Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်တွင် စစ်ဆေးရေးလုပ်ရန် ပြင်နေသည့် စစ်အုပ်စု လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တွင် စစ်ဆေးရေးလုပ်ရန် ပြင်နေသည့် စစ်အုပ်စု လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ
ကျောက်ဆည်တွင် စစ်ဆေးရေးလုပ်ရန် ပြင်နေသည့် စစ်အုပ်စု လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

​မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ၄ ရက်) နံနက် ၁၁နာရီခန့်​က ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက် အနောက်ဘက်အထွက်၌ စစ်ဆေးရေးပြုလုပ်ရန်ပြင်ဆင်နေသည့် စိုက်ပျိုးရေးရုံးအတွင်းရှိ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးအား လက်ပစ်ဗုံးဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA အဖွဲ့ တာဝန်ခံက ပြောသည်။

“အရင်က အဲဒီစိုက်ပျိုးရေးရုံးမှာ တပ်စွဲပြီး စစ်ဆေးရေးဂိတ်လုပ်ပါတယ်။ အခုက တပ်မစွဲတော့ဘဲ စစ်ဆေးရေးလုပ်ဖို့ရောက်လာတဲ့အချိန်ပါ။ အထိအခိုက်ကတော့ ဒီကောင်တွေကြားထဲ ကျတာဆိုတော့ အနည်းနဲ့အများတော့ထိခိုက်နိုင်ပါတယ်။”ဟု ၎င်းတာဝန်ခံက ပြောသည်။

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်စစ်ဆင်ရေးကို ကျောက်ဆည် (K.R.A)တပ်ဖွဲ့နှင့် ကျောက်ဆည်(K.D.D.F)တို့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Union Brothers -UBအဖွဲ့က ပံ့ပိုးခဲ့သည်။

နိုဝင်ဘာ၂၄ ရက်ကလည်း ကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးရုံးအတွင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အစည်းအဝေးလု​ပ်နေချိန် KRA အဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့သည် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။