Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

ည ၁၂နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသတွင်း PDFအဖွဲ့များက ဆိုသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Toe Na Yar PDF)
(တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Toe Na Yar PDF)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်) ည ၁၁နာရီခွဲခန့်က ပုလဲမြို့ရှိ သရက်ခြံနှင့် ရေစင်ပေါ်တွင် ကင်းယူထားသော စစ်ကောင်စီတပ်သားများအား မဟာမိတ်ပူးပေါင်းအဖွဲ့က ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Toe Na Yar PDF)
(တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်ကြီးများအား တွေ့ရစဥ်။ ဓာတ်ပုံ-Chindwin Toe Na Yar PDF)

ည ၁၂နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသတွင်း PDFအဖွဲ့များက ဆိုသည်။

“အဲဒီနေရာတွေမှာ အင်အားက ခန့်မှန်းခြေ ၃၀လောက်ရှိမယ်။ အထိများပြီးဆေးရုံမှာ ခြေရှုပ်နေတယ်။ နှစ်ကောင်ကတော့ မနေ့ညကတည်းက ကျတယ်။”ဟု Chindwin Toe Na Yar PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား တူမီးတပ်ဦး မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော Chindwin Toe Na Yar PDF၊ SKY၊ တူမီးတပ်ဦး Real Hero၊ တော်လှန်ပျောက်ကြား၊ မျိုးဆက်သစ်၊ ဒေါင်းမင်းတပ်ရင်း၂၉ခွဲ၂၊ Yinmarbin Local PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပုလဲမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ (၇၀၈)တပ်ရင်းမှ စစ်ကြောင်းလှည့်လည်နေပြီး နိုဝင်ဘာ ၁၂ ရက်က အေးကုန်းကျေးရွာမှ နေအိမ် ၁၆ လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။