Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုတာဆုံရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

တိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသော စစ်ကောင်စီတပ်သားများမှ အနီးဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိရာ ပြည်သူထိခိုက်မှုရှိ မရှိမသိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Hero ပြောက်ကျားတပ်က အသိပေးသည်။

အုတ်ဖိုတာဆုံရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ
အုတ်ဖိုတာဆုံရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုတာဆုံတွင် အထိုင်ချထားသော စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျား တပ်ဖွဲ့တာဝန်ခံက People’s Spring သို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၉)နံနက် ၅ နာရီခွဲခန့်က အုတ်ဖို့မြို့အဝင်လမ်းနှင့် ရန်ကုန်-ပြည်လမ်း တာဆုံရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ အနားကပ်ပြီးဝင်ပစ်တာဆိုတော့ ထိခိုက်ကျဆုံး ရှိနိုင်တယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက် ထိခိုက်သေဆုံးတယ်ဆိုတာ အတိ အကျတော့ မသိသေးဘူး”ဟု ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၁၄ ဦးခန့်ရှိနေပြီး ယနေ့နံနက်အ စောပိုင်းတာဝန်ကျ တပ်သားများ ယူနီဖောင်းအပြည့်အစုံဖြင့် သန့်ရှင်းရေးလုပ်၍ လုံခြုံရေးအတားအဆီးများအား နေရာချနေစဥ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသော စစ်ကောင်စီတပ်သားများမှ အနီးဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိရာ ပြည်သူထိခိုက်မှုရှိ မရှိမသိရသေးဘဲ ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Hero ပြောက်ကျားတပ်က အသိပေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်ကလည်း ကြို့ ပင်ကောက်မြို့ ရန်ကုန်-ပြည်လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။