Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် ယခုနှစ်အတွင်း အရပ်သား ရှစ်ဦးထက်မနည်း သေဆုံး၊ ၃၀ခန့် ဒဏ်ရာရ

စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။

(မင်းတပ်မြို့နယ် တိုက်နယ်(၁၃)ဘက်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို ဧပြီလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့နယ် တိုက်နယ်(၁၃)ဘက်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို ဧပြီလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)

▪️လေကြောင်း၊ လက်နက်ကြီး၊ မိုင်းကြောင့် ထိခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၅၀လုံးကျော် ပျက်စီး

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့ရာ ယခု ၂၀၂၄အတွင်း အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

စစ်ကောင်စီက မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ တိုက်ပွဲမရှိဘဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ပြည်သူ ရှစ်ဦးသေဆုံးကာ ၂၈ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

၂၀၂၄ ဇန်နဝါရီမှ မတ်လကုန်အထိ လေကြောင်း တိုက်ခိုက်မှု ၂၅ကြိမ် ပြုလုပ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ နှစ်ဦး ၊ ရဲဘော်တစ်ဦးသေဆုံးကာ ပြည်သူ ၁၁ဦး၊ ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(မင်းတပ်မြို့နယ် တိုက်နယ်(၁၃)ဘက်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို ဧပြီလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့နယ် တိုက်နယ်(၁၃)ဘက်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို ဧပြီလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ – Hkl-Mindat)

ဇန်နဝါရီ ၂၉ရက်တွင် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်၀မြို့နယ် နှုမ်းရွာမှ ဆိုင်ကယ် ကယ်ရီ သမား ၆ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟုလည်း မင်းတပ် CDFက အသိပေးထားသည်။

ဧပြီလဆန်းပိုင်းကလည်း သုံးရက်ဆက် လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှုရှိခဲ့သည်။

ဧပြီ ၂ရက် လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူများ နေထိုင်ရာ ရွာအတွင်း ပေါင် ၅၀၀ ဗုံးနှင့် မီးလောင် ဗုံးအပါအဝင် ဗုံး ၁၀လုံးခန့် ကြဲချခဲ့၍ အရပ်သားထိခိုက်မှုရှိခဲ့သည်ဟု မင်းတပ်ဒေသခံက အသိပေးသည်။

” ပြည်သူနေအိမ် သုံးလုံးမီးလောင်ပြီးစာသင်ကျောင်းနှင့်အတူနေအိမ် ၇ လုံးခန့် ထိခိုက်ပျက်ဆီးသွားတယ်လို့ ကြားသိရပါတယ်။ ပြည်သူ ငါးဦး လည်းထိခိုက်ဒဏ်ရာများ ရရှိပြီး တစ်ဦးမှာ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတယ်လို့ ကနဦး ကြားသိရပါတယ်။ ယခုချိန်အထိ ရွာပတ်ပတ်လည် တောမီးများ လောင်နေဆဲလို့သိရပါတယ်”ဟု မင်းတပ်ဒေသခံက ဧပြီလဆန်းတွင် အသိပေးထားသည်။

(မင်းတပ်မြို့နယ် တိုက်နယ်(၁၃)ဘက်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို ဧပြီလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့နယ် တိုက်နယ်(၁၃)ဘက်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို ဧပြီလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ – Hkl-Mindat)

ယခုနှစ်ဆန်းပိုင်းအတွင်း လေကြောင်း တိုက်ခိုက် မှုများကြောင့် ပြည်သူ့နေအိမ် ၃၉လုံး ၊ ဘုရားကျောင်း သုံးကျောင်း၊ စာသင်ကျောင်း နှစ်ကျောင်း ပျက်စီးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီသည် သုံးလအတွင်း လက်နက်ကြီး ပစ်ခတ်မှု အကြိမ်များစွာပြုလပ်ခဲ့ရာ ပြည်သူ ၉ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀လုံး ပျက်စီးခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီများသည် အများပြည်သူသွားရာ လမ်းများ၌ မိုင်းထောင်ထားရာ သုံးလအတွင်း ပြည်သူ သုံးဦး ဒဏ်ရာရခဲ့ပြီး ယင်းအနက် နှစ်ဦး ခြေဖြတ်လိုက်ရသည်ဟုဆိုသည်။

ထို့ပြင် စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။