Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုတာဆုံရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

တိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသော စစ်ကောင်စီတပ်သားများမှ အနီးဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိရာ ပြည်သူထိခိုက်မှုရှိ မရှိမသိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Hero ပြောက်ကျားတပ်က အသိပေးသည်။

အုတ်ဖိုတာဆုံရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ
အုတ်ဖိုတာဆုံရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုတာဆုံတွင် အထိုင်ချထားသော စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျား တပ်ဖွဲ့တာဝန်ခံက People’s Spring သို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၉)နံနက် ၅ နာရီခွဲခန့်က အုတ်ဖို့မြို့အဝင်လမ်းနှင့် ရန်ကုန်-ပြည်လမ်း တာဆုံရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ အနားကပ်ပြီးဝင်ပစ်တာဆိုတော့ ထိခိုက်ကျဆုံး ရှိနိုင်တယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက် ထိခိုက်သေဆုံးတယ်ဆိုတာ အတိ အကျတော့ မသိသေးဘူး”ဟု ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၁၄ ဦးခန့်ရှိနေပြီး ယနေ့နံနက်အ စောပိုင်းတာဝန်ကျ တပ်သားများ ယူနီဖောင်းအပြည့်အစုံဖြင့် သန့်ရှင်းရေးလုပ်၍ လုံခြုံရေးအတားအဆီးများအား နေရာချနေစဥ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသော စစ်ကောင်စီတပ်သားများမှ အနီးဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိရာ ပြည်သူထိခိုက်မှုရှိ မရှိမသိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Hero ပြောက်ကျားတပ်က အသိပေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်ကလည်း ကြို့ ပင်ကောက်မြို့ ရန်ကုန်-ပြည်လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook