Connect with us

Hi, what are you looking for?

သတင်း

ကနေဒီတောင်တပ်စခန်းနေရာကို PDF ဇိုလဲန်းအလံ ပြန်လွှင့်ထူ

ကနေဒီတောင်ကြော အပြန်အလှန် ထိန်းချုပ်နိုင်မှု ဖော်ပြချက်နှင့်ပတ်သက်ပြီး ပြည်သူများက ချင်းတပ်ဖွဲ့နှစ်ခုကို အချင်းချင်း စည်းလုံးရန် တိုက်တွန်းမှုများရှိသည်။

(တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းနေရာကို ပြည်သူကာကွယ်ရေးတပ်(PDF)- ဇိုလဲန်းတပ်ဖွဲ့အလံ ပြန်လည်လွှင့်ထူထားစဉ်။ ဓာတ်ပုံ - PDF ဇိုလဲန်း)
(တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းနေရာကို ပြည်သူကာကွယ်ရေးတပ်(PDF)- ဇိုလဲန်းတပ်ဖွဲ့အလံ ပြန်လည်လွှင့်ထူထားစဉ်။ ဓာတ်ပုံ - PDF ဇိုလဲန်း)

▪️စစ်ကောင်စီတပ်စွဲရန် ကြိုးပမ်းချိန် ပစ်ခတ်မှုများရှိခဲ့ဟု အသိပေး

ထားမြတ်/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းနေရာကို ပြည်သူကာကွယ်ရေးတပ်(PDF)- ဇိုလဲန်းတပ်ဖွဲ့အလံ ပြန်လည်လွှင့်ထူလိုက်ကြောင်း PDFက အသိပေးသည်။

အဆိုပါ တပ်စခန်းကို PDF ဇိုလဲန်းက ၂၀၂၃ နိုဝင်ဘာ ၂၁ရက်တွင်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက ဇွန်လတတိယပတ်တွင် ထိုးစစ်ဆင်လာ၍ တိုက်ပွဲရှိခဲ့သည်ဟု ဆိုသည်။

” အဲဒီနေရာကို ဇွန် ၂၁ ရက် မနက် ၃ နာရီလောက်မှာ စကစတပ်တွေ တပ်ပြန်စွဲဖို့ လုပ်တဲ့ချိန်မှာ ပစ်ခတ်မှုတွေရှိတယ်၊ ညနေပိုင်းမှာ သွားကြည့်တဲ့အချိန်မှာ စကစ တွေမရှိတော့ဘူး၊ အဲဒါနဲ့ ဒီအတိုင်းထားလိုက်တဲ့အချိန်မှာဇွန် ၂၂ နေ့ကျမှ CNA လက်အောက်ခံ PDA တပ်တွေက ဘာပစ်ခတ်မှုမှမရှိပဲ ဒီအတိုင်းတက်ပြီး အလံသွားထောင်လိုက်တာပါ။အဲဒါကို သိပြီးတော့ ဒီနေ့ ဇွန်၂၃ ရက် ကျတော့ PDF ဇ်ုလဲန်းအဖွဲ့တွေက ကျန်တဲ့အလံတွေဖြုတ်ပြီး PDF ဇိုလဲန်းအလံပြန်ထောင်တာဖြစ်တယ်” ဟု PDF ဇိုလဲန်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

PDA တီးတိန်ကလည်း ကနေဒီတောင်ကြောကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဇွန်လ ၂၂ရက်တွင် ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

PDA တီးတိန် တပ်ဖွဲ့၏ ကနေဒီတောင်၌ အလံလွှင့်ထူမှုသည် လက်ဦးမှုရယူခြင်းဖြစ်ကြောင်း PDF ဇိုလဲန်းတာဝန်ရှိသူက မှတ်ချက်ပြုသည်။

PDA တီးတိန်သည် ချင်းပြည်ကောင်စီ တပ်ပေါင်းစု၌ ပါဝင်သည့် တပ်ဖြစ်ပြီး PDF ဇိုလဲန်းသည် ချင်းညီနောင် အဖွဲ့ဝင်ဖြစ်သည်။ ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် မတူပီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှု အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် ကနေဒီတောင်ကြော အား ပြန်လည် ထိန်းချုပ်နိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး PDA တီးတိန် ဖော်ပြသည့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးရာ မြင်ကွင်းနှင့် PDF ဇိုလဲန်းဖော်ပြသည့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးရာ မြင်ကွင်းများလည်း မတူညီသည်ကို တွေ့ရသည်။

PDA တီးတိန်က ကနေဒီတောင်ကြောရှိ စေတီ အနီး ချင်းအမျိုးသားအလံနှင့် PDA တီးတိန်အလံကို လွှင့်ထူထားခြင်းဖြစ်ပြီး PDF ဇိုလဲန်း၏ ဖော်ပြချက်တွင် ကနေဒီတောင်ကြောရှိ စက်သွယ်ရေးတာဝါတိုင် တည်ရှိရာထိပ်၌ PDF အလံ လွှင့်ထူခဲ့ခြင်းဖြစ်သည်။

ကနေဒီတောင်ကြော အပြန်အလှန် ထိန်းချုပ်နိုင်မှု ဖော်ပြချက်နှင့်ပတ်သက်ပြီး ပြည်သူများက ချင်းတပ်ဖွဲ့နှစ်ခုကို အချင်းချင်း စည်းလုံးရန် တိုက်တွန်းမှုများရှိသည်။

“ကာကွယ်ပါ။ စည်းလုံးပါ။ နိုင်ငံရေး သဘောထားကွဲလွဲခွင့်ရှိသည်။ စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်ပါ။ စည်းလုံးခြင်းသည် အင်အား”ဟု ပြည်သူတစ်ဦးက PDF ဇိုလဲန်း၏ ထုတ်ပြန်ချက်အောက်၌ မှတ်ချက်ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။