Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ဦးတည်နေသည့်စစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးကို တော်လှန်ရေးအဖွဲ့များဖျက်ဆီး

“ ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်” ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

(ကော့ကရိတ်မြို့မှတဆင့် မြဝတီမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သားများအား ယနေ့ ဝေဟင်မှမြင်တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(ကော့ကရိတ်မြို့မှတဆင့် မြဝတီမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သားများအား ယနေ့ ဝေဟင်မှမြင်တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)

▪️တိုက်ပွဲပြင်းထန်နေပြီး သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၆၀ခန့်သေဟု ကျားဖြူစစ်ကြောင်း ပြော

“ ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်” – ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ဆက်လက်တိုက်ပွဲပြင်းထန်နေပြီး ယနေ့တွင် မြဝတီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီတပ်၏ သံချပ်ကာယာဥ်တစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး သုံရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ခန့်သေဆုံးကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောသည်။

“ ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်” ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ဧပြီ ၁၁ရက်က ရောက်ရှိလာသည်။ ဧပြီ ၁၂ရက်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရောက်ရှိလာ၍ ‌တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးနေရာယူထားသည့် နေရာအချို့မှ ဆုတ်ခွာပေးလိုက်ရကြောင်း သတင်းရရှိသည်။

ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။ ထို့အပြင် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က စိုးမိုးထားသည်ဟု ဆိုသည်။

ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်းရှေ့ဆက်မတိုးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါတံတားအား ဖျက်ဆီးခဲ့သည်။

“ သူတို့က တံတားထိုးတဲ့ကားတွေပါ ပါလာတာ” ဟု ကော့ကရိတ်မြို့နယ်ရှိ PDF ဒရုန်းစစ်ကြောင်းတစ်ခုမှ စစ်ကြောင်းမှူးက ပြောသည်။

ယနေ့တွင်လည်း ၃ရက်မြောက်အဖြစ် အဆိုပါ စစ်ကြောင်းအား တောင်ပိုင်းတိုင်း စစ်ဒေသအမှတ်(၃၂)ဗျူဟာမှူး ဗိုလ်ဒါဘောဦးဆောင်သော ကော်ဘရာစစ်ကြောင်းက ယာဥ်တန်းမှ သံချပ်ကာယာဥ်တစ်စီးအား ဖျက်ဆီးနိုင်ခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

မြဝတီမြို့သို့ ဦးတည်လာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် သံချပ်ကာယာဥ် နှစ်စီးပါရှိပြီး တစ်စီးအား ဖျက်ဆီးခဲ့ခြင်းဟု ဆိုသည်။ ထို့အပြင် အဆိုပါ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များ၏ သုံးရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၆၀ခန့် သေဆုံးမှုရှိသည်ဟု ဗိုလ်ကျော်ဟိန်းက ခန့်မှန်းသည်။

“ သူတို့တော်တော်လေး အထိနာတယ်။ ဒီနေ့ သူတို့ ၃၀လောက်သေတယ်။ အခု ပူးပေါင်းစစ်ကြောင်းတွေ ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်” ဟု ဗိုလ်ကျော်ဟိန်းက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်သွားမည်ဟု PDF စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

ဧပြီ ၁၂ရက် ညက စစ်ကောင်စီစစ်ကြောင်းသည် မစ်ဇိုင်းဒုံးကျည်များဖြင့် မနားတမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်းနှင့် ‌မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ရဲဘော်များထိခိုက်မှုမရှိစေရန် မြို့၌ နေရာယူစိုးမိုးထားသော နေရာအချို့မှ ဆုတ်ခွာပေးရခြင်းဟု ရဲဘော်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းပြုလုပ်မယ်လို့ထုတ်ပြန်ခဲ့တဲ့အပေါ်ကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) ဗျူဟာမှူးရဲဘော်စောဒါးကိုကကြိုဆိုခဲ့ပြီးဒါဟာ ကျဆုံးထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို အသိအမှတ်ပြုဖို့ ဖြစ်သလို တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်စိတ်ခွန်အား ဖြစ်စေကြောင်း အသိပေးပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ ‌တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆုတ်ခွာသွားလို့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ သတင်းရရှိပါတယ်။

သတင်း

သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။