Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်တွင် စစ်ဆေးရေးလုပ်ရန် ပြင်နေသည့် စစ်အုပ်စု လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တွင် စစ်ဆေးရေးလုပ်ရန် ပြင်နေသည့် စစ်အုပ်စု လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ
ကျောက်ဆည်တွင် စစ်ဆေးရေးလုပ်ရန် ပြင်နေသည့် စစ်အုပ်စု လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

​မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ၄ ရက်) နံနက် ၁၁နာရီခန့်​က ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက် အနောက်ဘက်အထွက်၌ စစ်ဆေးရေးပြုလုပ်ရန်ပြင်ဆင်နေသည့် စိုက်ပျိုးရေးရုံးအတွင်းရှိ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးအား လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA အဖွဲ့ တာဝန်ခံက ပြောသည်။

“အရင်က အဲဒီစိုက်ပျိုးရေးရုံးမှာ တပ်စွဲပြီး စစ်ဆေးရေးဂိတ်လုပ်ပါတယ်။ အခုက တပ်မစွဲတော့ဘဲ စစ်ဆေးရေးလုပ်ဖို့ရောက်လာတဲ့အချိန်ပါ။ အထိအခိုက်ကတော့ ဒီကောင်တွေကြားထဲ ကျတာဆိုတော့ အနည်းနဲ့အများတော့ထိခိုက်နိုင်ပါတယ်။”ဟု ၎င်းတာဝန်ခံက ပြောသည်။

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်စစ်ဆင်ရေးကို ကျောက်ဆည် (K.R.A)တပ်ဖွဲ့နှင့် ကျောက်ဆည်(K.D.D.F)တို့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Union Brothers -UBအဖွဲ့က ပံ့ပိုးခဲ့သည်။

နိုဝင်ဘာ၂၄ ရက်ကလည်း ကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးရုံးအတွင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အစည်းအဝေးလု​ပ်နေချိန် KRA အဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့သည် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။