Connect with us

Hi, what are you looking for?

သတင်း

လွိုင်​ကော်မြို့သိမ်းတိုက်ပွဲ စစ်​ကောင်စီတပ်ထွက်​ပေါက်မရှိသည့် မြို့အတွင်းပိုင်းကိုဆုတ်ခွာ​နေရဟု KNDF ​ပြော

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

(လွိုင်​ကော်မြို့ ​​ပေါ် တွင် ​တွေရ​​သော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)
(လွိုင်​ကော်မြို့ ​​ပေါ် တွင် ​တွေရ​​သော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သည် စိုးမိုးနယ်မြေများအချိန်နှင့်အမျှ ဆုံးရှုံးနေပြီးထွက်ပေါက်မရှိသည့် မြို့အတွင်းဘက်ကို ဆုတ်ခွာနေရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောသည်။

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

(လွိုင်​ကော်မြို့ ​​ပေါ် တွင် ​တွေရ​​သော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)
(လွိုင်​ကော်မြို့ ​​ပေါ် တွင် ​တွေရ​​သော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

“ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းပြီး လိုအပ်တဲ့ ရလဒ်တစ်ခုကို ရနိုင်ဖို့ ကျနော်တို့တွေ အကောင်းဆုံး အာရုံစိုက်ထားကြရမှာပါ”ဟု အထက်ပါ တာဝန်ရှိသူက ဆက်​ပြောသည်။

ကရင်နီပြည်နယ်ကိုပြန်ယူရေး နှင့်ပြည်သူ့အစိုးရ တည်ဆောက်ရမည်ဆိုသည့် ရည်မှန်းချက်များ ဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ ရဲဘော်များသည် စစ်ကောင်စီ ကို တိုက်ခိုက်နေသည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် ကာကွယ်ခုခံရန် ၎င်းတို့၏ အခြေစိုက် စခန်း‌များနှင့် စစ်တန်းလျားများသာ ရှိတော့ကြောင်း KNDF တာဝန်ရှိသူက ပြောသည်။

(လွိုင်​ကော်မြို့ ​​ပေါ် တွင် ​တွေရ​​သော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)
(လွိုင်​ကော်မြို့ ​​ပေါ် တွင် ​တွေရ​​သော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

“ရန်သူတွေနဲ့ အိမ်နီးချင်းအနေအထားမှာ အနီးကပ်ဆုံးရှိနေကြတဲ့ ရှေ့တန်းစစ်မြေပြင်က ကရင်နီတပ်ပေါင်းစု ရဲဘော်တွေအများစုရဲ့တစ်နေ့တာကတော့ ကြုံဖူးခဲ့သမျှတိုက်ပွဲ တွေထက် ဖြတ်သန်းရတာ ပိုပြီးခက်ခဲကြမ်းတမ်းမယ်ဆိုတာ အဆောက်အုံအပျက်အစီးတွေကို မြင်ရင် သတိထားမိပါလိမ့်မယ်”ဟု လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၏ မြေပြင် အခြေအနေကို ၎င်းက ရှင်းပြသည်။

သို့သော် မပြီးဆုံးသေးသည့် တိုက်ပွဲမှ စမ်းသပ်မှု၊ စိန်ခေါ်မှုများကို ယိုင်လဲသွေဖယ်မသွားဘဲ ပြည် သူလူထုအတွက် ခိုင်ခံ့သော အကာအကွယ်ဖြစ်ရန် ပေါင်း စည်းရှေ့ဆက်ကြရန်လည်း တိုက်တွန်းထားသည်။

(လွိုင်​ကော်မြို့ ​​ပေါ် တွင် ​တွေရ​​သော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)
(လွိုင်​ကော်မြို့ ​​ပေါ် တွင် ​တွေရ​​သော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

လွိုင်ကော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သေ ဆုံးမှုမှာ ၂၀၀ ထက်မနည်း ရှိနေပြီး အလံဖြူ​ထောင်လက်နက်ချ​သောစစ်သုံ့ပန်းဆယ်နှင့်ချီ၍လည်းရှိခဲ့သာ်။ လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ၊ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၊အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ နှင့် ဘာသာရေးဘုရားကျောင်းများတွင် တပ်စွဲထားသည်။ ကရင်နီ​တော်လှန်​ရေးအဖွဲ့များကလည်းထိခိုက်​ကျဆုံးမှုရှိခဲ့သည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မ အခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ​ခြေလျင်တပ်ရင်းများဖြစ်​သော- ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ( ၅၄) ၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ရှိ သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်မြောက်ပိုင်းတွင် ချင်းပြည်ကောင်စီ အပြင် အခြားတော်လှန်ရေးတပ်များနှင့်ပါပူးပေါင်းစစ်ဆင်​နေ​ကြောင်းအသိ​ပေး

သတင်း

မကွေးတိုင်း၊ထီးလင်းမြို့အချုပ်ခန်း၌ စစ်​ကောင်စီက ဖမ်းဆီးချုပ်​နှောင်ထားသောပြည်သူ ၁၃ ဦး ထွက်ပြေးလွတ် မြောက်လာကြောင်းဒေသခံသတင်းရင်းမြစ်များကလူထုနွေဦးသို့ပြောသည်။

သတင်း

အာရက္ခတပ်‌တော်(AA) နှင့် ပူး​ပေါင်းတပ်များက တိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကို အမ်း-ပဒါန်းလမ်းပိုင်းရှိ စခန်းအချို့ထံ စစ်ကောင်စီက ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းတောင် နှင့် ကရင်နီပြည်နယ်ကိုချိတ်ဆက်ရာ မိုးဗြဲ မြို့ကို စစ်​ကောင်စီတပ်က မစ်ဇိုင်းဒုံး နှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ထိုးစစ်ဆင်လာ​သောကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။