Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာပမြို့နယ်ရှိ ဗိုလ်မှူးတစ်ဦးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်ခံရ

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ ဗိုလ်မှူးတစ်ဦးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်ခံရ
မြောက်ဥက္ကလာပမြို့နယ်ရှိ ဗိုလ်မှူးတစ်ဦးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးတစ်ဦး၏ နေအိမ်ကို ယနေ့ (ဒီဇင်ဘာ ၃) ညနေက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ ညနေ ၃နာရီကျော်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် အမှတ် (၄)ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူး၏နေအိမ်ကို ဖရဲသီး၏ သတင်းပို့ချက်အရ Dark Shadow ၊ မဟာမိတ် GODနှင့် မြို့ပြတော်လှန်ရေးအင်အားစုတို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့​ကြောင်း Dark Shadowက ဖော်ပြထားသည်။

“ညနေက မြောက်ဥက္ကလာ လေဆိပ်ဘက်မှာ ဗုံးပေါက်သံ တစ်ချက်ကြားလိုက်ရတယ်။ နေရာအတိအကျနဲ့ လူထိခိုက်မှု ရှိ မရှိတော့ မသိရဘူး။ ဆေးရုံကားတွေ သွားနေတာတော့ တွေ့လိုက်တယ်”ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီနှင့် ပတ်သက်သည့် ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများ၊ စစ်ကောင်စီအသိုင်းအဝိုင်းမှ ကျင်းပသော ပွဲလမ်းသဘင်များ မသွားကြရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာကြရန် မြို့ပြတော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

နိုင်ငံပိုင်မြေများ ‌ရောင်းချနေသည့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း ယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။