Connect with us

Hi, what are you looking for?

သတင်း

မန်းချောင်းဆည်အနီးစစ်ကောင်စီဂိတ်ကင်းစခန်းကို CDF အရှိုပူးပေါင်းတပ် ဝင်တိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုများ

ဇွန်လ ၂၁ ရက် နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီ၏ ကပစ(၁၄)လက်အောက်ခံ ကျောင်းကုန်းရွာဟောင်းကင်းဂိတ်နှင့် စခန်းကုန်းကို CDF အရှိုနှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း(APDF)တို့ပူးပေါင်းပြီး ၂ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(မန်းချေင်းဆည်အနီး စစ်ကောင်စီဂိတ်ကင်းစခန်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအားတွေ့ရစဥ်။ ဓာတ်ပုံ - CDF-Asho)
(မန်းချေင်းဆည်အနီး စစ်ကောင်စီဂိတ်ကင်းစခန်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအားတွေ့ရစဥ်။ ဓာတ်ပုံ - CDF-Asho)

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီးရှိ ကျောင်းကုန်းကျေးရွာဟောင်းမှ စစ်ကောင်စီဂိတ်ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၂၁ ရက် နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီ၏ ကပစ(၁၄)လက်အောက်ခံ ကျောင်းကုန်းရွာဟောင်းကင်းဂိတ်နှင့် စခန်းကုန်းကို CDF အရှိုနှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း(APDF)တို့ပူးပေါင်းပြီး ၂ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(မန်းချေင်းဆည်အနီး စစ်ကောင်စီဂိတ်ကင်းစခန်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအားတွေ့ရစဥ်။ ဓာတ်ပုံ - CDF-Asho)
(မန်းချေင်းဆည်အနီး စစ်ကောင်စီဂိတ်ကင်းစခန်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအားတွေ့ရစဥ်။ ဓာတ်ပုံ – CDF-Asho)

အထက်ပါ ဂိတ်ကင်းစခန်းတွင် စစ်ကောင်စီတပ်သား ၃၀ခန့်ရှိပြီး စစ်ဆင်ရေးကို မိနစ် ၃၀ခန့်သာ တိုက်ခိုက်ရန်မှန်းထားသော်လည်း ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရပြီး ရန်သူ့ဘက်မှ လေကြောင်းထောက်လှမ်းမှုအပါအဝင် လက်နက်ကြီးပစ်ကူများဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း CDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ အခုစစ်ဆင်ရေးရဲ့ အဓိကရည် မှန်းချက်ကတော့ နံပတ် ၁က လက်နက်ရရှိဖို့၊ နံပတ် ၂ က စခန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။ သို့သော်လည်း ကျနော်တို့ နှစ်ခုစလုံး မအောင်မြင်ဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။ စခန်းသိမ်းတာကို မလုပ်နိုင်ခဲ့ဘူးဖြစ်ပါတယ်။ ရန်သူသေဆုံးတဲ့အထိပဲ ရောက်နိုင်ခဲ့တာဖြစ်ပါတယ်”ဟု ၎င်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ မှတ်ချက်ပေးသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးသည်ကို တပ်တွင်းသတင်းရင်းမြစ်ထံမှ အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း၊ စခန်းဘန်ကာအတွင်း ရန်သူ့တပ်သားလေးဦးသာ ကျန်ရှိပြီး ၎င်းတို့က ဘန်ကာအတွင်း အခိုင်အမာနေရာယူ၍ ခုခံပစ်ခတ်ခဲ့ရာ ဘန်ကာကိုဖြိုရန် မစွမ်းနိုင်ခဲ့ဟု CDFတာဝန်ရှိသူက ရှင်းပြသည်။

(မန်းချေင်းဆည်အနီး စစ်ကောင်စီဂိတ်ကင်းစခန်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအားတွေ့ရစဥ်။ ဓာတ်ပုံ - CDF-Asho)
(မန်းချေင်းဆည်အနီး စစ်ကောင်စီဂိတ်ကင်းစခန်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအားတွေ့ရစဥ်။ ဓာတ်ပုံ – CDF-Asho)

“စစ်ဆင်ရေးက နာရီဝက်ထက်ပိုပြီး ၂ နာရီနီးပါးကြာမြင့်လာတဲ့အခါမှာ ရန်သူ့ဘက်က စခန်းဘန်ကာထဲမှာ လေးဦးပဲရှိပါတော့တယ်။ ဒါပေမဲ့ လေးဦးစလုံးက ဘန်ကာထဲအခိုင် အမာနေရာယူထားနိုင်တဲ့အတွက် အဲဒီဘန်ကာကိုဖြိုဖို့ ကျနော်တို့ မစွမ်းနိုင်ခဲ့ဘူး။ နောက်တခါ တိုက်ပွဲကြာလာတဲ့အခါ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းအန္တရာယ်ပါ ရောက်ရှိလာနိုင်တဲ့အတွက် ကျနော်တို့ ပြန်ဆုတ်ခဲ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

CDF အရှိုနှင့် ဧရာဝတီပြည့်သူကာကွယ်ရေးတပ်မတော်စစ်ကြောင်း(APDF)တို့ဝင်ရောက်တိုက်ခိုက်ခဲ့သော စစ်ကောင်စီဂိတ်ကင်းစခန်းသည် ဂုတ်ကြီးကျေးရွာလေ ကြောင်းရန်ကာကွယ်ရေးတပ်နှင့် ဆုံကုန်းရွာအခြေစိုက် အမတ(၃၇၅)တပ်တို့နှင့် လက်နက်ကြီးပစ်ကူလက်လှမ်းမှီသည့်နေရာတွင် တည်ရှိသည်။

ပြီးခဲ့သည့် မေလ ၃၀ရက်ကလည်း စစ်ကောင်စီ၏ ကပစ(၁၄)နှင့် ၁ကီလိုမီတာအကွာအဝေးတွင်ရှိသည့် ဂိတ်ကင်းစခန်းကို CDFအရှိုမှ အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံး​ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။