Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုတွင် စခန်းအပြင်သို့ထွက်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ

ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က ဝိုင်းရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို စခန်းမှအထွက် လမ်းကျဥ်းတစ်ခု၌ TNT အမျိုးအစားပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှ ရဲဘော်များအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-UGF/okpo)
(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှ ရဲဘော်များအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-UGF/okpo)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းမှ စစ်​ကောင်စီတပ်သားများ စခန်းအပြင်ထွက်လာစဥ် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄) မြေအောက်ပြောင်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က ဝိုင်းရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို စခန်းမှအထွက် လမ်းကျဥ်းတစ်ခု၌ TNT အမျိုးအစားပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဝိုင်းရဲစခန်းမှာ စကစတွေအထွက်ကို လမ်းကြပ်မှာ မိုင်းကွင်းဆင်ပြီးတော့ ထောင်ထားတာ။ မနက် ၁၀နာရီလောက်လဲကျရော ဒီကောင်တွေ အရက်သောက်ဖို့ ထွက်လာတာ။ ငါးယောက်ထွက်လာတာ။ မိုင်းကွင်းတည့်တည့်လည်းရောက်ရော ခွဲချပစ်လိုက်တယ်”ဟု တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄)မှ တပ်ခွဲမှူးဖြစ်သူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး နေရာတင်ပွဲချင်းပြီး သေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားကာ ဒဏ်ရာရသူနှစ်ဦးအား စခန်းအတွင်းမှ စစ်ကောင်စီတပ်သားများက လာရောက်သယ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြော သည်။

ထို့နောက် စစ်ကောင်စီတပ်သားများက ဝိုင်းရွာရဲစခန်းအတွင်းမှနေ၍ ၇၉ မမ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄)က အသိပေးသည်။

တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄)မြေအောက်ပြောင်ကျားတပ်ဖွဲ့-အုတ်ဖိုအနေဖြင့် မြို့ပြစစ်ဆင် ရေးများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ရာ ပြည်သူများအနေနှင့် စစ်ကောင်စီတပ်၊ ရဲ၊ အုက်ကြီး၊ ပျူစောထီး၊ သတင်းပေးဒလန် စသည့် စစ်ကောင်စီထောက်တိုင်များအနီးနေထိုင်သွားလာခြင်းများမပြုလုပ်ကြရန် မေတ္တာရပ် ခံထားသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်မြို့နယ်တွင်လည်း ဇွန်လ ၁ ရက်နေ့နေ့လယ်ပိုင်းက အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ် ကြောင်းတစ်ခု တောင်ပေါ်ကြို့ကုန်းအုပ်စု၊ မကျီးစမ်းရွာမှ သိမ်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဥ် တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ(၂)မှ ပြင်ကြီးရွာနှင့် ကျောက် ကြီးတောင်ကြား၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။