Connect with us

Hi, what are you looking for?

သတင်း

လွတ်ငြိမ်းဖြင့် လွတ်လာသည့် ဒေါက်တာခလမ်ဆန်ဆွန်ကို နာရီပိုင်းအတွင်းစစ်ကောင်စီပြန်ဖမ်း

ဒေါက်တာခလမ်ဆန်ဆွန်သည် ဧပြီ ၁၇ ရက်​နေ့လယ်ပိုင်းတွင် မြေကြီးနားအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ည ၁၀နာရီခန့်တွင် မြစ်ကြီးနားမြို့ရှိ ၎င်း၏နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ခန့်ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းစုံစမ်းသိရသည်။

လွတ်ငြိမ်းဖြင့် လွတ်လာသည့် ဒေါက်တာခလမ်ဆန်ဆွန်ကို နာရီပိုင်းအတွင်းစစ်ကောင်စီပြန်ဖမ်း
လွတ်ငြိမ်းဖြင့် လွတ်လာသည့် ဒေါက်တာခလမ်ဆန်ဆွန်ကို နာရီပိုင်းအတွင်းစစ်ကောင်စီပြန်ဖမ်း

ရွှေပြည်စိုး၊မောင်မောင်/People’s Spring

စစ်ကောင်စီက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်ကိုယမန်နေ့ (ဧပြီလ၁၇ရက်)​က လွတ်ငြိမ်းဖြင့် ပြန်လွှတ်​ပေးပြီး ယမန်နေ့ညတွင်ပင် ပြန်လည်ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

“ဆရာ့ကို စစ်တပ်ကပြန်ခေါ်သွားတာမှန်ပါတယ်။ ညဘက်မှ လာခေါ်သွားတာပါ။ နေပြည်တော်ကိုခေါ်သွားတယ်လို့သတင်းရပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး”ဟု မြစ်ကြီးနားမြို့မှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) အသင်းဝင်တစ်ဦးကပြောသည်။

ဒေါက်တာခလမ်ဆန်ဆွန်သည် ဧပြီ ၁၇ ရက်​နေ့လယ်ပိုင်းတွင် မြေကြီးနားအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ည ၁၀နာရီခန့်တွင် မြစ်ကြီးနားမြို့ရှိ ၎င်း၏နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ခန့်ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းစုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

” ဆရာနဲ့ ဆရာကတော်တော့ ပါသွားတယ်။ PCGကတော့ လိုက်ပါညှိနှိုင်းပေးတာပေါ့။ (ဘာကြောင့် ပြန်ခေါ်သွားတယ်ဆိုတာ )အကြောင်းပြချက် မယ်မယ်ရရတော့ မရှိဘူး”ဟု ကချင် သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဒေါက်တာခလမ်ဆန်ဆွန်၏ လုံခြုံရေးအတွက် အကြောင်းပြသည်ဟုလည်း ကြားနေရကြောင်း ၎င်းက ဆိုသည်။

” အခုက နေအိမ်အကျယ်ချုပ်ပုံစံမျိုး ၊ ထောင်ထဲကို မဟုတ်တော့တဲ့ ပုံစံမျိုးတော့ ဟုတ်တယ်။ ပြီးရင် အပြင်က လူတွေနဲ့ တွေ့ခွင့်တော့မရတော့ဘူးပေါ့နော်”ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် အပြစ်မရှိဘဲ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့်ဟု ကချင်မီဒီယာများ၏ ဖော်ပြချက်ကို စစ်ကောင်စီက မခံချင်၍ ပြန်ထိန်းသိမ်းသည်ဟု ယူဆကြောင်း သတင်းရင်းမြစ်က ပြောသည်။

“တချို့ကလည်း ယိုးဒယားကို ဆေးသွားကုလိုက်ရင်ကောင်းတယ်။ လိုင်ဇာဘက်သွားလိုက်ရင်ကောင်းတယ် အကြံဉာဏ်ပေးချက်တွေကအစ သူတို့တွေ(စစ်ကောင်စီတွေ) စိုးရိမ်တဲ့သဘောမှာရှိတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ကချင်ဒေသ စစ်ရေးအခြေအနေအရ ဒေါက်တာခလမ်ဆန်ဆွန်ကို ပြန်လည်ဖမ်းဆီးပြီး ကာဗာယူသည့် သဘောဟုလည်း တွေး၍ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

သို့ရာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် ၎င်း၏ မူလစစ်ရေးရည်မှန်းချက်အတိုင်း ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အသက် ၆၆နှစ်အရွယ် ဒေါက်တာခလမ်ဆန်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်ကောင်စီကဖမ်းဆီးပြီး ပုဒ်မ ၅၂(က)၊ ပုဒ်မ၁၇(၁)၊ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို​ထောင်ချခံခဲ့ရသည်။ ၂၀၂၃ ဧပြီ ၇ ရက်နေ့တွင် ထောင်ဒဏ်၆ နှစ်ချမှတ်ခံခဲ့ရပြီး ဧပြီ ၁၇ ရက်ကစစ်​ကောင်စီ၏ လွတ်ငြိမ်းဖြင့် နာရီပိုင်းပြန်လွတ်လာပြီး​နောက် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။

ဒေါက်တာခလမ်ဆန်ဆွန်ပြန်လည်လွတ်မြောက်လာကြောင်း ဧပြီ ၁၇ ရက်တွင် ပထမဆုံးသတင်းထုတ်ပြန်ခဲ့သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) သည် နောက်တကြိမ်ဖမ်းဆီးခံရသည့်သတင်းကို ဧပြီ ၁၈ ​နေ့ခင်း ၁၁ နာရီခွဲ​ကျော်အထိထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီသည် မြန်မာနှစ်သစ်ကူး​နေ့က နိုင်ငံတစ်ဝန်းအကျဥ်းထောင်များမှ အကျဉ်းသား သုံးထောင်ကျော်ကို လွတ်ငြိမ်းပေးခဲ့ပြီး နိုင်ငံရေးအကျဥ်သား အနည်းငယ်သာပါဝင်ပြီး နိုင်ငံ​ရေးအရ အမြတ်ထုတ်ခြင်းဟု နိုင်ငံရေးအကျဥ်းသား‌​ဟောင်းတချို့ကပြောသည်။

(ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန် ဧပြီ ၁၇ ရက်​နေ့ခင်းပိုင်းက ပြန်လွတ်လာစဥ် ကြိုဆို​နေသူများနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-KBC Kachin)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။