Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့အနီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေးတစ်ဦးသေဆုံး၊ အဘွားအိုတစ်ဦး ဒဏ်ရာရ

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးသို့ နိုဝင်ဘာ ၂၆ရက်နှင့် ၂၇ရက်တွင် စစ်ကောင်စီက ‌လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားငါးဦး သေဆုံးခဲ့သေးသည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန်နေ့က စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး အဘွားအိုတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မူဆယ်မြို့အဝင် အေးရှားဝေါတိုးဂိတ်အနီးကို စစ်ကောင်စီက ယမန်နေ့ ည ၁၀နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံများက ပြောသည်။

” မြေးအဘွားနှစ်ယောက်ကို ထိတာ။ မြေးလေးက သေသွားတယ်။ အဘွားက ဒဏ်ရာရတယ်။ အရပ်သား နေရာကို ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသော မြို့အဝင်ဂိတ်သည် ပြည်ထောင်စုလမ်းမအတိုင်း နမ့်ဘက်ကာဖက်မှ အဝင်၌ တည်ရှိသည်။ မူဆယ်မြို့နှင့် (၁)မိုင်ခန့်သာ ဝေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယမန်နေ့ ည ၉နာရီ ၅၀ မိနစ်ခန့်ကစ၍ မူဆယ်မြို့ပေါ်၌ တိုက်လေယာဉ်နှစ်စီး ပတ်ပျံခဲ့ပြီး ၁၀နာရီခန့်တွင် စတင်ဗုံးကြဲတိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

“(၁၀၅)မိုင်လည်း ဗုံးချတယ်။ ဒီဘက် မြို့အဝင်ဂိတ်ကိုလည်း ချတယ်။ မူဆယ်မြို့နားအထိ လေကြောင်းကနေ ဗုံးကြဲနေတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

မူဆယ်ဒေသတိုက်ပွဲများ၌ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများ မကြာခဏ ဖြစ်နေသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးသို့ နိုဝင်ဘာ ၂၆ရက်နှင့် ၂၇ရက်တွင် စစ်ကောင်စီက ‌လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားငါးဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။