Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့​စောင့်တပ်ခလရ ( ၂၇၅ )စခန်းကိုစွန့်ခွာထွက်​ပြေး

ခလရ (၂၇၅ ) မှစစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းတိုက်ခိုက်ခံရပြီး တစ်ရက်ခွဲခန့်အကြာတွင် ဧပြီ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်တွင်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြခြင်းဖြစ်​ကြောင်း စစ်​ရေးရင်းမြစ် နှစ်ခုက​ပြောကြားသည်။

(ခလရ ၂၇၅ စခန်း​ရှေ့ကို​တွေ့ရစဥ် (ပုံအ​ဟောင်းဖြစ်ပါသည်)။ဓါတ်ပုံ-CJ)
(ခလရ ၂၇၅ စခန်း​ရှေ့ကို​တွေ့ရစဥ် (ပုံအ​ဟောင်းဖြစ်ပါသည်)။ဓါတ်ပုံ-CJ)

▪︎လက်နက်ခဲယမ်းများစွာသိမ်းဆည်ရရှိ​ကြောင်းစစ်​ရေးရင်ူမြစ်​ပြော၊မြဝတီမြို့နယ်တွင် စစ်​ကောင်စီတပ်စခန်းမကျန်​တော့​ပေ

​နေ့သစ်/People’s Spring

မြဝတီမြို့စောင့်တပ် ခလရ ( ၂၇၅) တပ်ရင်းမှစစ်​ကောင်စီတပ်ဖွဲ့ဝင်များ စခန်းအား ယမန်​နေ့ (ဧပြီ ၁၀ )ညတွင် စွန့်ခွာထွက်​ပြေးသွားပြီဖြစ်​ပြီး ​တော်လှန်​ရေးတပ်ဖွဲများစခန်းကိုသိမ်းဆည်းနိုင်ပြီဖြစ်ကြောင်း ကရင်စစ်​ရေးသတင်းရင်းမြစ်အချို့က အတည်ပြု​ပြောကြားသည်။

ခလရ (၂၇၅ ) မှစစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းတိုက်ခိုက်ခံရပြီး တစ်ရက်ခွဲခန့်အကြာတွင် ဧပြီ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်တွင်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြခြင်းဖြစ်​ကြောင်း စစ်​ရေးရင်းမြစ် နှစ်ခုက​ပြောကြားသည်။

KNLA ဦး​ဆောင်​သော ​တော်လှန်​ရေးပူး​ပေါင်းတပ်က ခလရ ( ၂၇၅ ) ကိုဧပြီ ၉ ရက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၉ ရက်ညတွင် တစ်ညလုံးနီးပါးတိုက်ပွဲပြင်းထန်ခဲ့​ကြောင်း ​ဒေသခံနှင့်စစ်​ရေးရင်းမြစ်များက​ပြောသည်။ ဧပြီ ၁၀ ရက်တွင်လည်း​တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး ယမန်​နေ့( ဧပြီ၁၀ ရက်) ည ၈ နာရီ​နောက်ပိုင်းမှစ၍ ပစ်ခတ်သံများမကြားရ​တော့​​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“၈ နာရီ ​နောက်ပိုင်းကစပြီး ပစ်ခတ်သံ​တွေ မကြားရ​တော့တာ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

ည ၁၀ နာရီ ​နောက်ပိုင်းတွင် ​တော်လှန်​ရေးတပ်ဖွဲ့များက ခလရ (၂၇၅)အတွင်းဝင်​ရောက်ရာတွင် စခန်းတွင် စစ်​​ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်​ပြေးသွားပြီး မရှိ​တော့​ခြင်းဖြစ်ကြောင်းKNU နီးစပ်​သော စစ်​ရေးရင်းမြစ်က​ပြောသည်။

“ည၁၀ နာရီ​ကျော်မှ ည ဆုတ်သွားတာလို့ အတည်ပြုတယ်”ဟု KNU နှင့်နီးစပ်​သောစစ်​ရေးရင်းမြစ်ကအတည်ပြုသည်။

“ပစ္စည်း​တွေ (လက်နက်ခဲယမ်းများ)အများကြီးရတယ်လို့သိရတယ်”ဟုအခြားစစ်​ရေးရင်းမြစ်က​ပြောသည်။

ထို​ကြောင့်မြဝတီမြို့နယ်တွင်စစ်​ကောင်စီတပ်မကျန်​တော့ဘဲ ​​KNLA ဦး​ဆောင်​သောတော်လှန်​ရေးတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်သည်။

စစ်​ကောင်စီတပ်များဆုတ်ခွာသွားပြီး​နောက် BGF က​ယမန်​နေ့(ဧပြီ ၁၀)ညတွင် ဝင်​ရောက်နေရာယူထား​ကြောင်းလည်း စစ်​ရေးရင်းမြစ်က​ပြောပြီး ယ​နေ့မနက်အ​ခြေအ​နေကို People’s Spring က စုံစမ်း​နေဆဲဖြစ်သည်။​

ကရင်နယ်ခြားစောင့်တပ်(BGF)သည်ယခင်ကစစ်​ကောင်စီတပ်လက်​အောက်ခံဖြစ်​သော်လည်း ၂၀၂၄ ဇန်နဝါရီ လမှစ၍စစ်တပ်ထံမှ လစာနှင့်​ထောက်ပံ့မှုမယူတော့ဘဲသီးခြားရပ်တည်​ကြောင်း​ကြေညာထားသည်။ထို​နောက် BGF အမည်မှ ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA) အဖြစ်ပြောင်းလဲဖွဲ့စည်းမည်ဟုတာဝန်ရှိသူများကမီဒီယာသို့​​ပြောကြားထားသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုအ​ခြေအ​နေ ၊လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်မှုအ​ခြေအ​နေ အ​​သေးစိပ်ကိုမူ မသိရ​သေး​ပေ။

မြဝတီတိုက်ပွဲသတင်းကို ​မဲ​ဆောက်မြို့မှ တိုက်ရိုက် တင်ဆက်​နေ​သောထိုင်းသတင်းဌာန The Reporters ကလည်း ယ​နေ့နံနက် ၆ နာရီ​ကျော်တွင် ခလရ ၂၇၅ ကို ပူး​ပေါင်းတပ်များ​အောင်မြင်စွာသိမ်းပိုက်နိုင်ပြီဖြစ်​ကြောင်း ​ဖော်ပြသည်။မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကုန်သွယ်​ရေးအတွက် အဓိကမြို့ဖြစ်​သော မြဝတီမြို့ တိုက်ပွဲသတင်းများကို ထိုင်းသတင်းဌာနများက စိတ်ဝင်တစား ဖြင့်အနီးကပ်​စောင့်ကြည့် သတင်းရယူ​​​ဖော်ပြကြသည်ကိုလည်း​တွေ့ရသည်။

KNLA ၊ PDF နှင့်ပူး​ပေါင်းတပ်များမှာ ဧပြီ ၅ ရက်တွင် သဃ်န်းညီ​နောင် ဗျူဟာနှင့် ခလရ ၃၅၇ ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ မြဝတီမြို့အနီး​နောက်ဆုံးကျန်​သော ခလရ ၂၇၅ ကို ဧပြီ ၆ ရက်မှစ၍ အလံဖြူ​ထောင်လက်နက်ချရန် ​​ပြော​သော်လည်းလက်နက်မချ၍ ဧပြီ ၉ ရက်တွင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီက ခလရ (၂၇၅)ကိုစစ်ကူရန်အတွက် စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာကား ရှစ်စီး နှင့် ကားအစီးရေ ၂၂စီး စုစု​ပေါင်းယာဥ်အစီး ၃၀ဖြင့် ခန့်မှန်းအင်အား ၃၀၀ခန့်ပါရှိသော ယာဥ်တန်းအား မော်လမြိုင်မြို့မှတစ်ဆင့် ဧပြီ ၉ ရက်တွင် ​စေလွှတ်ခဲ့ရာ ယမန်​နေ့ည​နေတွင် တော်လှန်ရေးအဖွဲ့များက ဂျိုင်းတံတားတွင် စတင် တိုက်ခိုက်ခဲ့သည်။ ၎င်းတိုကူရန်လာ​သော ခလရ ၂၇၅မှာကျသွားပြီဖြစ်ပြီး အဆိုပါစစ်ကူကားတန်းမှာ ယ​နေ့မနက်တွင် မည်သည့်​နေရာရောက်ပြီကိုမသိရ​သေး​ပေ။

အဆိုပါကားတန်းကို ဆီကြိုးတိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်းလည်းကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောသည်။

(​နောက်ဆက်တွဲသတင်းများကိုဆက်လက်​ဖော်ပြပါမည်)

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။