Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်​ကောင်စီ စီးနင်းမှု ဟန်ပြဟု မြို့ခံများပြော

ကျားဖြန့်ရုံသည် နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မည့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေသည်။

(မြန်မာနိုင်ငံသားပိုင်​သောကျားဖြန့်လုပ်ငန်းအချို့ကို စစ်​ကောင်စီတပ်နှင့် ရဲများက စီးနင်းဖမ်းဆီးပြုလုပ်ပြီး စစ်​ကောင်စီ​ထောက်ခံသူအချို့က လူမှုကွန်ယက်တွင်ဖြန့်​ဝေ​​နေ​သောဓါတ်ပုံအချို့)
(မြန်မာနိုင်ငံသားပိုင်​သောကျားဖြန့်လုပ်ငန်းအချို့ကို စစ်​ကောင်စီတပ်နှင့် ရဲများက စီးနင်းဖမ်းဆီးပြုလုပ်ပြီး စစ်​ကောင်စီ​ထောက်ခံသူအချို့က လူမှုကွန်ယက်တွင်ဖြန့်​ဝေ​​နေ​သောဓါတ်ပုံအချို့)

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည် တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်းသတင်းများထွက်ပေါခဲ့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင်တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများအားဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

“ရဲမှူးချုပ်တင်ကိုကို ကြိုပြီးကာဗာယူတာထင်တယ်။ သူဒီအတိုင်းလွှတ်ထားတဲ့ ကျားဖြန့်တွေကို ဝင်ဖမ်းနေတယ်။ ထိုင်းနိုင်ငံသားတွေကို ထိုင်းဖက်ကိုတန်းလွှဲတယ်။ မြန်မာဝန်ထမ်းတွေကို ရုံထဲမှာ ထားတယ်။ အခုအဖမ်းခံရသူတွေက ညဆိုင်းသမားတွေ။ မနက်ဆိုင်းသမားတွေကို စောင့်ဖမ်းနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

(မြန်မာနိုင်ငံသားပိုင်​သောကျားဖြန့်လုပ်ငန်းအချို့ကို စစ်​ကောင်စီတပ်နှင့် ရဲများက စီးနင်းဖမ်းဆီးပြုလုပ်ပြီး စစ်​ကောင်စီ​ထောက်ခံသူအချို့က လူမှုကွန်ယက်တွင်ဖြန့်​ဝေ​​နေ​သောဓါတ်ပုံအချို့)
(မြန်မာနိုင်ငံသားပိုင်​သောကျားဖြန့်လုပ်ငန်းအချို့ကို စစ်​ကောင်စီတပ်နှင့် ရဲများက စီးနင်းဖမ်းဆီးပြုလုပ်ပြီး စစ်​ကောင်စီ​ထောက်ခံသူအချို့က လူမှုကွန်ယက်တွင်ဖြန့်​ဝေ​​နေ​သောဓါတ်ပုံအချို့)

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ​ဖေ​ဖော်ဝါရီ ၂၃ ရက် နံနက် အစောပိုင်း ၁နာရီခန့်တွင် စစ်​ကောင်စီ၏စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခြင်းခဲ့ခြင်းဖြစ်သည်။ ထိုကျားဖြန့်လောင်းကစားရုံသည် တာချီလိတ်နှင့် ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေး၌ ကပ်လျက်တည်ရှိသည်။

ထိုကျားဖြန့်ရုံသည် နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မည့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေသည်။

Public Service Announcement

Public Service Announcement

အဖမ်းခံထားရသည့် မြန်မာဝန်ထမ်းအမျိုးသမီးအချို့က ၎င်းတို့အားလာရောက်ကယ်ထုတ်ရန် ပြင်ပရှိ ဆွေမျိုးများထံ အကူအညီတောင်းထားသည့် အသံဖိုင်ကို People’s Spring က ရရှိထားသည်။ အမျိုးသားဝန်ထမ်းများကို ဖမ်း​ခေါ်သွားပြီး ၊အမျိုးသမီးများကို အခန်းများအတွင်း ၃၀ ဦးစီစု​စေကာ ဖုန်းများကိုလည်း စစ်သားနှင့် ရဲများက လိုက်သိမ်း​နေ​ကြောင်းဖမ်းဆီးခံရသူတစ်ဦးက​ပြောထားသည်။

တာချီလိတ်မြို့တွင် တရုတ်၊ထိုင်းနှင့် မြန်မာနိုင်ငံသားအချို့ပိုင်သည့် ကျားဖြန့်လုပ်ငန်းလောင်းကစားရုံများ ရှိနေပြီး ယခုစီးနင်းခံရသည့်လောင်းကစားရုံသည် မြန်မာနိုင်ငံသားပိုင်ဖြစ်သည်။ လောင်းကစားရုံများအတွင်း တရုတ်နှင့်ထိုင်းနိုင်ငံသားအချို့အပါအဝင် အာရှနိုင်ငံများမှ နိုင်ငံသားအချို့ လူကုန်ကူးခံထားရပြီး ၎င်းတို့အားကယ်ထုတ်ပေးရေး အကူးအညီတောင်းထားသည့်ဖြစ်စဉ်များရှိကြောင်း ဒေသာတွင်းသတင်းရင်းမြစ်များကပြောသည်။

တရုတ်နိုင်ငံသားများကိုအထိနာစေသည့်ရှမ်းပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဖယ်ရှားရှင်းလင်းမည်ဟု တရုတ်အစိုးရကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ရှိ ကျားဖြန့်ခေါင်းဆောင်များ ၊ ပါဝင်ပတ်သပ်​နေသူများကို MNDAA အပါအဝင် ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် စစ်​​ကောင်စီတို့ကသီးခြားစီ ဖမ်းဆီး၍ တရုတ်အစိုးရထံလွှဲ​ပြောင်း​ပေးထားသည်။သို့​သော်ရှမ်း​မြောက်မှ ​ရွေ့​ပြောင်းလာ​သော ကျားဖြန့်လုပ်ငန်းများအပါအဝင် တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများကို တရုတ်ကကိုင်တွယ်ခြင်းမရှိသေးပေ။ ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်

မြောက်ပိုင်းမဟာမိန့်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည် စစ်တပ်မှအသွင်ပြောင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ ထိုသတင်းများနှင့် ပတ်သက်၍ People’s Spring က မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။