Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

AAက မင်းပြားတွင် စစ်သင်္ဘော ၁စီးကို ထပ်မံတိုက်ခိုက်သိမ်းပိုက်

ရက္ခိုင်ဒေသတိုက်ပွဲများ၌ နေ့တိုင်းအရှုံးပေါ်နေသည့်စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အငြိုးကြီးစွာဖြင့် ကြည်း၊ ရေ၊ လေ တပြိုင်နက်တည်းပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး မြို့အားဖျက်ဆီးလျက်ရှိကြောင်း ထုတ်ပြန်သည်။

(ရက္ခိုင့်တပ်​တော်AA က သိမ်းပိုက်ခဲ့​သော စစ်သင်္ဘောနှင့် AAတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- 3BHA)
(ရက္ခိုင့်တပ်​တော်AA က သိမ်းပိုက်ခဲ့​သော စစ်သင်္ဘောနှင့် AAတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- 3BHA)

▪︎​ခြောက်ရက်အတွင် စစ်သင်္ဘော (၃) စီး နှင့် ဇက်သင်္ဘော (၂) စီးတိုက်ခိုက်​ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်

▪︎ရမ်းဗြဲ၊ ပေါက်တော၊ ကျောက်ဖြူ တို့အား စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး၊ ရေတပ် တို့မှ ပစ်ခတ်၍ ထိခိုက်ပျက်စီးမှုများရှိ

ရက္ခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် သင်္ဘော ၄ စီးနစ်မြုပ်အောင် တိုက်ခိုက်ထားနိုင်သည့် ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် စစ်သင်္ဘောတစ်စီးကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AAက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၇ရက်နှင့် ၈ရက် ကျောက်တော်မြို့နယ်အပေါက်၀ ရွာအနီး ရေကြောင်း တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အားAAက မီးလောင်ပျက်စီး ရေထဲ နစ်မြုပ်သွားအောင် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၂ရက်တွင် မင်းပြားမြို့နယ် ပုလဲပေါက်ရွာအနီးတွင်လည်း စစ်သင်္ဘော တစ်စီးကိုထပ်မံ တိုက်ခိုက်နှစ်မြှုပ်ခဲ့ကြောင်း AAက မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်နေ့)တွင်လည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော နောက်ထပ် (၁) စီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဓါတ်ပုံနှင့်တကွထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ရက္ခိုင့်တပ်​တော်AA က သိမ်းပိုက်ခဲ့​သော စစ်သင်္ဘောနှင့် AAတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- 3BHA)
(ရက္ခိုင့်တပ်​တော်AA က သိမ်းပိုက်ခဲ့​သော စစ်သင်္ဘောနှင့် AAတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- 3BHA)

ထို့​ကြောင့် ခြောက်ရက်တာကာလအတွင်း ရေကြောင်းတိုက်ပွဲများ၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီး နှင့် ဇက်သင်္ဘော (၂) စီး စုစုပေါင်း (၅) စီးအား ရက္ခိုင့်တပ်တော်က တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ ခြင်းဖြစ်သည်။ထို့အပြင် အခြားသောစစ်သင်္ဘော(၄) စီးကိုလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွား​အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြအသိပေးထားသည်။

ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး ၁၁၀ ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၃ရက်တိုက်ပွဲသတင်း ဖော်ပြရာ ရက္ခိုင်ဒေသ၏ မြို့နယ်အချို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား ပြင်းထန်သောတိုက်ပွဲများသည် ဆက်လက်ရှိနေခဲ့ပြီး စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်နှင့်အတူ ထိုးစစ်-ခံစစ်တိုက်ပွဲများမှာလည်း ဆက်လက်ကျယ်ပြန့်လျက်ရှိကြောင်း အသိပေးသည်။

ရက္ခိုင်ဒေသတိုက်ပွဲများ၌ နေ့တိုင်းအရှုံးပေါ်နေသည့်စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အငြိုးကြီးစွာဖြင့် ကြည်း၊ ရေ၊ လေ တပြိုင်နက်တည်းပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး မြို့အားဖျက်ဆီးလျက်ရှိကြောင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ (၁၃) ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် (၇) ကြိမ်ထက်မနည်း၊ Y-12 ထောက်ပို့လေယာဉ်ဖြင့်လည်း (၃၇) ကြိမ်တိုင်လာရောက်၍ အကြိမ်ပေါင်း (၁၀၀) ကျော် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီး (၇၆) ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ထုတ်ပြန်သည်။

ကလိန်တောင်မြစ်၊ တိန်ချောင်းဝနှင့် သလူချောင်းဝအကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ ဇက်သင်္ဘော ပေါ်မှ လက်နက်ကြီးများဖြင့် လက်နက်ကြီး ရာချီနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

ထိုသို့ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများကြောင့် ရမ်းဗြဲမြို့ ကိုယ်ရံတောင်စေတီနှင့် အောင်ချမ်းသာစေတီအနီးပတ်ဝန်းကျင်‌နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ရမ်းဗြဲမြို့ပေါ်ရပ်ကွက်အချို့မှ လူနေအိမ် အပါအဝင် အဆောက်အအုံတချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

ထို့အပြင်စစ်ကောင်စီ၏ Y-12 ထောက်ပို့လေယာဉ်တစ်စီးသည် ရက္ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးဝန်းကျင်နေရာများသို့ လေကြောင်းမှ ဗုံးအလုံးပေါင်း (၃၀) ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု နေအိမ် (၄) လုံးပျက်စီးခဲ့ဟု အသိပေးသည်။

ဖေဖော်ဝါရီ ၁၂ရက်တွင်လည်း စစ်ကောင်စီက ပေါက်တောမြို့အား Y-12 ထောက်ပို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး အပါအဝင် ဒေသခံအရပ်သားပြည်သူ (၉) ဦး ဒဏ်ရာရခဲ့ဟု ထုတ်ပြန်သည်။

ထိုအပြင်ဘူးသီးတောင်မြို့နယ်၊ ဝက်မကျကျေးရွာမှ အသက် (၂၈) နှစ်အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအခြေချတပ်စွဲခဲ့သည့် ရသေ့တောင်၊ ထီးစွဲစခန်းသို့ ဝင်၍ ပစ္စည်းအဟောင်းများ သွားယူစဉ် စစ်ကျန်မိုင်းအား နင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဆိုသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့်လည်း ပြည်သူလူထုအား တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများ၊ တိုက်ပွဲနှင့် ဆက်စပ်ဖူးသည့်နေရာများအား မဖြစ်မနေသွားလာရပါက စစ်

လက်နက်ပစ္စည်းအကြွင်းအကျန်များအား ကိုင်တွယ်၊ ထိတွေ့၊ ယူဆောင်ခြင်းများမပြုလုပ်ကြရန် အထူးသတိပေးမှာကြားထားကြောင်း၊ မသိနားမလည်သေးသည့် ကလေးငယ်များအားလည်း စစ်အကြွင်းအကျန်ပစ္စည်းများအား ကိုင်တွယ်ဆော့ကစားခြင်းမပြုအောင် အထူးဂရုစိုက်ကြရန်လည်း ထပ်မံမှာကြားလိုကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။