Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်သို့လာသည့် စစ်ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်၊ တစ်စီးပျက်စီးပြီး ငါးဦးထိခိုက်ဟု PPDF ပြော

မေလ ၁၁ရက် နံနက် ၁နာရီခွဲခန့်တွင် မြိတ်ခရိုင် တပ်ရင်း (၁) တပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က နန်းပရုပ်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

(မြိတ်ခရိုင် PDF တပ်ရင်း (၁) Palaw People's Defence Forceမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - PPDF)
(မြိတ်ခရိုင် PDF တပ်ရင်း (၁) Palaw People's Defence Forceမှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - PPDF)

တနင်္သာရီတိုင်း မြိတ်ဘက်မှ ထားဝယ်မြို့ဘက်လာသည့် စစ်ကောင်စီ​၏ ယာဉ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးပျက်စီးပြီး ငါးဦးထက်မနည်းထိခိုက်မှုရှိနိုင်ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁) Palaw People’s Defence Force မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

မေလ ၁၁ရက် နံနက် ၁နာရီခွဲခန့်တွင် မြိတ်ခရိုင် တပ်ရင်း (၁) တပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က နန်းပရုပ်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် PDF ပူးပေါင်းတပ်မှ (၄ဝ)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်မှ ငါးဦးထက်မနည်းထိခိုက်မှုရှိပြီး ကားတစ်စီးမှာ ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတော့ဘဲ ထိုးရပ်သွားသည်ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် အထိနာသွားသော စစ်ကောင်စီတပ်သားများက (၆ဝ)မမ ဖြင့် ပြန်လည်ပစ်ခတ်တိုက် ခိုက်ခဲ့သော်လည်း မိမိတို့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“လောလောဆယ် ပလောက်(မြို့နယ်ခွဲ)မှာပဲရှိသေးတယ်။ ကားနှစ်စီးမှာ တစ်စီးက မောင်းရတယ်။ တစ်စီးက မောင်းမရတော့ဘူး”ဟု တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ပုလောမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲများပိုမိုပြင်းထန်လာသဖြင့် ပုလောမြို့နယ် အတွင်းရှိ မိဘပြည်သူများအနေဖြင့် လုံခြုံရေးသတိအမြဲရှိရန်၊ စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန်၊ မလိုအပ် ဘဲ ခရီးသွားလာခြင်းမပြုကြရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မဟာမိတ်တပ်ပေါင်းစုမှ ထုတ်ပြန်သည့် စည်းကမ်းချက်များကို စနစ်တကျလိုက်နာကြရန် အသိပေး ထားသည်။

ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့တွင် စစ်ရေးအခြေအနေငြိမ်သက်နေပြီး ထားဝယ်တွင် စစ်ရေးတင်းမာနေသည်ဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ