Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်ရှိ စစ်ရေးပစ်မှတ် ၅နေရာကို PDFက ဗုံးသီးချတိုက်ခိုက်

စစ်ကောင်စီ စစ်ကြောင်းတွင် သင်တန်းဆင်းပျူများ အများအပြားပါဝင်နေခြင်းနှင့်ပတ်သက်၍ “၂၃ရက်နေ့ကစပြီး သင်တန်းဆင်းတဲ့ပျူတွေကြီးပဲ။ သင်တန်းဆင်းပြီးတာနဲ့ မတ္တရာမြို့နယ်ဘက်တွေကို ထိုးစစ်ဆင်တဲ့ပျူတွေကြီးပဲ။”ဟု မြနန္ဒာစစ်ဆင်ရေး၏တာဝန်ရှိသူက ပြောသည်။

(PDFရဲဘော်များက လေယာဉ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - File Photo)
(PDFရဲဘော်များက လေယာဉ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - File Photo)

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း၌ အင်အားတိုးမြှင့်ထားသည့် စစ်ကြောင်းအပါအဝင် စစ်ရေးပစ်မှတ် ၅နေရာကို ဗုံးသီး ၁၀လုံးချတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခွေးတွေပြာယာခတ်နေတယ်။ ဒီအပတ်ထဲကိုမတ္တရာက အင်အားပိုတိုးပြီးစစ်ကြောင်းထိုးနေတာ အဲ့ကြားကကို ကျနော်တို့လုပ်ခဲ့တာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက မတ္တရာမြို့နယ်အတွင်း၌ အင်အားတိုးမြှင့်ကာ စစ်ကြောင်းထိုးလျက်ရှိပြီး အင်အား ၂၀၀ခန့်ဖြင့် မြွေကြည်ကုန်း နှင့် မြွေရွှေဂဲကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ် ကောင်စီတပ်ကို ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီတွင် ဗုံးသီးသုံးလုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မန္တလေးအတွက် မတ္တရာက စကစခံစစ်လိုဖြစ်နေတာ။ မတ္တရာကနေ မန်းထိကူးလာမှာကြောက်တော့အင်အားတိုးစစ်ကြောင်းထိုးနေတာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

နေ့လည် ၁၂ နာရီခန့်တွင်လည်း စကျင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသောနေရာကို ဗုံးသီးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ညနေ ၄ နာရီခန့်တွင် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် လျှပ်စစ်ရုံးကို ဗုံးသီးတစ်လုံးစီဖြင့် တိုက်ခိုက်ခဲ့ပြီး ပန်းယျရွာရှိ စစ်ကောင်စီအင်အား ၆၀ ခန့်တပ်စွဲထားသော နေရာကိုလည်း ဗုံးသီးနှစ်လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ထွေအုပ်က နှစ်ကောင်ထိတယ်။ EPC က Non CDM ဝန်ထမ်းတစ်ဦး ။ ကျန်တာတွေတော့ စုံစမ်းဆဲ”ဟု ယင်းစစ်ဆင်ရေးများနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ဆင်ရေးများကို မြနန္ဒာ Drone တပ်ဖွဲ့နှင့်အတူ ပြင်ဦးလွင်ခရိုင် Drone အဖွဲ့၊ မတ္တရာမြို့နယ်(ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့အနေနဲ့ ဒီထက်ပိုကောင်းမွန်ပြီး စစ်ရေးအရအရေးပါတဲ့စစ်ရေးလှုပ်ရှားမှုတွေလုပ်ချင်ပါတယ်။ ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ထောက်ပံ့မှုတွေပေးပါ။ ကျနော်တို့လက်တွေ့ရလာဒ်တွေယူဆောင်ပေးပါမယ်။”ဟု အထက်ပါ တာဝန်ရှိသူက ပြည်သူများကို မေတ္တာရပ်ခံသည်။

စစ်ကောင်စီ စစ်ကြောင်းတွင် သင်တန်းဆင်းပျူများ အများအပြားပါဝင်နေခြင်းနှင့်ပတ်သက်၍ “၂၃ရက်နေ့ကစပြီး သင်တန်းဆင်းတဲ့ပျူတွေကြီးပဲ။ သင်တန်းဆင်းပြီးတာနဲ့ မတ္တရာမြို့နယ်ဘက်တွေကို ထိုးစစ်ဆင်တဲ့ပျူတွေကြီးပဲ။”ဟု မြနန္ဒာစစ်ဆင်ရေး၏တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီက မတ္တရာနယ်ထဲက မြွေ၁၄ရွာကို စစ်ကြောင်းထိုးနေတာ။ တိုက်ခိုက်တဲ့အချိန်မှာတော့ ဒရုန်းကိုမြင်တာနဲ့လက်နက်ငယ်နဲ့လိုက်ပစ်တာတွေရှိတယ်။ ထွေအုပ်ရုံးထဲကစာရေးတစ်ယောက်ရယ်၊ ရဲတစ်ဦးရယ်၊ရဲတစ်ဦးရဲ့ဇနီးရယ် ထိခိုက်တယ်လို့သတင်းရတယ်။”ဟု မတ္တရာပကဖအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။