Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့တွင် စစ်သားခြောက်ဦးလိုက်ပါလာသော အိမ်စီးကားတိုက်ခိုက်ခံရပြီး အားလုံးသေဆုံး

မတ်လ ၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်တွင် ကားတစ်စီးဖြင့်ထွက်လာသော ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသေးသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - PLA)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - PLA)

သေနတ်(၆)လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်

မန္တလေးတိုင်း၊ မြင်းခြံမြို့အထွက်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တစ်စီးအား ပစ်ခတ်တိုက်ခိုက်ရာ ယာဥ်ပေါ်ပါ စစ်သား ‌ခြောက်ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မတ်လ ၁၁ရက်) နံနက် ၁၁နာရီခန့်က မြင်းခြံမြို့မှ စစ်ကောင်စီတပ်သားများ လိုက်ပါလာသော အိမ်စီးကား Toyota Kluger အမျိုးအစားယာဥ်တစ်စီးအား ပစ်ခတ်တိုက်ခိုက်ရာ ယာဥ်ပေါ်ပါ ခြောက်ဦးလုံး သေဆုံးပြီး သေနတ် ၆လက်နှင့် ခဲယမ်းများ၊ အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း အမှတ်(၈၁၅)ပြည်သူ့လွတ်မြောက်ရေးတပ်မတော်PLA တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကြိုတင် စောင့်ဆိုင်းပြီး အငိုက်ဖမ်း ဝိုင်းပစ်ခတ်ခဲ့တာပါ။ ကားထဲမှာတော့ ဗိုလ်တစ်ယောက်ပါတယ်ပြောပါတယ်။ စုစုပေါင်း ခြောက်ယောက်ပါတာပါ။ အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းနဲ့ရော ပါတယ်လို့ပြောပါတယ်။ ရှင်းလင်းပြီး ဒီတိုင်းထားခဲ့ပါတယ်။သတင်းဓာတ်ပုံတွေရခဲ့ပေမယ့် ထုတ်ပြန်လို့ မရသေးပါဘူး။”ဟု PLA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် MA1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ G3 တစ်လက်၊ Type 81 တစ်လက် ၊ MA5 တစ်လက်အပြင် ကျည်နှင့်ကျည်ဘောက်များ၊ ဖုန်း လေးလုံး ၊ စကားပြောစက်တစ်လုံး၊ ငွေကျပ် ၅ ထောင်တို့ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးသည်။

တိုက်ခိုက်ခံရသည့် နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၈၁၅)PLA တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA) စုပေါင်းအင်အားနှင့် မြင်းခြံ 35 တပ်ဖွဲ့၊ BGF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်တွင် ကားတစ်စီးဖြင့်ထွက်လာသော ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။