Connect with us

Hi, what are you looking for?

သတင်း

အောင်​ဇေယျစစ်​ကြောင်း ချီတက်လိုက် ၊လန်ကျလိုက်ဖြင့်​ရှေ့မ​ရောက်

အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။

(အာရှလမ်းမကြီးပေါ်တွေင် တွေ့ရသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များနှင့် အောင်ဇေယျစစ်ကြောင်း​၏ ယာဉ်များအား တွေ့ရစဉ်။ ဓာတ့်ုံ - ကော်ဘရာ)

▪︎”လောလောဆယ်တော့ အောင်ဇေယျလန်ဖြစ်နေတယ်။ တက်လိုက်၊ လန်လိုက်ပေါ့။ သူတို့ ကျတယ်။ ထိတယ်။ ထွက်ပြေးတယ်”- ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူ

▪︎”စကစက အပတ်စဥ်(၁)က ကလေးတွေကို စစ်မြေပြင်သင်တန်းဆိုပြီး လိမ်လွှတ်နေတာလို့ ပြောတယ်၊သူတို့ကို အောင်ဇေယျလို စစ်ကြောင်းမှာကို ပို့နေတာ”-ကရင်စစ်​ရေးရင်းမြစ်

ဒေါ်ဂျ/People’s Spring

ဒေါနတောင်ပေါ်၌ ရှေ့ဆက်မတိုးနိုင်ဘဲ တစ်လ​ကျော်ကြာပိတ်မိနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ အထိနာ၍လန်ကျနေပြီး ရှေ့တိုး၊နောက်ဆုတ်လုပ်နေကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

“လောလောဆယ်တော့ အောင်ဇေယျလန်ဖြစ်နေတယ်။ တက်လိုက်၊ လန်လိုက်ပေါ့။ သူတို့ ကျတယ်။ ထိတယ်။ ထွက်ပြေးတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဒေါနတောင်ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေပြီး ရဲဘော်များ ဘေးကင်းသည်ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထိခိုက်မှုများနေသော်လည်း ထိခိုက်မှုအရေအတွက်ကိုမူမသိဟု ၎င်းက ဆိုသည်။

(အာရှလမ်းမကြီးပေါ်တွေင် တွေ့ရသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များနှင့် အောင်ဇေယျစစ်ကြောင်း​၏ ယာဉ်များအား တွေ့ရစဉ်။ ဓာတ့်ုံ - ကော်ဘရာ)
(အာရှလမ်းမကြီးပေါ်တွေင် တွေ့ရသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များနှင့် အောင်ဇေယျစစ်ကြောင်း​၏ ယာဉ်များအား တွေ့ရစဉ်။ ဓာတ့်ုံ – ကော်ဘရာ)

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ဧပြီ ၇ ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​သည်။ ၄ ရက်ဖြင့် မြဝတီ အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ရက် ၄၀ ​ကျော်ကြာသည့်တိုင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ပိတ်မိ​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မေလ ၁၆ရက်နှင့် မေလ ၁၇ရက်တွင် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောင်ဇေယျစစ်ကြောင်း​၏ အတွင်းသတင်းပေးချက်အရ အင်အား ၁,၂၀၀ခန့်ဖြင့် ချီတက်လာသော စစ်ကြောင်းမှာ တစ်လကျော်အကြာတွင် ၄၀၀ခန့်မှာ သေဆုံး၊ ဒဏ်ရာရထားသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ကြောင့် အောင်ဇေယျစစ်ကြောင်းမှာ အင်အား( ၈၀၀)ခဝန်းကျင်သာ ကျန်ရှိတော့​ကြောင်း အထက်ပါစစ်​ရေးရင်းမြစ်ထံမှသိရသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းတွင် စစ်မှုမထမ်းမ​နေရဥပဒေဖြင့် ​ဖိအား​ပေးခေါ်ယူစု​ဆောင်းခဲ့သော အပါတ်

(အာရှလမ်းမကြီးပေါ်တွေင် တွေ့ရသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များနှင့် အောင်ဇေယျစစ်ကြောင်း​၏ ယာဉ်များအား တွေ့ရစဉ်။ ဓာတ့်ုံ - ကော်ဘရာ)
(အာရှလမ်းမကြီးပေါ်တွေင် တွေ့ရသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များနှင့် အောင်ဇေယျစစ်ကြောင်း​၏ ယာဉ်များအား တွေ့ရစဉ်။ ဓာတ့်ုံ – ကော်ဘရာ)

စဥ်(၁)သင်တန်းဆင်းပြီးစ စစ်သားသစ်များလည်းပါဝင်ပြီး ​တော်လှန်​ရေးတပ်ဖွဲ့များက ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် စစ်သားများမှာ ထိခိုက်​သေဆုံးမှုများနေ၍ စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်နေသည်ဟု တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက People’s Spring သို့ ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူစုဆောင်းထားသော အပတ်စဥ်(၁)သင်တန်းဆင်းပြီးစ လူငယ်များအား မြေပြင်စစ်သင်တန်း ​ပေးရန်ဟု လိမ်လည်ပြောဆိုကာ ရှေ့တန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ဟု သတင်းရရှိထားကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သိရတာက စကစက အပတ်စဥ်(၁)က ကလေးတွေကို စစ်မြေပြင်သင်တန်းဆိုပြီး လိမ်လွှတ်နေတာလို့ ပြောတယ်။ သူတို့ကို အောင်ဇေယျလို စစ်ကြောင်းမှာကို ပို့နေတာ”ဟု ၎င်းက ပြောသည်။

အောင်​ဇေယျစစ်​ကြောင်းတွင် စစ်သားသစ်စု​ဆောင်းခံထားရသူများပါဝင်မှု အ​​ခြေအ​နေ၊​သေဆုံးမှုအ​ခြေအ​နေ ၊ထွက်​ပြေးအလင်းဝင်သူအ​ခြေအ​နေများကို လူထု​​နွေဦးက ဆက်လက်စုံစမ်း​နေဆဲဖြစ်ပါသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က People’s Springသို့ ​မေလဆန်းတွင်ပြောထားသည်။

အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ တပ်သားများ ရက္ခိုင်ပြည်နယ်တိုက်ပွဲသို့ စစ်ကူခွဲပေးပို့သည်ဟု သိရှိရကြောင်း အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။

မေလ ၁၂ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)တပ်ရင်းစစ်ကြောင်း(၂)မှ တပ်သား နှစ်ဦး လက်နက်နှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၄ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)၏ စစ်ကောင်စီတပ်သားသုံးဦး လက်နက်များနှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။

(အာရှလမ်းမကြီးပေါ်တွေင် တွေ့ရသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များနှင့် အောင်ဇေယျစစ်ကြောင်း​၏ ယာဉ်များအား တွေ့ရစဉ်။ ဓာတ့်ုံ - ကော်ဘရာ)
(အာရှလမ်းမကြီးပေါ်တွေင် တွေ့ရသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များနှင့် အောင်ဇေယျစစ်ကြောင်း​၏ ယာဉ်များအား တွေ့ရစဉ်။ ဓာတ့်ုံ – ကော်ဘရာ)

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ယင်းစစ်​ကြောင်းတွင် တပ်မ (၂၂) ၊ တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးစတင်ခဲ့ရာ တပ်မ(၅၅)မှာ ​သေဆုံးဒဏ်ရာရသူများပြီး ဖွဲ့စည်းပုံပျက်လုနီးပါးဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။ စစ်​ကြောင်းတွင် စစ်ကူများဆက်တိုက်တိုးပြီး စစ်​ကောင်စီတပ်သားအင်အား ၁,၀၀၀ မှ ၁,၃၀၀ အတွင်းရှိ​နိုင်ကြောင်း စစ်​ရေးရင်းမြစ်အချို့က ​ပြောသည်။

အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။

(​ တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ အောင်​ဇေယျစစ်​ကြောင်းမှ ပျက်​နေ​သောစစ်ကားအချို့ နှင့် စစ်​ကြောင်းကိုတိုက်​နေ​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-လပြည့်၊ CJ )

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။