Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် စစ်တပ်က ပြည်သူများအားစစ်ရေးအရအသုံးချနေ၍ သတိပြုရမည့်အချက်များ ပကဖ ထုတ်ပြန်

အများပြည်သူလုံခြုံရေးအတွက် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများအား နီးစပ်ရာ တော်လှန်ရေး အင်အားစုများထံ သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ကြရန် စသည့် အချက် ငါးချက်အား အရာတော်(ပကဖ)အဖွဲ့က အသိပေးသည်။

(အရာတော်မြို့အဝင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်အား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(အရာတော်မြို့အဝင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်အား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများအား စစ်ရေးအရအသုံးချမှုများပြုလုပ်နေ၍ သတိပြုရမည့်အချက် ငါးချက်အား အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီး‌ခြင်း ၊ငွေတောင်ူခံခြင်း ၊ လူသားဒိုင်းအဖြစ်အသုံးပြုခြင်းနှင့် ပြည်သူပိုင်ယာဉ်များကို ပြန်ပေးဆွဲကာ စစ်တပ်၏ ထောက်ပို့လုပ်ငန်းများတွင် အသုံးပြုခြင်း စသော စစ်ရေးအရအသုံးချလာမှုများရှိနေကြောင်း အရာတော်(ပကဖ)က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသော ဂိတ်နေရာများအား ရှောင်ကွင်းနိုင်သောလမ်းများမှသာ သွားလာရန်၊ နယ်မြေခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီးမှသာ ခရီးသွားလာခြင်း၊ ကုန်သယ်ခြင်းများ ပြုလုပ်ရန်၊ စစ်ကောင်စီလက်အောက်ခံရုံးဌာနများသို့ သွားလာခြင်း မပြုရန်၊ တော်လှန်ရေးသတင်းများအား အမြဲမပြတ်နားစွင့်ထားပြီး မိမိလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် အများပြည်သူလုံခြုံရေးအတွက် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများအား နီးစပ်ရာ တော်လှန်ရေး အင်အားစုများထံ သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ကြရန် စသည့် အချက် ငါးချက်အား အရာတော်(ပကဖ)အဖွဲ့က အသိပေးသည်။

အရာတော်မြို့အနောက်ဘက် ထွက်ဂိတ်နှင့် မြို့မြောက်ဘက်ဂိတ်ရှိ စစ်ကောင်စီတပ်သည် ကုန်သယ်ယာဉ်များ၊ ခရီးသွားယာဉ်များကို နေ့စဉ်ပုံမှန်တားဆီး၍ ငွေကြေးကောက်ခံနေကြောင်း၊ ထို့အပြင် ငွေကြေးတောင်းခံရုံသာမကဘဲ အခြားသော အသုံးချမှုများပြုလုပ်နေ၍ သတိပေးရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။