon Army နှင့် အနောက်ပိုင်းခရိုင်(ပကဖ)တို့သည် နိုဝင်ဘာ ၂၃ ရက် ညကလည်း တောင်ဥက္ကလာပမြို့နယ်ရှိ လျှစ်စစ်ရုံးမှ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့အပြင် ပြည်သူများကို ဖိနှိပ်အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိထိရောက်ရောက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးခဲ့သည်။

စစ်ကောင်စီ၏ ပစ်မှတ်များကိုလည်း ဆက်တိုက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများကို ဝေးဝေးမှရှောင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

"Brave Eagles က အရင်က ရန်ကုန်ကစွန့်ခွာပြီး အခု ရန်ကုန်ပြန်ရောက်လာပါပြီ။ ထပ်ပြီးထပ်ပြီး လုံခြုံစွာနဲ့ အရှိန်မြင့်တင်တော့မှာပါ။ ပြည်သူတွေ ကူပေးကြပါဗျာ"ဟု အထက်ပါ တာဝန်ရှိသူက ပြည်သူများကို တောင်းဆိုသည်။