Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းပြား တိုင်းဗဟို(၉)မှထွက်ပြေးသည့် စစ်ကောင်စီတပ်က ဓါးစားခံဖမ်းဆီးထားသူများထဲမှ လူငယ်များကို သတ်ဖြတ်ခဲ့​ကြောင်း လွတ်မြောက်လာ​သူ နှစ်ဦးပြော

(စစ်တပ်က ဓါးစာခံအဖြစ်ဖမ်းဆီးပြီး သားဖြစ်သူများကိုသတ်ဖြတ်ခံခဲ့ရသည့် ဦးခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့ကအ​တွေ့အကြုံကို​ပြောကြားစဥ်။ဓါတ်ပုံ-AA Info desk)
(စစ်တပ်က ဓါးစာခံအဖြစ်ဖမ်းဆီးပြီး သားဖြစ်သူများကိုသတ်ဖြတ်ခံခဲ့ရသည့် ဦးခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့ကအ​တွေ့အကြုံကို​ပြောကြားစဥ်။ဓါတ်ပုံ-AA Info desk)

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် တိုင်းဗဟို(၉)ဟုခေါ်ဆိုသည့် အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် လမ်းတွင်​​တွေ့​​သောပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီး၍ ၎င်းတို့ထဲမှ လူငယ်များကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်သူများကိုလည်း နှိပ်စက်ကာ သတ်ဖြတ်ရန် စီစဉ်​နေစဥ် ရက္ခိုင့်တပ်တော်(AA)က ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ အချို့က ပြောကြားသည်။

တိုင်းဗဟို(၉)အပါအဝင် ထွက်ပြေးရန် ကြိုးစားသည့် စစ်ကောင်စီတပ်များကို လိုက်လံဖမ်းဆီးရာ တိုင်းဗဟို(၉) အုပ်ချုပ်ရေးဌာနမှူးဖြစ်သော ဒုဗိုလ်မှူးကြီး ရဲထွဋ်ထင်း နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို မတ်လ ၈ရက်တွင် အသေဖမ်းမိခဲ့ကြောင်း၊ အဆိုပါ ဗိုလ်မှူးနှင့်အဖွဲ့သည် လမ်းတလျောက် ကျေးရွာများမှ ပြည်သူ ၂၀ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ပြည်သူများကို ကယ်တင်နိုင်ခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

မင်းပြားမြို့နယ် တိုင်းဗဟို(၉)မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူများအနက် မင်းပြားမြို့နယ် စပါးထားရွာမှ ဒေသခံ နှစ်ဦး၏ အတွေ့အကြုံများ ပြောကြားချက် ရုပ်သံကို ရက္ခိုင့်တပ်တော်(AA)ကမတ် ၁၅ ရက်မနက်အ​စောတွင် ထုတ်ပြန်ခဲ့သည်။

ဝါးခုတ်သွားစဉ် စစ်ကောင်စီနှင့် တိုးပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ ဦးခင်ရွှေနှင့် ဦးမောင်သန်းမြင့် တို့က ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်တပ်က ဓါးစာခံအဖြစ်ဖမ်းဆီးပြီး သားဖြစ်သူများကိုသတ်ဖြတ်ခံခဲ့ရသည့် ဦးခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့ကအ​တွေ့အကြုံကို​ပြောကြားစဥ်။ဓါတ်ပုံ-AA Info desk)
(စစ်တပ်က ဓါးစာခံအဖြစ်ဖမ်းဆီးပြီး သားဖြစ်သူများကိုသတ်ဖြတ်ခံခဲ့ရသည့် ဦးခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့ကအ​တွေ့အကြုံကို​ပြောကြားစဥ်။ဓါတ်ပုံ-AA Info desk)

စစ်ကောင်စီတပ်သည် ဓါးစာခံအဖြစ်ဖမ်းဆီးထားသူများကို ရေဘူးများထမ်းခိုင်းခြင်း အပါအဝင် ရိက္ခာများ သယ်ခိုင်းခဲ့ကြောင်း၊ သို့ရာတွင် ဓါးစာခံများအနေဖြင့် ကိုယ်သယ်လာသည့် ရေနှင့် ရိက္ခာကို စားခွင့်မရကြောင်း လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။ထို့ပြင် စစ်ကောင်စီက ဦးခင်ရွှေနှင့် ဦးမောင်သန်းမြင့်တို့၏ သားများကိုလည်းနှိပ်စက၍သတ်ဖြတ်ခဲ့ဟု ပြောသည်။

“ကျနော်တို့ သွားတဲ့အချိန်မှာ ကျနော့်သားတွေလည်း ပါပါတယ်။ ကျနော်သား နှစ်ယောက်ကို သတ်လိုက်ကြပါတယ်။ သားတစ်ယောက် သားမက်တစ်ယောက်ပါ” ဟု ဦးခင်ရွှေက ပြောသည်။

သားဖြစ်သူ ​နေမျိုးချစ်မှာ အသက် ၁၆နှစ်သာရှိသေးပြီး၊ သားမက်ဖြစ်သူ ​ကျော်​အေးလှိုင်မှာအသက် ၃၃နှစ်ဖြစ်ကြောင်း၊ ၎င်းတို့ ကို စစ်ကောင်စီက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ပြောပြသည်။

ဦးမောင်သန်းမြင့်၏ သားမှာလည်း အသက် ၁၈ နှစ်အရွယ်သာရှိ​သေးပြီးအမည်မှာ ​ကျော်ဝင်းဖြစ်​ကြောင်းသိရသည်။

ဦးခင်ရွှေ၊ ဦးမောင်သန်းမြင့်တို့အပါအဝင် ကျန်သူများကို သတ်ဖြတ်ရန် စစ်ကောင်စီက စီစဉ်ထားသော်လည်း AAက အချိန်မီလာရောက်ကယ်ဆယ်ခဲ့၍ လွတ်မြောက်လာခြင်းဖြစ်သည်ဟု ပြောသည်။

“ဗိုလ်မှူး အဘ ဆိုတဲ့သူကို ရှေ့တန်းပွိုင့်သမားက အဘ နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင်တော့ ရထားပြီ။ လူ ၁၀ယောက်ကို ဘယ်လိုလုပ်မလဲ ။ဘယ်သူ့ကို အရင်သတ်မလဲဆိုတာမေးပါတယ်။ အဲဒီလိုမေးတဲ့အခါ အဘ ဆိုတဲ့ တစ်ယောက်က နွားကို ပထမဆုံးသတ်ရမယ်။ ငါတို့မှာ ရက္ခာများများရဖို့လိုတယ်။ စားရဖို့လိုတယ်။ မနက်မိုးလင်းတာနဲ့ လူတွေကိုသတ်မယ်လို့ ပြောပါတယ်။ မိုးမလင်းခင် ကျနော်တို့ကို နောက်ပြန်ကြိုးချည်ပြီး မထင်းမကျွေးဘဲ ချည်နှောင်ထားပါတယ်။ကျနော်တို့အနားမှာလည်းပတ်ပတ်လည် ကျည်ထိုးပြီးတော့ ၀ိုင်းစောင့်ပြီး အိပ်နေကြပါတယ်” ဟု ဦးခင်ရွှေက ပြောပြသည်။

မနက် အစောတွင် ရက္ခိုင့်တပ်​တော်​ရောက်လာပြီးတိုက်ပွဲဖြစ်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားရာ ပေါ်တာပါ ဟု AAဟု အသိပေးရာ AAက လုံခြုံသည့်နေရာကို ထားရှိရန် ခေါ်သွား၍ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်း၏ သားများကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီကို မကျေနပ်ကြောင်း AA အနေဖြင့် ထိရောက်စွာ အရေးယူသည်ကို လိုလားကြောင်း ဦးခင်ရွှေက ပြောသည်။

ဦးမောင်သန်းမြင့်ကလည်း စစ်ကောင်စီအနေဖြင့် ၎င်း၏ သားဖြစ်သူကို မျက်စိ ရှေ့၌ပင် နှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ပြောပြသည်။

“ကျနော့်ရှေ့မှာတင် ပုံစံအမျိုးမျိုးနဲ့ ရိုက်နှက်ပါတယ်။ကျနော်သားကို ရိုက်နှက်တာတွေ ကျနော်လုံး၀ မကြည့်ရက်ခဲ့ပါဘူး။ကျနော်သားလေးဟာ ဒီနှစ်မှ အသက် ၁၈နှစ် ပြည့်တာပါ ကျနော့်သားလေးနာမည်က ဦးကျော်ဝင်းပါ။ကျနော့်သားလေးကို ကျနော့်ရှေ့မှာတင် ရက်ရက်စက်စ ရိုက်နှက်နေတာတွေကို ကျနော် မျက်ရည်စက်လက်နဲ့ ကြည့်နေခဲ့ရပါတယ်။ကျနော်သားကို စစ်ကောင်စီက လုံး၀ ထမင်းမကျွေးဘူး။ ဒီလောက် ချမ်းလွန်းတဲ့အချိန် တောကြီးမျက်မည်းထဲမှာ လက်ပြန်ကြိုးတုပ်ရိုက်နှက်ယူဆောင်လာပြီးတော့ နောက်ဆုံးမှာ ကျနော့်သားလေး ပစ်သတ်ခံလိုက်ရပါတယ်” ဟု ဦးမောင်သန်းမြင့်က ပြောသည်။

သားဖြစ်သူကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီကို လုံး၀ မကျေနပ်ကြောင်း ၊ AA အနေဖြင့် စစ်ကောင်စီကို ထိရောက် စွာ အရေးယူပေးရန် တောင်းဆိုလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။