Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်အခြေစိုက် စကခ(၈)ဌာနချုပ်အား ဒရုန်းဖြင့်တိုက်ခိုက်

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့်အနီးအနား ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး MI-2 ရဟတ်ယာဉ် တစ်စီးဖြင့်လည်း လေကြောင်းမှ နှစ်ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

(ထားဝယ်ခရိုင်၊ သပြေချောင်းကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)စစ်ဆင်‌ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-၈)ကို ဒရုန်းဖြင့် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - File Photo)
(ထားဝယ်ခရိုင်၊ သပြေချောင်းကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)စစ်ဆင်‌ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-၈)ကို ဒရုန်းဖြင့် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - File Photo)

▪️ဟတ်ယာဉ် နှစ်စီးရပ်ထားရာ​နေရာ ၊ဆီဂို​ဒေါင်နှင့် တိုင်းမှူးအစည်းအ​ဝေးလုပ်ရာ​နေရာ သုံးခုအားဗုံးကြဲတိုက်ခိုက်ခဲ့ဟု ​ဒေါန စစ်​ကြောင်းတာဝန်ရှိသူ​ပြော

​ကျော်​ဇော ၊ သက်ဝေ/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သပြေချောင်းကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)စစ်ဆင်‌ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-၈)ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်​ရေးတွင်ပါဝင်ခဲ့​သော ​ဒေါနစစ်​ကြောင်းမှတာဝန်ရှိသူက​ပြောသည်။

မေလ ၁၆ရက် နံနက်ပိုင်းတွင် စကခ(၈)၏ စစ်တပ်အရာရှိပိုင်းများစုဝေး‌‌ရာ အဆောက်အဦးများနှင့် ရပ်နားထားသော MI-2 ရဟတ်ယာဉ် နှစ်စီးအား ဗုံးသီး ရှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်သည်။

(ထားဝယ်ခရိုင်၊ သပြေချောင်းကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)စစ်ဆင်‌ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-၈)ကို ဒရုန်းဖြင့် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - File Photo)
(ထားဝယ်ခရိုင်၊ သပြေချောင်းကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၈)စစ်ဆင်‌ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-၈)ကို ဒရုန်းဖြင့် တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – File Photo)

“စကခ(၈)အဲဒီအထဲမှာ တိုင်းမှူးလာတယ်။ စစ်ကောင်စီရဲ့ ကမ်းရိုးတမ်းဒေသတိုင်းမှူးလာတယ်။ အစည်းအဝေးလုပ်ဖို့လာတဲ့အချိန်မှာ ကျနော်တို့ ဒရုန်းနဲ့တိုက်ခိုက်တယ်။ အဲဒီတော့ အဲဒီတပ်ထဲမှာရှိတဲ့ ရဟတ်ယာဥ်နှစ်စီးမှာ တစ်စီးပဲပျံတက်ပြီးတော့ ပြန်ပြေးနိုင်တယ်။ တစ်စီးကတော့ ကျနော် ရပ်သွားတယ်။ ကျနော်တို့က ရဟတ်ယာဥ်ထားတဲ့နေရာကို ဒရုန်းနဲ့သုံးစီးချတယ်။ အဲဒါပြီး ဒီဘက်ဆီဂိုဒေါင်ပေါ့နော်။ အဲဒီကိုက တစ်စီးချတယ်။ ပြီးတဲ့အခါ တိုင်းမှူးအစည်း အဝေးလုပ်မယ့်နေရာကို တစ်စီးချတယ်။ အားလုံးငါးစီးနဲ့ချတာပေါ့။ စကစ ထိခိုက်သေဆုံးကတော့ အတိအကျမသိရသေးပါဘူး။ ကျနော်တို့ ဆက်လက်စုံစမ်းဆဲပါ”ဟု ဒေါနစစ်ကြောင်းမှ စစ်ဆင်ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့်အနီးအနား ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး MI-2 ရဟတ်ယာဉ် တစ်စီးဖြင့်လည်း လေကြောင်းမှ နှစ်ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း တပ်ခွဲ(၄) KBDF ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းမှ Sky Ghost Drone Force၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းမှ T5 Wing၊ TPLF ဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ မြန်နှုန်းအမြင့်ဆုံး ပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းကို ယူကရိန်းရဲ့ မြေပြင်အခြေစိုက် အလိုအလျောက် စနစ်သုံး လေကြောင်းကာကွယ်ရေး စက်သေနတ်က ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

Facebook