Connect with us

Hi, what are you looking for?

သတင်း

ငပလီကမ်းခြေဟိုတယ်ဇုန်အနီးတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်စခန်းတစ်ခု စွန့်ခွာထွက်ပြေး

မြေပြင်တွင် AA တပ်ဖွဲ့ဝင်အများအပြားက နယ်မြေစိုးမိုးထားပြီး ဂေါ့ကျေးရွာတောင်ပေါ်စခန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇွန် ၃ ရက်နေ့လယ်ပိုင်း၌ ဆုတ်ခွာထွက်​ပြေးသွားကြောင်း သတင်းရရှိသည်။

(​ရခိုင်ပြည်နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်၏စစ်​ရေယာဥ်များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့​သော AA တပ်ဖွဲ့ဝင်များကို​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk)
(​ရခိုင်ပြည်နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်၏စစ်​ရေယာဥ်များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့​သော AA တပ်ဖွဲ့ဝင်များကို​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk)

ဇော်ထိန်/People’s Spring

ငပလီကမ်းခြေဟိုတယ်ဇုန်အတွင်း ပါဝင်သော ဂေါ့ကျေးရွာ၌ အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီ​တပ် စစ်​ရေယာဥ်​ကပစ်၍ အရပ်သားအချို့သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

နာမည်ကြီး Jasmine ဟိုတယ်ရှိသော ဂေါ့ကျေးရွာတွင် ယနေ့(ဇွန်လ၃ရက်)နံနက်၌ မြေပြင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရေတပ်က လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

” အရပ်သားတွေပိတ်မိသွားပြီးတော့ လက်နက်ကြီးထိတာတွေရှိတယ်။ သေဆုံးသူ ငါဦးထက်မနည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်ကောင်းကောင်းမရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မြေပြင်တွင် AA တပ်ဖွဲ့ဝင်အများအပြားက နယ်မြေစိုးမိုးထားပြီး ဂေါ့ကျေးရွာတောင်ပေါ်စခန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇွန် ၃ ရက်နေ့လယ်ပိုင်း၌ ဆုတ်ခွာထွက်​ပြေးသွားကြောင်း သတင်းရရှိသည်။

“AA က လက်နက်ချခိုင်းသေးတယ်။ နောက်တော့ ထွက်ပြေးတာ။ ဒါပေမယ့် လွတ်မှာမဟုတ်ဘူး”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီအထိနာကြောင်းသိရှိရသော်လည်း အသေးစိတ်ကိုမူသတင်းမရရှိသေးပေ။ ယနေ့ (ဇွန် ၃ ရက်) ညပိုင်းအထိ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေကြောင်း သံတွဲမြို့ခံများကပြောသည်။

သံတွဲမြို့နယ်တွင် ဧပြီလ၂၂ရက်ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ဒေသခံနှစ်သောင်းခန့်သည် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေကြောင်းနှင့်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူများသေဆုံးမှုများရှိခဲ့သည်။

မေလ ၁၄ ရက်နေ့က သံတွဲမြို့နယ် လင်းသီကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ဆယ်ဦးသေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၈ရက်ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်နေစဉ် နတ်တောင်မော်ကျေးရွာကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ရှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

သံတွဲမြို့နယ်အတွင်းတိုက်ပွဲ၌ စစ်ကောင်စီဘက်တွင် အကျအရှုံးများနေပြီ အရာရှိအချို့လည်းထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ တိုက်ပွဲများအတွင်း သေဆုံးသွားသည့် စစ်ကောင်စီရုပ်အလောင်းအချို့ကို ဒေသခံများ၏ နေအိမ်ခြံဝင်းများအတွင်း မြုပ်နှံသွားရာ ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရုပ်အလောင်းအချို့ ပြန်ပေါ်လာခဲ့သည်။ ယခုအခါ သံတွဲမြို့နယ်ရှိနေရာအများစုကို AAက ထိန်းချုပ်ထားပြီး စစ်ရေးအသာစီးရယူထားသည်ဟု ဒေသခံများကပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယင်းဒေသရှိ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြား ပိတ်မိခဲ့ပါက အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းအာရက္ခတပ်တော်(AA)က မေလ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။