Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးကနေ စစ်တပ် အပြီးထွက်ခွာဖို့လိုကြောင်း ဂျပန်ရောက် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေပြော

အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်တပ်ကို နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာ ကြီးကြီးမားမား ပေးအပ်ထားခဲ့သလို လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကိုစစ်တပ်ကခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။

နိုင်ငံရေးကနေ စစ်တပ် အပြီးထွက်ခွာဖို့လိုကြောင်း ဂျပန်ရောက် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေပြော
နိုင်ငံရေးကနေ စစ်တပ် အပြီးထွက်ခွာဖို့လိုကြောင်း ဂျပန်ရောက် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေပြော

People’s Spring

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) သုံးခုရဲ့ ကိုယ်စားလှယ်တွေဟာ မေလ ၁၅ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပူးပေါင်း ကျင်းပခဲ့ကြပါတယ်။ ဒါဟာ တော်လှန်ရေး အင်အားစုတွေစည်းလုံးစွာရပ်တည်နေမှုကို နိုင်ငံရပ်ခြား တစ်နေရာမှာပါ ထင်ရှားမြင်သာအောင် ပြသနိုင်ခဲ့တဲ့ ရှားပါးတဲ့ အရွေ့တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာတော့ NUGရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ အတွင်းရေးမှူးချုပ် ဆလိုင်း တလာဟဲ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနင်ရော့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ နိုင်ငံတကာနှင့်မဟာမိတ်ဆက်ဆံရေး ရေးရာကော်မတီ အတွင်းရေးမှူး လွီးဇ်တို့ ပါဝင်ခဲ့ကြပါတယ်။

ဒေါက်တာ ဇော်ဝေစိုးက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို အဓမ္မ အာဏာသိမ်းဖြုတ်ချခဲ့တဲ့ မြန်မာစစ်တပ်(စစ်ကောင်စီ)ဟာ အနာဂတ် နိုင်ငံရေးကဏ္ဍကနေ အပြီးတိုင် စွန့်ခွာရမယ်ဆိုတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အဓိက လိုလားချက်ကို ဂျပန်မှာ ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်တပ်ကို နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာ ကြီးကြီးမားမား ပေးအပ်ထားခဲ့သလို လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကိုစစ်တပ်ကခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။

NUGကတော့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းလိုက်ချိန် ကတည်းက အဲဒီ ဖွဲ့စည်းပုံ ဥပဒေ ပျက်ပြယ်ခဲ့ပြီး ဖြစ်တယ်လို့ ယူဆသင့်ကြောင်း NUGက ဆိုပါတယ်။

ဂျပန်မှာ နိုင်ငံခြားရေး ကော်မတီ ဒုတိယ အကြီးအကဲဖြစ်သူ ကိုမူရာ မာဆာဟီရိုနဲ့ တွေ့ဆုံ ဆွေးနွေးမှုအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေက ပြည်တွင်းမှာ စစ်ရှောင်ပြည်သူတွေအတွက် အရေးတကြီး အကူအညီတွေ လိုအပ်နေတဲ့ ကိစ္စကိုလည်း အလေးပေး ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ (IDP) အရေအတွက်တင် ၃ သန်းကျော် ရှိနေပြီး အဲဒီ စစ်ရှောင်တွေအတွက် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေလို အခြေခံ လိုအပ်ချက်တွေ ဖြည့်တင်းနိုင်မှု ကင်းမဲ့နေကြောင်း၊ အဲဒီ ကဏ္ဍတွေမှာ ဂျပန်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပန်ကြားလိုကြောင်း ဆလိုင်းတလာဟဲက ဆိုပါတယ်။

NUGနဲ့ EAO သုံးခုရဲ့ ကိုယ်စားလှယ်တွေဟာ တိုကျိုကို မေလ ၁၀ ရက်နေ့က ရောက်ရှိနေပြီး တစ်ပတ်ကြာ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။ မြန်မာ့ တော်လှန်ရေး အင်အားစုတွေဟာ ဂျပန်လွှတ်တော် အမတ်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါ ကြိုတင် စီစဉ်ခဲ့ပါတယ်။ ပြီးတော့ ဂျပန် မီဒီယာ တချို့နဲ့လည်း အင်တာဗျူး လုပ်ခဲ့ပါတယ်။

ဂျပန်ရောက်နေတဲ့ထဲမှာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူဝင်းနဲ့ KNPP ဥက္ကဋ္ဌ ခူဦးရယ်တို့လည်း ပါဝင်ပေမယ့် မေလ ၁၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲကိုတော့ နှစ်ဦးစလုံး မတက်ရောက်ခဲ့ပါဘူး။

တော်လှန်ရေး ကိုယ်စားလှယ် အစုအဖွဲ့ဟာ စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို နိုင်ငံတကာက ဝိုင်းဝန်း ပိတ်ဆို့ရေး ဂျပန်အစိုးရက ပူးပေါင်း တွန်းအားပေးဖို့၊ အိန္ဒိယ အစိုးရက စစ်ကောင်စီဆီ လက်နက်တွေ လွှဲပြောင်းပေးတာကို တားဆီးနိုင်ရေး ကူညီ ဖျောင့်ဖျပေးဖို့၊ စစ်ကောင်စီ လက်ဝေခံ အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘဲ လူသားချင်း စာနာမှု အထောက်အပံ့တွေကို တခြား လမ်းကြောင်းတွေကနေ ပို့ဆောင်ပေးနိုင်ရေး ကူညီလုပ်ဆောင်ဖို့ စတာတွေကိုပါ ဂျပန် အာဏာပိုင်တွေဆီ တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိုမူရာဟာ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း ကြေညာပေမယ့် ဆွေးနွေးမှုမှာ ပါဝင်သူတွေရဲ့ နာမည်တွေကိုတော့ အတိအကျ မထုတ်ပြန်ပါဘူး။

တော်လှန်ရေး အင်အားစုတွေဖက်က အရေးပါတဲ့ ကိုယ်စားလှယ်တွေ တိုကျိုကို ရောက်ရှိခဲ့ခြင်းဟာ မြန်မာ့အရေး ပါဝင်ဖြေရှင်းရာမှာ ဂျပန်ဖက်က သိသာတဲ့ မူဝါဒ ဦးတည်ချက် အပြောင်းအလဲတွေ ရှိလာတာကို မြင်သာစေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ တစ်ဖက်မှာလည်း ဂျပန်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ရှိနေတာကြောင့် အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ အခက်အခဲတွေ ရှိနေမှာ ဖြစ်ပါတယ်။

ကိုးကာ: Nikkei

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟာ ဂျပန်နိုင်ငံရောက် မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃ ဦး ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁ရက်) သတင်းထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။