Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှားမှာ အဝေးပြေးကားလမ်းမပေါ် လေယာဉ်ငယ် ပျက်ကျလို့ လူ ၁၀ ဦးသေဆုံး

မလေးရှားက လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေကတော့ လေယာဉ် ပျက်ကျလာပြီး မီးလောင် ပေါက်ကွဲသွားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယို တော်တော်များများကို မျှဝေနေတယ်လို့လည်း သိရပါတယ်။

မလေးရှားမှာ အဝေးပြေးကားလမ်းမပေါ် လေယာဉ်ငယ် ပျက်ကျလို့ လူ ၁၀ ဦးသေဆုံး
မလေးရှားမှာ အဝေးပြေးကားလမ်းမပေါ် လေယာဉ်ငယ် ပျက်ကျလို့ လူ ၁၀ ဦးသေဆုံး

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်နားက ယာဉ်အသွားအလာ ထူထပ်ရာ အဝေးပြေးလမ်း တစ်နေရာမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၁၇ ရက် မနက်ပိုင်းက ဖြစ်စဉ်မှာ လန်ကာဝီ နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်လာတဲ့ စင်းလုံးငှား လေယာဉ်ငယ်ဟာ ဆူလ်တန် အက်ဘ်ဒူလ် အဇစ်ရှား လေဆိပ်ဆီ ဦးတည်ပျံသန်းရင်း လူစည်ကားရာ လမ်းတစ်နေရာကို ပျက်ကျခဲ့တာလို့ မလေးရှား အရပ်ဖက် လေကြောင်း ပျံသန်းမှု စီမံကွပ်ကဲမှု ဌာနက ကြေညာပါတယ်။

လေယာဉ်ဟာ ပျက်ကျခါနီးမှာ အရေးပေါ် အကူအညီ တောင်းခံမှုမျိုး လုံးဝ မရှိခဲ့ဘူးလို့လည်း လေကြောင်း ထိန်းသိမ်းရေး မျှော်စင်က ဆိုပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၂ ဦး လိုက်ပါခဲ့ပြီး အသက်ရှင်သူ မရှိခဲ့ဘူးလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ပြီးတော့ လေယာဉ် ပျက်ကျပြီး မီးလောင် ပေါက်ကွဲချိန် မြေပြင်မှာ ရှိနေတဲ့ ဆိုင်ကယ်စီးသူ တစ်ဦးနဲ့ ကားမောင်းနေသူ တစ်ဦးပါ သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားခဲ့ရာ ဆီလန်ဂေါ် မြို့နယ်ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ဟူစိန် အိုမာခန်းက ရုပ်အလောင်းတွေကို တန်ကူ အမ်ပွန် ရာဟီမန် ဆေးရုံဆီ သယ်ယူသွားပြီး ရင်ခွဲစစ်ဆေးမှုတွေ၊ DNA နမူနာ ရယူမှုတွေ လုပ်ဆောင်နေကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတဝိုက်မှာ အပျက်အစီး အစိတ်အပိုင်းတွေ ပြန့်ကြဲနေခဲ့ပြီး လမ်းကိုပါ နာရီပေါင်း အတော်ကြာအောင် ပိတ်ထားခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။

မလေးရှားက လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေကတော့ လေယာဉ် ပျက်ကျလာပြီး မီးလောင် ပေါက်ကွဲသွားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယို တော်တော်များများကို မျှဝေနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook