Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် မေလအတွင်း စစ်ကောင်စီတပ် စခန်း ၅ခု စွန့်ခွာ

ကျောက်ညှပ်-ဝါလူ(ခမရ ၄၅၄) ၊ တာဘူကျိုး (ခမရ(၄၃၄)၊ ပန်ဟိုက်-ကဟီးကျိုး(ခမရ ၄၃၄)၊ လယ်တိုး (ခလရ-၁၉)နှင့် နတ်တောင်-မောဖိုးကျိုး(ခမရ – ၄၃၀) စသည့် အခြေချ စခန်း ၅ခု အပြီးအပိုင် ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

(ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းအား ပြီးခဲ့သည့် ဧပြီအတွင်း သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MOD)
(ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းအား ပြီးခဲ့သည့် ဧပြီအတွင်း သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MOD)

▪️တိုက်ပွဲ ၁၀၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဝန်းကျင်သေဆုံးထိခိုက်ဟု KNU တပ်မဟာ (၅) အသိပေး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ မေလအတွင်းတိုက်ပွဲပေါင်း ၁၀၇ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

မေလ ၁ရက်မှ ၃၁ရက်အထိ တစ်လတာ တိုက်ပွဲ အခြေအနေကို တပ်မဟာ(၅)က ယနေ့(ဇွန်လ ၄ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မေလတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က သေဆုံးထိခိုက် ၆၀ဝန်းကျင်ရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

(ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းအား ပြီးခဲ့သည့် ဧပြီအတွင်း သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MOD)
(ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းအား ပြီးခဲ့သည့် ဧပြီအတွင်း သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – MOD)

စစ်ကောင်စီတပ်ဘက်က လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၈ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ဖာပွန်ခရိုင်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းစွန့်ခွာ ရုတ်သိမ်းခြင်းများလည်း ပြုလုပ်ခဲ့ရာ မေလအတွင်း တပ်စခန်း ၅ခု ရုတ်သိမ်းသွားသည်ဟု ဆိုသည်။

ကျောက်ညှပ်-ဝါလူ(ခမရ ၄၅၄) ၊ တာဘူကျိုး (ခမရ(၄၃၄)၊ ပန်ဟိုက်-ကဟီးကျိုး(ခမရ ၄၃၄)၊ လယ်တိုး (ခလရ-၁၉)နှင့် နတ်တောင်-မောဖိုးကျိုး(ခမရ – ၄၃၀) စသည့် အခြေချ စခန်း ၅ခု အပြီးအပိုင် ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

အဆိုပါ စစ်တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခေါပုတ်စခန်းတွင် ပြန်လည် ပူးပေါင်း အင်အားဖြည့်တင်းနေသည်ဟု ဖော်ပြထားသည်။

(ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းအား ပြီးခဲ့သည့် ဧပြီအတွင်း သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MOD)
(ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းအား ပြီးခဲ့သည့် ဧပြီအတွင်း သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – MOD)

စစ်ကောင်စီတပ်သည် မေလအတွင်း ဖာပွန်ခရိုင် သို့ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာတွင် ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံး ၁၂လုံးကြဲချတိုက်ခိုက်ခဲ့ပြီး အဆင့်မြင့် ဒရုန်းဖြင့် ဗုံးကြီး၊ ဗုံးငယ်များစွာ ကြဲချခဲ့၍ လူနေအိမ်ပျက်စီးမှု များ ရှိခဲ့သည်ဟုဆိုသည်။ စိုက်ပျိုးရေးခြံမှ သီးနှံများပျက်စီးခဲ့သည့်အပြင် အိမ်မွေးတိရိစ္ဆာန်သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု အသိပေးသည်။

KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် မတ်လ ၁၉ရက်မှစ၍ ဖာပွန်မြို့ကို ပိတ်ဆို့ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီ၏ ခလရ(၁၉)၊ ခမရ(၄၃၄)တပ်ရင်းတို့အား တိုက်ခိုက် သိမ်းပိုက် ထားပြီး ဖာပွန်မြို့ကိုလည်း ထိန်းချုပ်ထားသည်။ ကျန်နေသည့် ဖာပွန်မြို့အနီး မိုင်အနည်းငယ်အကွာရှိ ဗျူဟာ စခန်းအပါအဝင် စစ်ကောင်စီတပ်များအား ဆက်လက်ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook