Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် စစ်ကောင်စီယာဥ်တစ်စီး။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် စစ်ကောင်စီယာဥ်တစ်စီး။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် အင်အားလာဖြည့်သည့် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army-BHA ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ​မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်အနီးရှိ စစ်ကောင်စီစခန်းသို့ အင်အားလာဖြည့်သည့် ဂျန်ပါ(မိုင်းဖြတ်စက်)တပ်ဆင်ထားသော စစ်သား ၅၀ခန့်ပါ ယာဥ်နှစ်စီးအား ပဒေသာမိုင်း ၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army-BHA ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“ဒဏ်ရာရတဲ့ကောင်တွေကို လာခေါ်ရင်းနဲ့ စစ်ကူပေးတဲ့ကားတွေကို အပြန်ကျ ပဒေသာမိုင်းနဲ့​ဆွဲလိုက်တာ။ မုံရွာအဝင်ကို မိုင်းထပ်ဆွဲလိုက်တာ။ မှန်တွေကွဲသွားတယ်။ မအူဂိတ်မှာတော်တော်ကြာကြာ ထိုးရပ်သွားတယ်။”ဟု BHA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

အဆိုပါ စစ်ဆင်ရေးကို Brave Heart Army-BHA အဖွဲ့သားများ ဉီးဆောင်၍ CHINDWIN FIGHTER GROUP-CFG နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။