Connect with us

Hi, what are you looking for?

သတင်း

ငွေ​ဖောင်းပွမှုအဓိကအ​ကြောင်းရင်းမှာငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး စစ်​ကောင်စီက ၃ နှစ်ကျော်အတွင်း ကျပ်ဘီလီယံပေါင်း သုံးသောင်းရိုက်ထုတ်

စစ်​ကောင်စီကမူ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီရိုက်ထုတ်သည့် ငွေစက္ကူပမာဏသည် အရပ်သားအစိုးရ ၂ နှစ်ထက် ၈ဆခွဲခန့်ပိုရိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်
စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်

စောနွေဦး၊​သော်မွန် /People’s Spring

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှာ ယနေ့အထိ ကျပ်ငွေဘီလီယံပေါင်း ၃၀,၀၀၀ ကျော်(ထရီလီယံ ၃၀​ကျော်)ကို ရိုက်ထုတ်ခဲ့ပြီး ကျပ်​ငွေ​ဖောင်းပွခြင်း၏အဓိကအ​ကြောင်းရင်းမှာ ​ငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောကြားသည်။

ကျပ်ငွေတန်ဖိုးကျဆင်း၏ အဓိက အခြေခံအကျဆုံးသည် စစ်ကောင်စီကတိုင်းပြည်အာဏာလုချိန်မှ ယ​နေ့အထိ ​ငွေစက္ကူအများအပြား ရိုက်ထုတ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဦးတင်ထွန်းနိုင်က ယ​နေ့(ဇွန် ၃ ရက်)တွင်ပြုလုပ်သည့် မြန်မာ့စီးပွားရေးပျက်ကပ်အကြောင်းသတင်းစာရှင်းလင်းပွဲပြောဆိုခဲ့ခြင်းဖြစ်သည်။

ငွေ​ဖောင်းပွမှုအဓိကအ​ကြောင်းရင်းမှာငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး စစ်​ကောင်စီက ၃ နှစ်ကျော်အတွင်း ကျပ်ဘီလီယံပေါင်း သုံးသောင်းရိုက်ထုတ်
ငွေ​ဖောင်းပွမှုအဓိကအ​ကြောင်းရင်းမှာငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး စစ်​ကောင်စီက ၃ နှစ်ကျော်အတွင်း ကျပ်ဘီလီယံပေါင်း သုံးသောင်းရိုက်ထုတ်

“တင်ပြလိုရင်းက အခုဖြစ်ပေါ်နေတဲ့ မြန်မာငွေတန်ဖိုးကျဆင်းမှုရဲ့ အခြေခံအကျဆုံးနဲ့ အဓိက အကြောင်းအရင်းသည် အခြားအကြောင်းအရာများဆိုတာထက် အကြမ်းဖက်စစ်ကောင်စီက သူတို့ စပြီး တိုင်းပြည်အာဏာလုတဲ့အချိန်ကစပြီး ဒီနေ့ ဒီအချိန်အထိ ငွေကျပ်ဘီလီယံပေါင်း ၃၀,၀၀၀ ကျော်ကို ရိုက်ထုတ်ထားခဲ့တာကြောင်း ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြည်သူလူထုကို ရှင်းရှင်းလင်းလင်းနဲ့ တင်ပြအစီရင်ခံလိုပါတယ်။”ဟု ဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

​ငွေစက္ကူအများအပြားရိုက်နှက်ခြင်းမှာ​ငွေ​ဖောင်းပွမှု၏ အဓိက အ​ကြောင်းအရင်းဖြစ်ပြီး စစ်​ရေးအသုံးစာရိတ်များစွာအသုံးပြုခြင်း ၊ နယ်စပ်ကုန်သွယ်​ရေးကျဆင်းလာခြင်း ၊ နိုင်ငံတွင် နိုင်ငံခြားလက်ကျန် နည်းပါးလာခြင်း၊ ပြည်ပ​​ရောက်မြန်မာအလုပ်သမားများကို စစ်​ကောင်စီကအခွန် ၂ ထပ်​ကောက်မှုနှင့် ပြည်ပ​ရောက်လုပ်သားများက ပြန်ပို့​​​ငွေ​လျော့ကျလာခြင်း ၊ စီးပွား​ရေးကျဆင်းလာပြီး​နောက် ​စစ်​ကောင်စီက နိုင်ငံတကာနှင့်ကုန်သွယ်မှုတွင် ခေတ်ကာလနှင့် မ​လျော်ညီ​သော ကုန်စည်ခြင်းဖလှယ်စနစ် ကျင့်သုံး​စေခြင်း၊FATF ကမြန်မာနိုင်ငံကို အမည်မည်းစာရင်းသွင်းထားခြင်း ၊ပြည်ပရင်းနှီးမြှပ်နှံမှု​လျော့ကျလာပြီး ပြည်တွင်းမှ ရင်းနှီးမြှပ်နှံမှုများ ပြည်ပ အိမ်ခြံ​မြေ ​ဈေးကွက်များသို့ စီးဝင်သွားကြခြင်း စ​သောအ​ကြောင်းအရင်းများလည်းပါဝင်​ကြောင်း၎င်းကရှင်းပြသည်။

ငွေ​ဖောင်းပွမှုအဓိကအ​ကြောင်းရင်းမှာငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး စစ်​ကောင်စီက ၃ နှစ်ကျော်အတွင်း ကျပ်ဘီလီယံပေါင်း သုံးသောင်းရိုက်ထုတ်
ငွေ​ဖောင်းပွမှုအဓိကအ​ကြောင်းရင်းမှာငွေစက္ကူအများအပြားရိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး စစ်​ကောင်စီက ၃ နှစ်ကျော်အတွင်း ကျပ်ဘီလီယံပေါင်း သုံးသောင်းရိုက်ထုတ်

​ငွေစက္ကူရိုက်ထုတ်မှုတွင် ၂၀၁၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီက ငွေစက္ကူအသစ်ရိုက်ထုတ်မှုသည် ကျပ်ဘီလီယံ ၂၅,၀၀၀ ရှိခဲ့ပြီး မတ်နှင့်ဧပြီလတွင်လည်း ငွေစက္ကူအလုံးအရင်းနှင့် ရိုက်ထုတ်နေသည့် သတင်းအချက်အလက်များ ရရှိထားသည်ဟု ဝန်ကြီးကဆိုသည်။

အရပ်သားအစိုးရလက်ထက်ဖြစ်သည့် ၂၀၁၉နှင့် ၂၀၂၀ခုနှစ် ၂ နှစ်တွင် ငွေစက္ကူအသစ်ရိုက်ထုတ်မှုသည် ကျပ်ဘီလီယံ ၃၆၀၀ ရှိခဲ့သည်။ ထိုကာလများသည် တိုင်းပြည်က ကိုဗစ်ကပ်ရောဂါခံစားရပြီး စီးပွားရေးကျဆင်းနေသည့်အချိန်ဖြစ်သည်။

စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်/ ရှောင်တာနယ်
စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်/ ရှောင်တာနယ်

သို့​သော် စစ်​ကောင်စီကမူ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီရိုက်ထုတ်သည့် ငွေစက္ကူပမာဏသည် အရပ်သားအစိုးရ ၂ နှစ်ထက် ၈ဆခွဲခန့်ပိုရိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထိုပြင်စစ်ကောင်စီက ငွေစက္ကူအသစ်ရိုက်ထုတ်ရန်အတွက် ၎င်းတို့နှင့် ပလဲပနံသင့်သည့်အရှေ့ဥရောပနိုင်ငံတစ်ခုမှ စက္ကူကုန်ကြမ်းနှင့်မှင်များ လေယာဉ်စင်းလုံးဖြင့်သယ်လာသည်ဟု ဦးတင့်ထွန်းနိုင်ကပြောသည်။

လက်ရှိတွင် စစ်ကောင်စီ နိုင်ငံခြားအရံငွေနည်းနေပြီး ကျပ်ငွေလိုအပ်ချက်ကို စစ်ကောင်စီက ငွေစက္ကူရိုက်နှိမ်ပြီးဖြေရှင်းနိုင်သော်လည်းနိုင်ငံခြားငွေကို မရှာနိုင်ကြောင်းနှင့် ထိုကြောင့် စစ်ကောင်စီ ကျဆုံးခန်းနီးလာပြီးဖြစ်ကြောင်း ဦးတင်ထွန်းနိုင်ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။