Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ခင်ရန်းရွာအပါအဝင်ပျူ ခုနှစ်ရွာကိုသေနတ်အလက်၅၀၀ ခန့်နှင့်ခဲယမ်းများ စစ်ကောင်စီထပ်မံတပ်ဆင်

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ အထက်ပါ ပျူစောထီး ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

(​မြောက်ခင်ရန်းရွာအဝင်အနီး ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)
(​မြောက်ခင်ရန်းရွာအဝင်အနီး ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)

ဂန့်‌ဂေါမြို့၊ မြောက်ခင်ရန်းရွာတွင် PDF ရဲဘော်နှစ်ဦးအား မီးရှို့သတ်ဖြတ်မှုအပြီးတွင် စစ်ကောင်စီတပ်က မြောင်ခင်ရန်းရွာအပါအဝင် ပျူ​စောထီးရွာ ခုနစ်ရွာကို သေနတ် အလက် ၅၀၀ ခန့်ထပ်မံတပ်ဆပ်ပေးပြီး ခဲယမ်းအများအပြား ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

” G -3 အများဆုံး ချက်ချင်း ထောက်ပံ့သွားတာ။ ပြည်သူတွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေထပ်ပြီးတော့တိုးမြှင့်လုပ်ပါလို့သဘောဆောင်တယ်။မိစ္ဆာဆန်ဆန် ကျူးလွန်တဲ့ရွာကို အားပေးပြီး ပြည်သူပြည်သူချင်းသတ်ခိုင်းတာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည် ။

ဂန့်ဂေါမြို့ရှိ ပျူစောထီးအားကောင်းသည့်ရွာများဖြစ်သော ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ အရှေ့လယ်ကြီး၊ အ‌နောက်လယ်ကြီး၊ ဝင်ဝနှင့် မြောက်ခင်ရန်းရွာတို့ကို G-3 သေနတ် အလက် ၅၀၀ခန့်၊ လက်နက်ကြီးပစ်ကျည်များ၊ ကျည်ဆံများ အများအပြားကို စစ်ကောင်စီက ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု People’s Spring က စုံစမ်းသိရှိရသည်။

မြောက်ခင်ရန်းရွာသည်စစ်တပ်အရာရှိဟောင်း ဘူးလက်လှဆွေ၏ ဇာတိ ရွာဖြစ်သည်။ ဘူးလက်လှဆွေသည် မြောက်ခင်ရန်းရွာကို ပျူစောထီးရွာအဖြစ်ဖွဲ့စည်းထားပြီး ဘေးပတ်ဝန်းကျင်ရွာအချိူ့ကို ပျူစောထီးအဖြစ်စည်းရုံးခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၂၃ နိူဝင်ဘာလ ၇ရက်က မြောက်ခင်ရန်းရွာတိုက်ပွဲအတွင်း ဖမ်းမိသွားသည့် ယောကာကွယ်ရေးတပ်မှ ရဲဘော် ဖိုးတေနှင့်သားထောင်ကိုစစ်ကောင်စီနှင့်ပျုစောထီးများက ရွာအတွင်း အများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ရက်ကလည်း မြောက်ခင်ရန်းရွာမှ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဘေးပတ်ဝန်းကျင်ရှိ စစ်ကောင်စီကို မထောက်ခံသော သင်တော၊ရွှေဘိုနှင့်ရေသာရွာမှ အရပ်သားဆယ်ဦးကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ သေဆုံးသူများမှာ သင်တောရွာမှ ဦးမောင်ပု၊ဦးပြူးသာ၊ဦးဌေးအောင်၊ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ဦးသက်လွင်၊ဦးဘိုသန်း၊ ရွှေဘိုရွာမှဦးတိုးလွင်၊ဦးမျိုးသန့်၊ရေသာရွာမှဦးဇော်လင်းမောင်တို့ဖြစ်သည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ အထက်ပါ ပျူစောထီး ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

“မြောင်ခင်ရန်းအပါအဝင် ခုနစ်ရွာပဲ ပျုစောထီးရွာ ဖြစ်တာ။ ကျန်တာကတော့ ဘာဖြစ်ဖြစ်၊ ဘယ်လိုအခက်အခဲပဲကြုံကြုံ စစ်အာဏာရှင်ကို မထောက်ခံဘဲ အဆုံးအထိရပ်တည်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ရွာတွေဖြစ်တယ်။ အဓိကကတော့ စစ်ကောင်စီကလက်နက်တွေတပ်ဆင်ပေးပြီး ပြည်သူအချင်းချင်းသွေးကြောင်းစီးအောင်လုပ်နေတာကို ပျူ‌​စောထီးရွာတွေနားလည်ဖို့လိုနေတယ်” ဟု ဟု ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။