Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ လေးရွာ မီးရှို့ဖျက်ဆီး၊ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကို ပစ်သတ်

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetlet Informational Network)
(မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetlet Informational Network)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ လေးရွာအား မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၅၀ငကျော် ဆုံးရှုံးပြီး ဝင်ရောက်မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုပါ သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၃၀ရက်မှ ဧပြီ ၁ရက်အတွင်း မတ္တရာမြို့နယ်အနောက်ခြမ်းမှ ဧရာဝတီမြစ်ကူး၍ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာသို့ ရိက္ခာပို့မည့်စစ်ကြောင်းက ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetlet Informational Network)
(မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetlet Informational Network)

အဆိုပါ စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ထိန်ပင်စောက် ကျေးရွာမှ နေအိမ် ၇၅လုံး၊ မြွေကူးတို့ဆိပ်ရွာမှ နေအိမ် ၅လုံး၊ ဥဒိန်ရွာမှ နေအိမ် ၆၇လုံးနှင့် မြွေတဲအုပ်ရွာမှ နေအိမ် လေးလုံးတို့ မီးရှို့ဖျက်ဆီးခံရကြောင်း Wetlet Informational Network အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

“မီးငြှိမ်းတာကို ပစ်သတ်ခံရတာကနာမည်က ဦးကျော်ကျော်ဦး၊ အသက် ၅၀ကျော်ပါ။ ဥဒိန်ရွာက တစ်ဦးလည်း ပျောက်ဆုံးနေတယ်။”ဟု Wetlet Informational Network အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetlet Informational Network)
(မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Wetlet Informational Network)

မတ်လ ၃၁ ရက်က အဆိုပါ စစ်ကြောင်းနှင့် ဒေသတွင်း PDFများမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ္မကားနယ်မြေရဲစခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဝင်များ ထိခိုက်မှုရှိပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က တစ်ရက်တည်း ကျေးရွာ ငါးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ကျော် မီးလောင်ပျက်စီးခဲ့သည်။

တော်လှန်ရေးအားကောင်းသော မတ္တရာမြို့နယ်သည် စစ်တပ်၏ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုများအား အာဏာသိမ်းကာလတလျှောက် ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ နှစ် ကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်က ပိုမိုအရှိန်မြှင့်၍ ပြင်းထန်စွာ ဖိနှိပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။