Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြန်လာသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ တပ်ခွဲ-၄ မှ အရေးယူဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာ ၂ရက်က ထန်းပင်ကုန်းအုပ်စု၊ ကြယ်နီကုန်းရွာမှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

(အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်အုပ်စုမှ စစ်ကောင်စီခန့်ချုပ်ရေးမှူး ဇော်ဝမ်းထံမှ သိမ်းဆည်းရရှိသောပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်အုပ်စုမှ စစ်ကောင်စီခန့်ချုပ်ရေးမှူး ဇော်ဝမ်းထံမှ သိမ်းဆည်းရရှိသောပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြီးပြန်လာသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ ပစ်ခတ်အရေးယူလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို)က ထုတ်ပြန်သည်။

ယမန်နေ့(အောက်တိုဘာ ၄)နံနက် ၈ နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာအုပ်စုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်ဝမ်းဆိုသူသည် အင်းမတပ်၌ စစ်သင်တန်းတက်ပြီး အိမ်ပြန်ရောက်နေသည်ဟု သတင်းကြားသဖြင့် တပ်ခွဲ-၄ မှ ရဲဘော်များက ၎င်း၏နေအိမ်အနီး လမ်းမပေါ်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“သူက ကြို့ကိုးပင်အုပ်စု၊ ကြို့ကိုးပင်ရွာမှာနေတာပေါ့။ သူ့အိမ်ရှေ့လမ်းမှာ ကျနော်တို့ ရှင်းပစ်လိုက်တယ်။ ဒီကောင်က အင်းမ(၆၆)တပ်ကနေ စစ်သင်တန်းတက်ပြီးပြန်လာတာ ၃ရက်လောက်ရှိပြီ။ ကျနော်တို့ သုံးနေရာခွဲစောင့်တာပေါ့၊ ကျနော်တို့ရဲဘော်တွေ။ ပိတ်စောင့်နေရင်း တစ်နေရာထဲဝင်လာတယ်၊ အဲဒီမှာ ရွာထဲကအဖွဲ့က ပစ်ပြီးရှင်းလိုက်တယ်။ အားလုံးရှစ်ချက်”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

(အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်အုပ်စုမှ စစ်ကောင်စီခန့်ချုပ်ရေးမှူး ဇော်ဝမ်းထံမှ သိမ်းဆည်းရရှိသောပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်အုပ်စုမှ စစ်ကောင်စီခန့်ချုပ်ရေးမှူး ဇော်ဝမ်းထံမှ သိမ်းဆည်းရရှိသောပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

ထို့နောက် အုပ်ချုပ်ရေးမှူးဇော်ဝမ်းထံမှ လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ရာ စစ်ကောင်စီအရာရှိများနှင့် ဆက်သွယ်ထားသည့် မှတ်တမ်းများတွေ့ရှိရပြီး ငွေသား ကျပ် ၄၂၀,၀၀၀နှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ အုပ်ချုပ်ရေးမှူး ဇော်ဝမ်းသည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ကျေးရွာနေပြည်သူများအား ပျူစောထီးအဖွဲ့သို့ဝင်ရန် ခြိမ်းခြောက်ခြင်း၊ စစ်တပ်အတွက် တပ်သားသစ်စုစောင်းပေးခြင်း၊ PDF စခန်းများအား လိုက်လံပြသခြင်းနှင့် PDF ရဲဘော်များ၏ အချက်လက်များစုစောင်းကာ စစ်တပ်ထံပေးပို့နေခြင်းတို့ လုပ်ဆောင်နေသူဖြစ်​သည်ဟု တပ်ခွဲ-၄ ၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် ၎င်းအား စစ်ကောင်စီထောက်တိုင်အဖြစ် ဆက်လက်ရပ်တည်ကခင်းမပြုရန် သတိပေးမှုများလုပ်ဆောင်ခဲ့သော်လည်း လိုက်နာခြင်းမရှိသောကြောင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အလားတူ အုတ်ဖိုမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် စစ်တပ်ထောက်တိုင်များအနေဖြင့် စစ်ကောင်စီလက်အောက်မှ အချိန်မဆိုင်းဘဲ ချက်ချင်းနှုတ်ထွက်ပေးကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲက သတိပေး ချက်များ အကြိမ်ကြိမ်ထုတ်ပြန်ထားသည်။

အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ တပ်ခွဲ-၄ မှ အရေးယူဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာ ၂ရက်က ထန်းပင်ကုန်းအုပ်စု၊ ကြယ်နီကုန်းရွာမှ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။