Connect with us

Hi, what are you looking for?

သတင်း

ခလရ(၂၉၉)တပ်ရင်းနှင့် မလွှဲတောင်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

(ဒေါနစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)
(ဒေါနစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)

▪️စစ်ကောင်စီအရာရှိအပါအဝင် ခြောက်ဦးသေ၊ ရဲဘော်တစ်ဦးကျ၊ နှစ်ဦးထိခိုက်

ကျော်ဇော/People’s Spring

ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာရှိ စစ်ကောင်စီ​၏ စကခ(၁၉) လက်အောက်ခံ ခလရ(၂၉၉) တပ်ရင်းနှင့် မွန်-တနင်္သာရီ နယ်ခြားမျဉ်းပေါ်ရှိ မလွှဲတောင်ဂိတ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူး ပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ယနေ့(ဧပြီ ၁၈) အသိပေး ထုတ်ပြန်သည်။

စစ်ကောင်စီ ခလရ (၂၉၉)တပ်ရင်းကို ဧပြီ ၁၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဒေါနစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ လက်နက်ကြီးဖြင့် ၁၇ ကြိမ်၊ ဒရုန်းဖြင့် ဗုံးသီး ၈၀ လုံးကြဲချကာ ခြေမှုန်းရေးတပ်ဖွဲ့များကလည်း ဝင်ရောက်စီးနှင်းတိုက်ခိုက်၍ နံနက် ၁၀ နာရီခွဲတွင် ခွာစစ်ဆင်ခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ယင်းနေ့(ဧပြီ ၁၂)နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်နှင့် တနင်္သာရီနယ်ခြားမျဉ်းပေါ်ရှိ စစ်ကောင်စီ မလွှဲတောင်ဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကြဲချခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“စစ်ဆင်ရေးမှာ ရန်သူ့ဘက်က နှစ်ပွင့်ဗိုလ်တစ်ဦးရယ်၊ တပ်သားငါးဦးရယ် ပေါင်းခြောက်ယောက် ကျတယ်။ နောက်ထိခိုက်ဒဏ်ရာရတာက မလွဲတောင်မှာရော ခလရ (၂၉၉)မှာပါ ပေါင်း ၃၀ ဝန်းကျင်လောက်ရှိမယ်။ သူတို့အထိအခိုက်များတဲ့ အဓိကအချက်က ဒရုန်းနဲ့ဗုံးသီးအဆက်မပြတ်ကျဲချနိုင်ခဲ့တာကြောင့်ပဲ”ဟု ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် မွန်ပြည် တော်လှန်ရေးတပ်(MSRF)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ မလွဲတောင်ဂိတ်နှင့် ခလရ(၂၉၉) တပ်ရင်းများအားတိုက်ခိုက်မှုတွင် ဒေါနစစ် ကြောင်းမှ ရဲဘော်တစ်ဦးကျဆုံးကာ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

ခလရ(၂၉၉)နှင့် မလွှဲတောင်ဂိတ်စခန်းတို့တိုက်ခိုက်ခံရသဖြင့် ရန်သူစစ်ကောင်စီမှ K – 8W Jet Fighter လေယာဉ်နှစ်စီး၊ Mi-35 တစ်စီး၊ Y-12 တစ်စီး စုစုပေါင်း လေယာဉ် လေးစီး အသုံးပြု ဗုံးကြဲတိုက်ခိုက်သဖြင့် ကိုးမိုင်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထုတ်ပြန်သည်။

စစ်ရေးတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ် ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – (၁)၊ ရေးပျောက်ကျားတပ်ဖွဲ့(ဒေါနတပ်ခွဲ-၃)YGF ၊ ကံပေါက်ဒေသပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၄) KBDF ၊ ဝေ ဟင်တပ်ဖွဲ့ (ဒေါနတပ်ခွဲ-၆) ၊ထားဝယ်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၇) DDT ၊ ရေးသိမ်းငှက် (ဒေါနလုံခြုံံရေးတပ်ခွဲ)၊ ထားဝယ်ခရိုင် အမှတ်-၁ တပ်ရင်း(T1) ၊Saw Dragon Drone Force(ဒရုန်းအထူးတပ်ဖွဲ့) တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ် သည်။

“ရှေ့မှာတော့ စစ်ရေးအခြေအနေက ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတယ်ဗျ။ ရန်သူ့ဘက်ကလည် မြောက်ပိုင်းမှာ တိုက်ပွဲအခြေနေလျော့ပါးလာတဲ့အပေါ် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်ကို အင်အားတွေ တိုးချဲ့ချထားတယ်။ ခလရ ၂၉၉ ဆိုရင်လည်း ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ အ မြှောက်တွေ၊ လက်နက်ကြီးတွေ တပ်ဆင်လာတာရှိသလို တပ်ခွဲနှစ်ခွဲစာလောက် အင်အားထပ်တိုးလာတာတွေ့ရတယ်။ ကျနော်တို့ဘက်ကလည်းဟအတတ်နိုင်ဆုံး ဆက်လက်တိုက် ပွဲဝင်သွားဖို့ ပြင်ဆင်ထားပါတယ်”ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ တာဝန်ရှိသူတစ်ဦးက အသိပေးသည်။

အထက်ပါ မလွဲတောင်စစ်ဆေးရေးဂိတ် အပါအဝင် မွန်တနင်္သာရီနယ်စပ်မျဥ်းရှိ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးတွင် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ နယ်မြေစိုးမိုးရေးလုက်ငန်းများကို မတ်လ ၁၃ရက်မှစပြီးလုက်ဆောင်လျှက်ရှိရာ လမ်းအသုံးပြုမှုအား မနက် ၆နာရီမှ ညနေ ၆နာရီ သတ်မှတ်ထားသည်။

ထို့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဧပြီ ၁၆)နေ့လယ် ၁နာရီခန့်က ပလောက်မြို့၊ တံတားကြီးအနီး အင်အား ၃၀ခန့်ဖြင့်တပ်စွဲထားသော စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ပုလောစစ်ကြောင်း-၁၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

“တိုက်ပွဲချိန်က ၁ နာရီကျော်ပါတယ်။ အဲဒီစကစဂိတ်က ပလောက်မြို့ပေါ်မှာပဲ ခင်ဗျ။ အမှတ်(၁)ရပ်ကွက်မှာရှိတဲ့ တံတားကြီးပေါ် မှာ(တိုက်ပွဲ)ဖြစ်ခဲ့တာ”ဟု တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။