Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတာရှည်တွင် စစ်ရေးတင်းမာပြီး နှစ်ရက်အတွင်း ထိတွေ့တိုက်ပွဲငါးကြိမ်ဖြစ်

ဇန်နဝါရီ ၂၈ ရက်က စစ်ကောင်စီတပ်များသည် ကူးတို့ကုန်းကျေးရွာမှတစ်ဆင့် စစ်တောင်းမြစ်ကိုဖြတ်ကာ ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာစဥ် ယင်းနေ့နေ့လယ် ၂နာရီတွင် ပုဝါနီစစ်ကြောင်းပွိုင့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

(ရေတာရှည်မြို့နယ်အတွင်း စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်နေသော ပုဝါနီစစ်ကြောင်းမှ ရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - ပုဝါနီစစ်ကြောင်း)
(ရေတာရှည်မြို့နယ်အတွင်း စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်နေသော ပုဝါနီစစ်ကြောင်းမှ ရဲဘော်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - ပုဝါနီစစ်ကြောင်း)

▪️နတ်မောက်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေပြီး နှစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ် ပွားခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိတွေ့တိုက်ပွဲများတွင် ရေတာရှည်နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ကဲလင်းဆိပ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာစဥ် ဇန်နဝါရီ ၂၈ ရက်တွင် တိုက်ပွဲ သုံးကြိမ်နှင့် ၂၉ ရက်တွင် တိုက်ပွဲနှစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၈ ရက်က စစ်ကောင်စီတပ်များသည် ကူးတို့ကုန်းကျေးရွာမှတစ်ဆင့် စစ်တောင်းမြစ်ကိုဖြတ်ကာ ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးလာစဥ် ယင်းနေ့နေ့လယ် ၂နာရီတွင် ပုဝါနီစစ်ကြောင်းပွိုင့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီခွဲခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးကာ ခြောက်ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့နောက် စစ်ကြောင်းမှ အနည်းငယ်နောက်သို့ပြန်ဆုတ်ကာ ခံစစ်ပြင်ထားရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ စစ်ကူလိုက်လာသော နေပြည်တော် PDF နှင့် ပုဝါနီစစ်ကြောင်းတို့ပူးပေါင်း၍ ညနေ ၅ နာရီခန့်တွင် (၄၀)မမဖြင့် စတင်ပစ်ခတ်ပြီး ၁ နာရီခန့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ကီးကူစစ်ကြောင်းနှင့် အထူးဒေသတပ်ဖွဲ့တို့ ထပ်မံရောက်ရှိလာရာ ကဲလင်းဆိပ်‌ကျေးရွာအတွင်း ၀င်‌ရောက်အထိုင်ချ ထားသော စစ်ကောင်စီတပ်ကို (ဇန်နဝါရီ ၂၈)ည ၁၀ နာရီတွင် ထပ်မံသွားရောက်တိုက် ခိုက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် ၁နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိခိုက်ကျဆုံးကို အတိအကျမသိရသေးသော်လည်း တော်လှန်ရေးအင်အားစုများဘက်မှ အထိခိုက်မရှိခဲ့ပေ။

ထို့နောက် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ကဲလင်းဆိပ်ကျေးရွာအတွင်း ဆက်လက်အထိုင်ချ၍ နောက်တစ်နေ့(ဇန်နဝါရီ ၂၉)နံနက် ၈ နာရီခန့်တွင် ကဲလင်းဆိပ်မှ နေအိမ် ၁၀လုံးထက်မနည်းကို မီးရှို့ဖျက်ဆီး၍ နေအိမ်အချို့အား ဖောက်ထွင်းခိုးယူမှုများရှိခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

“လက်ရှိတော့(ဒေသခံပြည်သူ ဖမ်းဆီးခံရမှု) မရှိသေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ အင်အား ၈၀ခန့်သည် ကဲလင်းဆိပ်မှတဆင့် သင့်နံသာကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ ကဲလင်းဆိပ်ကျေးရွာ အနောက်ဘက်တွင် နံနက် ၁၀ နာရီ ၄၆ ၌ တော်လှန်ရေးအင်အားစုဘက်မှ စနိုက်ပါအပါအဝင် (၄၀) မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတစ်ချို့ရရှိခဲ့သော် လည်း ၎င်းစစ်ကြောင်းမှာ နောက်ဆုတ်သွားခြင်းမရှိဘဲ ထပ်မံရှေ့တိုးလာသောကြောင့် ယင်းနေ့(ဇန်နဝါရီ ၂၉)နံနက် ၁၁ နာရီခန့်တွင် နေရာယူတပ်ဖြန့်ထားသော တော်လှန်ရေးအင်အားစုများနှင့် ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက အသိပေးသည်။

အဆိုပါတိုက်ပွဲသည် အပြန်အလှန်ပစ်ခတ်ချိန် ၂ နာရီ၀န်းကျင်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးသေးဆုံး၍ ဒုတပ်ရင်းမှူးအပါအ၀င် အများအပြားဒဏ်ရာရရှိသွားရာ စစ် ကြောင်းမှာ ကဲလင်းဆိပ်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

“စစ်ကြောင်းကတော့ ခုထိ ထိုးနေဆဲပါ”ဟု ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရေတာရှည်မြို့နယ်တွင်း စစ်ရေးအခြေအနေကို ယနေ့ညနေပိုင်းတွင် People’s Spring သို့ ပြောသည်။

အထက်ပါတိုက်ပွဲများကို ပုဝါနီစစ်ကြောင်းနှင့်အတူ နေပြည်တော် PDF၊ တပ်ကူအဖြစ်ကီးကူစစ်ကြောင်း၊ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့တို့မှ အားဖြည့်ပါဝင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ရေတာရှည်နယ်၊ ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၆ ရက်တွင်လည်း အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရမှုကြောင့် ယင်းနေ့ည ၁၁ နာရီခန့်တွင် ကူးတို့ကုန်းကျေးရွာဘက်သို့ တပ်ပြန်ဆုတ်သွားခဲ့သည်။

တခြားသတင်းတရပ်အဖြစ် မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု(OPRF – PLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(ဇန်နဝါရီ ၃၁)ညနေ ၆ နာရီခွဲခန့်က နတ်မောက်နယ်၊ ကုလားရှင်ကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ရဲအင်အား ၃၀ကျော်ဖြင့် စစ်ဆေးရေးလုပ်ဆောင်နေသော ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆေးရေးဂိတ်အား မီတာ (၁၀၀) အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့တပ်များဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း OPRF – PLA မှ တာဝန်ရှိသူက ပြောသည်။

“ပြောက်ကျားဝင်ပစ်တာဆိုတော့ အချိန် အများကြီး မယူလိုက်ဘူး။ (စစ်ကောင်စီတပ်) အထိအခိုက်ရှိတယ် ပြောတယ်။ အတိအကျတော့ မသိသေးပါဘူးဗျ”ဟု ၎င်းက ဆက်ပြောသည်။

အထက်ပါ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများရှိပြီး လမ်းပိုင်းတွင် ကင်းပုန်းချခြင်းများလည်း လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ယခု တိုက်ခိုက်မှုကို စစ်တပ်အာဏာသိမ်းမှု (၃)နှစ်ပြည့် အကြိုအဖြစ် ရန်သူစစ်အုပ်စုအား ကျွန်ုပ်တို့ OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။