စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် အင်အားလာဖြည့်သည့် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army-BHA ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်အနီးရှိ စစ်ကောင်စီစခန်းသို့ အင်အားလာဖြည့်သည့် ဂျန်ပါ(မိုင်းဖြတ်စက်)တပ်ဆင်ထားသော စစ်သား ၅၀ခန့်ပါ ယာဥ်နှစ်စီးအား ပဒေသာမိုင်း ၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army-BHA ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။
“ဒဏ်ရာရတဲ့ကောင်တွေကို လာခေါ်ရင်းနဲ့ စစ်ကူပေးတဲ့ကားတွေကို အပြန်ကျ ပဒေသာမိုင်းနဲ့ဆွဲလိုက်တာ။ မုံရွာအဝင်ကို မိုင်းထပ်ဆွဲလိုက်တာ။ မှန်တွေကွဲသွားတယ်။ မအူဂိတ်မှာတော်တော်ကြာကြာ ထိုးရပ်သွားတယ်။”ဟု BHA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
ဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
အဆိုပါ စစ်ဆင်ရေးကို Brave Heart Army-BHA အဖွဲ့သားများ ဉီးဆောင်၍ CHINDWIN FIGHTER GROUP-CFG နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
