Connect with us

Hi, what are you looking for?

သတင်း

တီးတိန်နှင့် တွန်းဇံကြားရှိ ဇလွေးချောင်းကူးတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

ချင်းညီနောင်တပ်ဖွဲ့ဝင်များထက် စစ်ကောင်စီက ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာမည်ကို စိုးရိမ်နေသည်ဟု ချင်းသတင်းရင်းမြစ်က သုံးသပ်သည်။

(စစ်ကောင်စီဖျက်ဆီးခဲ့သည့် တီးတိန်နှင့် တွန်းဇံကြားရှိ ဇလွေးချောင်းကူးတံတားအား တွေ့ရစဉ်။ ဓာတ်ပုံ - THE TEDDIM POST)
(စစ်ကောင်စီဖျက်ဆီးခဲ့သည့် တီးတိန်နှင့် တွန်းဇံကြားရှိ ဇလွေးချောင်းကူးတံတားအား တွေ့ရစဉ်။ ဓာတ်ပုံ - THE TEDDIM POST)

“စကစတွေဘာကို စိုးရိမ်တာလဲဆိုတော့ချင်းလဲန်းကောင်စီ တပ်ပေါင်းစုတွေဘက်က လာတိုက် မှာ စိုးလို့ အဲဒီလို ဖျက်ဆီးတယ်လို့ ကျနော်ယုံကြည်တယ်” – ချင်းသတင်းရင်းမြစ်

ထားမြတ်/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နှင့် တွန်းဇံမြို့အကြားရှိ တံတားတစ်စင်းကို စစ်ကောင်စီက ဇွန်လ ၁၀ရက် တွင်မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၈ရက်နံနက်က တီးတိန်-ရိဒ် အကြားရှိ မံဆောင်း မြစ်ကူးတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် တီးတိန်မြို့အဝင် နောက်ထပ်လမ်းတစ်ခုဖြစ်သော တွန်းဇံ-တီးတိန်ကြားရှိ ဇလွေးချောင်းကူးတံတားကို ထပ်မံ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

” အရင်က မန်ဆောင်းတံတားကို ဖျက်ဆီးခဲ့တာပေါ့။ အဲဒီတံတားကတော့ ချင်းပြည်နယ် တီးတိန် ကနေ ရိဒ်မြို့အထိ သွားတဲ့လမ်းဖြစ်တယ်။ ဒီနေ့မှာ တွန်းဇံနဲ့ တီးတိန်ကြားမှာရှိတဲ့ တံတားကို ဖျက်ဆီးခဲ့တယ်လို့ ကြားတယ်။ အဲဒါက တီးတိန်မြို့ကို ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့တွေက လာမတိုက်နိုင်အောင်ပေါ့။ တွန်းဇံတိုက်ပွဲတုန်းကလည်းချင်းပြည်အစိုးရ အောက်မှာရှိတဲ့ ချင်းအမျိုးသားတပ်မတော်အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကားနဲ့ သွားတာပေါ့။ကားအများကြီးနဲ့ သွားပြီး တိုက်ပွဲဖော်ဆောင်တာ မြို့သိမ်းနိုင်ခဲ့တာပေါ့”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်ပြီး “တီးတိန်မြို့ကို အဲဒီနောက်ပိုင်း ကားနဲ့ လူအများကြီးလာပြီးမှ လာမတိုက်နိုင်အောင် အဲဒီလို သုံးသပ်လို့ရတယ်။ ဘာဖြစ်လို့လည်းဆိုရင်တီးတိန်ဘက် ကားနဲ့ သွားလို့ရတဲ့ တံတားတွေကို ရိဒ်ဘက်ပဲဖြစ်ဖြစ် တွန်းဇံမြို့ဘက်ပဲ ဖြစ်ဖြစ် အဲဒီလိုနှစ်ခုစလုံး ဖျက်ဆီးတာက တီးတိန်လာမတိုက်နိုင်အောင် လုပ်နိုင်တာပေါ့”ဟု ပြောသည်။

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်များကို ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာန အောက်၌ ပါဝင်ခြင်းမရှိသော ချင်းညီနောင် အဖွဲ့ဝင်များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)-Zoland ၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) တပ်များက မေလ ၂၆ရက်တွင် ထိုးစစ်ဆင်ခဲ့သည်။ တစ်ရက်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားခဲ့သည်။

အဆိုပါ ချင်းညီနောင်တပ်ဖွဲ့ဝင်များထက် စစ်ကောင်စီက ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာမည်ကို စိုးရိမ်နေသည်ဟု ချင်းသတင်းရင်းမြစ်က သုံးသပ်သည်။

” စကစတွေဘာကို စိုးရိမ်တာလဲဆိုတော့ချင်းလဲန်းကောင်စီ တပ်ပေါင်းစုတွေဘက်က လာတိုက်မှာစိုးလို့ အဲဒီလို ဖျက်ဆီးတယ်လို့ ကျနော်ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုရင် ရိဒ် ဘက်ကလည်း ချင်းပြည်အစိုးရထိန်းချုပ်ပြီ။ တွန်းဇံဘက်ကလည်း ချင်းပြည်အစိုးရက ထိန်းချုပ်ပြီဆိုတော့ သူတို့ တစ်ခုပဲ စိုးရိမ်တာပေါ့”ဟု ၎င်းက ပြောသည်။

CNA နှင့် ဒေသကာကွယ်ရေးတပ်ပေါင်းစုသည်တွန်းဇံမြို့သိမ်းတိုက်ပွဲကို မေလ ၁၇ရက်က ဆင်နွှဲခဲ့ရာ တစ်ပတ်အကြာတွင် မြို့ကို သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ကို အရှင် ဖမ်းမိကာ လက်နက်အလက် ၁၀၀ ကျော် သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါ ပူးပေါင်းတပ်သည် အိန္ဒိယ နယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။