Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ရဲ​ဘော်များ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူပြီး တိုင်းစစ်ဌာနချုပ်အတွင်း ဝင်​ရောက်တိုက်ခိုက်

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

(ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ရဲဘော်များ တိုက်ခိုက်ခဲ့သည့် နေရာအား ပြသထားစဥ်။)
(ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ရဲဘော်များ တိုက်ခိုက်ခဲ့သည့် နေရာအား ပြသထားစဥ်။)

▪️စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ပြော

ဒီးဒီ/People’s Spring

ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များသည် တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ယနေ့ သောကြာ​နေ့ ​နေ့လယ်​ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့် အ​ဝေးထိန်းမိုင်းဖြင့် ​​အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်ပကဖ(အထူး​ထောက်လှမ်း​ရေးအဖွဲ့)အသွင်ယူ ရဲ​ဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ စစ်​​ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာ​ရောက်မည်ဖြစ်​ကြောင်း၊ ၎င်းအပါအဝင် စစ်​ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့​တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ ​လာ​ရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျ ​ပေးပို့လာသည့်အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူဝင်​ရောက်ပြီးအချိန်မီ တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီ၏ ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြား​​ကြောင်းသိရပြီး ​သေဆုံးစာရင်းကို အတိအကျမသိရ​သေး​​​ဟု ဆက်လက်ပြောသည်။ ဖြစ်စဥ်နှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်မှု ပေါက်ကွဲသံကို ​ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိတိုင်းစစ်ဌာနချုပ်အတွင်းသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွား​ကြောင်း သိရသည်ဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြောသည်။

ရန်ကုန်ပကဖသည် စစ်မှုထမ်းဥပ​ဒေကို ထုတ်ပြန်ပြီး ပြည်သူအ​ပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး၊ နိုင့်ထက်စီးနင်းပြုမူ​လျက် အာဏာကိုအလွဲသုံးစားလုပ် ​ငွေညှစ်၊ အကြပ်ကိုင်မှုများ၏ အဓိက​ခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီ၏ နောက်လိုက်​နောက်ပါ၊ ​ထောက်တိုင်၊ သတင်း​ပေး၊ တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကွက်၊​ကျေးရွာ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်​နေသူများကိုလည်း ပြည်သူအ​ပေါ်ဆက်လက်​မောက်မာကျူးလွန်မှုများ ရှိ​နေ​ကြောင်း ​တွေ့ရပါက စနစ်တကျ​လေ့လာပြီး အပြီးသပ်​ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်​ဆောက်ရွက်သွားမည်ဖြစ်​ကြောင်းအသိ​ပေးအပ်သည်ဟု သတိ​ပေးထားသည်။

ဖေဖော်ဝါရီနှင့် မတ်လ နှစ်လအတွင်းမှာပင် ရန်ကုန်မြို့တွင်ရှိသည့် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာ ၁၈နေရာအထိ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများအနက် အကြီးဆုံးပြစ်မှတ်အနေဖြင့် ငါးခုပါဝင်ခဲ့သည်။

လေယာဥ်ဆီတင် MVသင်္ဘော ဖောက်ခွဲတိုက်ခိုက်မှု၊ MEC အရာရှိများ နေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်မှု၊ Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်မှာရှိ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက်နှင့် ယခု ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာအတွင်း ဝင်ရောက်တိုက်ခိုက်မှုတို့ ဖြစ်သည်။

“ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များ​၏ တိုက်ခိုက်မှုများ”

▪️ဖေဖော်ဝါရီ ၇ – မြေနီကုန်းတံတားအောက် စစ်တပ်ဘန်ကာဖောက်ခွဲတိုက်ခိုက်(Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့)

▪️ဖေဖော်ဝါရီ ၉ – မင်္ဂလာဒုံလေဆိပ်အနီး စစ်ကောင်စီဂိတ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်(Operation Flame – OF)

▪️ဖေဖော်ဝါရီ ၁၃ – လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း (၉) အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ(Dark Shadow တပ်ဖွဲ့)

▪️ဖေဖော်ဝါရီ ၁၈ – လှိုင်သာယာမြို့နယ် (၁၂)နှင့် (၉)ရပ်ကွက်ရုံးအနီး ဗုံးများပေါက်ကွဲ(မသိရ)

▪️ဖေဖော်ဝါရီ ၂၁ – လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် တရုတ်စားသောက်ဆိုင်ကို မိုင်းခွဲတိုက်ခိုက် (Dark Shadow တပ်ဖွဲ့)

▪️ဖေဖော်ဝါရီ ၂၄ – လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးနှင့် ပျူစောထီးများ စုဝေးရာနေရာ ဖောက်ခွဲတိုက်ခိုက်ခံရ (ရန်ကုန်တိုင်း မြောက်ပိုင်း-ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

▪️ဖေဖော်ဝါရီ ၂၆ – မင်္ဂလာဒုံစစ်ဆေးရုံလုံခြုံရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်(Dark Shadow)

▪️ဖေဖော်ဝါရီ ၂၇ – မရမ်းကုန်းမြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ(Yangon Victory Force အဖွဲ့)

▪️ဖေဖော်ဝါရီ ၂၈ – Mytel ရုံးချုပ် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်( Yangon Army၊ အနောက်ပိုင်းခရိုင် ပကဖ)

▪️မတ်လ ၁ – လေယာဥ်ဆီတင် MVသင်္ဘောအား ဖောက်ခွဲတိုက်ခိုက် (ရန်ကုန်တိုင်းပကဖ – ​​ရေငုပ်အထူးတပ်ဖွဲ့)

▪️မတ်လ ၁ရက် – Zeroမိုင်တိုးဂိတ်ရှိ ယာဉ်ထိန်းရဲများအား တိုက်ခိုက်(Yangon Army၊ အနောက်ပိုင်းခရိုင် ပကဖ)

▪️မတ်လ ၈ – အင်းစိန်မြို့နယ်ရှိ‌ လေတပ်အိမ်ရာဝင်း ပစ်ခတ်တိုက်ခိုက် (Urban Special Force U.S.F – မြို့ပြအထူးတပ်ဖွဲ့)

▪️မတ်လ ၁၀ – MEC အရာရှိများနေထိုင်သည့် မြဝတီအရာရှိရိပ်သာ ဖောက်ခွဲတိုက်ခိုက်(ရန်ကုန်တိုင်း ပကဖ အထူးတပ်ဖွဲ့)

▪️မတ်လ ၂၂ – ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာဝင်ရောက်တိုက်ခိုက်(ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့))

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။