Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင်ပျူသင်တန်းအတွက်သန်း​ခေါင်စာရင်းကောက်နေသည့်ရာအိမ်မှူးရုံးကို​တော်လှန်​ရေးအဖွဲ့ဝင်​ရောက်ပစ်ခတ်၊ ရာအိမ်မှူးသေဆုံး

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။

(တိုက်ခိုက်ခံခဲ့ရသော အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)
(တိုက်ခိုက်ခံခဲ့ရသော အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂) ရပ်ကွက်၌ စစ်​​ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ပေးနေသည့် ရာအိမ်မှူး နှင့် အဖွဲ့ ရုံးအတွင်းဝင်ရောက် ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇန်နဝါရီလ ၃၀ရက်) နေ့လယ် ၂ နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ ၁၀၉လမ်း၊ ၆၈လမ်းနှင့် ၆၉လမ်းကြား၊ မြို့သစ်၂ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ရာအိမ်မှူး အပါအဝင် ၃ ဦးရှိနေသည့်အချိန် ရုံးအတွင်းသို့ ဝင်ရောက်ပြီး ရာအိမ်မှုး စည်သူဝင်းအား သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့ကြောင်း NMD( No More Detatorship People Defence Force) အဖွဲ့၏ တာဝန်ခံ ကိုချာလီက ပြောသည်။

” ရာအိမ်မှူးကတော့ သေပြီ။ ကျန်တစ်ယောက်ကတော့ ထွက်ပြေးသွားတော့မသိရသေးဘူး။”ဟု NMD အဖွဲ့၏ တာဝန်ခံက ပြောသည်။

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအဖွဲ့သည် ရပ်ကွက်နေပြည်သူများအား စစ်မှုထမ်းရန်နှင့် ပျူသင်တန်းတက်ရန် သန်းခေါင်စာရင်းကောက်ပေးသူများဖြစ်ပြီး ၎င်းတို့ စာရင်းလုပ်နေချိန် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုစစ်ဆင်ရေးအား ရွှေတောင်ပံစစ်ဆင်ရေး (မန္တလေး) နှင့် No More Detatorship (NMD) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

သေဆုံးသူ စည်သူဝင်းမှာ အသက် ၃၀ နှစ်အရွယ်ရှိပြီး ဝမ်းဗိုက်နှင့် ဦးခေါင်းတို့ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင် ​ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အပေါင်းအပါများက သန်းခေါင်စာရင်းများလိုက်လံကောက်ယူနေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားနှင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်နေသည့် မည်သူမဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်း No More Detatorship (NMD)အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။