Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့တွင် ကိုယ်ပိုင်ကွန်ရက်ဖြင့် ပြည်သူ့အုပ်ချုပ်ရေးရုံးများအား အင်တာနက်စတင်ပံ့ပိုး

ထန်တလန်မြို့သည် နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပထမဦးဆုံးမြို့ဖြစ်ပြီး မြို့နယ်အတွင်း ပြည်သူများမှာ အင်တာနက်ကို ၂ နှစ်ကျော် ဝေးကွာနေခြင်းဖြစ်သည်ဟု ၎င်းတို့အဖွဲ့က ထုတ်ပြန်သည်။

(Team ZNET၏ ဆက်သွယ်ရေးကွန်ရက်အား တွေ့ရစဥ်။ ဓာတ်ပုံ - ZNET)
(Team ZNET၏ ဆက်သွယ်ရေးကွန်ရက်အား တွေ့ရစဥ်။ ဓာတ်ပုံ - ZNET)

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အင်တာနက်ကွန်ရက်ကို ပြည်သူ့အုပ်ချုပ်ရေးဌာနအချို့ကို စတင်ပံ့ပိုးနိုင်ပြီဖြစ်ကြောင်း Team ZNETက ယမန့်နေ့တွင် အသိပေးထုတ်ပြန်သည်။

ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်ရှိ နည်းပညာအထောက်အကူပြုဌာနဖြစ်သည့် Team ZNETက ကိုယ်ပိုင် အင်တာနက်ဆက်သွယ်ရေးစနစ်သစ်ကို တစ်နှစ်နှင့်လေးလအချိန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

ချင်းပြည်နယ်အတွင်းတိုက်ပွဲများ ရလဒ်ကောင်းများရှိနေသော်လည်း လာမည့် သုံးနှစ်မှ လေးနှစ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးများ ပြန်လည်ပြုပြင်နိုင်ရန် ကြိုတင်အာမခံရန်ခက်ခဲ့သည့်အတွက် ကြားကာလဆက်သွယ်ရေးကို ဦးစားပေးဆောင်ရွက်ရခြင်းဖြစ်သည်ဟု Team ZNETက ဆိုသည်။

ယခုစနစ်သည် ကြိုးမဲ့အင်တာနက်စနစ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်း (၅)ခု၊ ပြည်သူ့အုပ်ချုပ်ရေးဌာနရုံး (၂)ခု၊ ပြည်သူ့ရဲစခန်းနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ကို အင်တာနက်ပံ့ပိုးနိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“အင်တာနက်ရှိခြင်းက တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့အတွက်ရယ်၊ အုပ်ချုပ်မှုယန္တရားများအတွက်ရယ် လုံခြုံစိတ်ချရသော အင်တာနက်ကွန်ရက် အလွန်လိုအပ်နေတယ်”ဟု Team ZNETက ဆိုသည်။

ထန်တလန်မြို့သည် နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပထမဦးဆုံးမြို့ဖြစ်ပြီး မြို့နယ်အတွင်း ပြည်သူများမှာ အင်တာနက်ကို ၂ နှစ်ကျော် ဝေးကွာနေခြင်းဖြစ်သည်ဟု ၎င်းတို့အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၄တွင် ထန်တလန်မြို့ကို အင်တာနက် ၅၀ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်မည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံး၌ စစ်ကောင်စီတပ်ကင်းစင်ရေး မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ချင်းတမျိုးသားလုံး စုစည်းညီညွတ်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ချင်းဒေသကာကွယ်ရေးတပ်-ထန်တလန်(CDF-Thantlang)က ဧပြီ ၆ရက်တွင် ထုတ်ပြန်သည်။

သတင်း

ဟားခါး - ထန်တလန်မြို့နယ်ကြားရှိ တပ်စခန်းများကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က ယခုနှစ် ဇူလိုင်တတိယပတ်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၈ခုထက်မနည်းသိမ်းရခဲ့သည်။

သတင်း

စီသရီးတောင်စခန်း(ပွိုင့် -၃ စခန်း)သိမ်းတိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ဟု ဆိုသည်။

Facebook