Connect with us

Hi, what are you looking for?

သတင်း

တောင်ငူလေတပ်စခန်းတိုက်ခိုက်မှု နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရဟု တိုက်ခိုက်သည့်အဖွဲ့ပြော

ရှော့တိုက်ဒုန်းများပစ်ခတ်ချိန်၌ ဗိုလ်မှူးအဆင့်‌အ ရာရှိသူအဖွဲ့ လေယာဉ်လာရောက်စစ်ဆေးနေချိန်ဖြစ်‌သောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

(တောင်ငူမြို့ရှိ တောင်ငူလေတပ်ဌာနချုပ်အား ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - ​ပေးပို့ )
(တောင်ငူမြို့ရှိ တောင်ငူလေတပ်ဌာနချုပ်အား ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - ​ပေးပို့ )

တောင်ငူမြို့ရှိ လေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ဗိုလ်မှူးအဆင့်လေတပ်အရာရှိအပါအဝင်‌ လေးဦးဒဏ်ရာရရှိကာ လေယာဉ်နှစ်စီးပျက်ဆီးမှုရှိကြောင်း ယင်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် Mountain Knights Civilian Defense Force (MKCDF)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“တောင်ငူလေတပ်ကိုပစ်ခတ်မှုကြောင့် ထိခိုက်မှုအနေနဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး၊ ဗိုလ်မှူးအဆင့်ရှိ လေတပ်အရာရှိတစ်ဦးနှင့် အငယ်တန်းစစ်ကောင်စီလေတပ်ဖွဲ့ဝင် သုံးဦးပြင်းထန်စွာထိခိုက်ခဲ့ပါတယ်၊ MKCDF ကရဲဘော်တွေ ရှော့ဒုံးပစ်လိုက်တဲ့အချိန်မှာ လေတပ်လေဆိပ်မှာ လေယာဥ်နှစ်စီးက ယှဥ်ရပ်ထားချိန်ဖြစ်နေတယ်၊ တစ်စီးကိုတည့်တည့်ထိသွားလို့ တော်တော်ထိခိုက်ပျက်စီးသွားတယ်၊ နောက်တစ်စီးကတော့ အတောင်ပံနဲ့ အခြားနေရာအတော်များများကိုထိသွားတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ရှော့တိုက်ဒုန်းများပစ်ခတ်ချိန်၌ ဗိုလ်မှူးအဆင့်‌အ ရာရှိသူအဖွဲ့ လေယာဉ်လာရောက်စစ်ဆေးနေချိန်ဖြစ်‌သောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အခြားအဆင့်ငါးဦးမှာလည် လေယာဉ်ဆီဖြည့် ၊ သန့်ရှင်းရေးစသည့် လေယာဉ်ကြံ့ခိုင်ရေးအတွက် လုပ်ဆောင်သူများဖြစ်ပြီး နှစ်ဦးမှာ ဆေးရုံး၌ သေဆုံးသွားကာ သုံးဦးမှာ ဒဏ်ရာပြင်းထန် သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများအား လေကြောင်းတိုက်ခိုက်မှုအဓိကလုပ်ဆောင်နေသည့် တောင်ငူလေတပ်စခန်းကို Brave Warriors for Myanmarအဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF)အဖွဲ့က မတ်လ ၁၄ ရက် ည ၉ နာရီ ‌၄‌၄ မိနစ်တွင် (၁၀၇) မမ ရှော့တိုက်ဒုန်းငါးလုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ကို သုံးလုံးထိမှန်ခဲ့ပြီး နှစ်လုံးမှာ ပစ္စည်းချို့ယွင်းမှူဖြစ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

“တောင်ငူလေတပ်ကိုယခုလိုထိထိရောက်ရောက်ပစ်ခတ်နိုင်တာဟာ၊ ယခုကဲ့သို့ထိရောက်တဲ့မစ်ရှင်ကြီးကိုအောင်အောင်မြင် မြင်ဖော်ဆောင်နိုင်တာဟာ MKCDFက ရဲဘော် တွေရဲ့ စွန့်စွန့်စားစားကြိုးစားမှုနဲ့ အရည်အချင်းကြောင့် အဓိက ဖြစ်တယ်ဆိုတာကိုလည်း ပြောချင်ပါတယ်၊ ရဲဘော်တွေအတွက် ဂုဏ်ယူပါတယ် ကျေးဇူးလည်းတင်ပါတယ်”ဟု Brave Warriors for Myanmar အဖွဲ့၏တာဝန်ရှိသူက ပြောသည်။

အထက်ပါထိခိုက်မှုအခြေအနေများနှင့်ပတ်သတ်၍ People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် ရှော့တိုက်ဒုန်းတိုက်ခိုက်မှုများကို အဓိကလုပ်ဆောင်သည့် အဖွဲ့ဖြစ်ပြီး ၂၀၂၃ နှစ်အတွင်းက နေပြည်တော် အေလာလေတပ်စခန်းနှင့် မကွေးလေတပ်စခန်းများကိုလည်း ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။