Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင် သုံးမြို့နယ်မှသံဃာတော်များ ကံဆောင်သပိတ် ချီတက်ဆန္ဒပြ

သံဃာတော်များက အင်အားအများအပြားဖြင့် လှည့်လည်ကာ စစ်ကောင်စီအား သပိတ်မှောက် ဆန္ဒပြခဲ့ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

(မြင်းခြံခရိုင်နှင့် ဆိပ်ဖြူမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးနောက် ချီတက်ဆန္ဒပြနေစဥ်။ဓာတ်ပုံ - CJ)
(မြင်းခြံခရိုင်နှင့် ဆိပ်ဖြူမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးနောက် ချီတက်ဆန္ဒပြနေစဥ်။ဓာတ်ပုံ - CJ)

▪️ကံဆောင်သပိတ်ပြုလုပ်မှု မြို့နယ် ၁၈မြို့နယ် အထိရှိလာ

ဇေအောင်/People’s Spring

မန္တလေးတိုင်းအတွင်း ပထမဆုံးအနေဖြင့် မြင်းခြံခရိုင်အတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုပြုလုပ်ရာတွင် ပါဝင်လာပြီး အင်အားအများအပြားဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။

ဇူလိုင် ၂ ရက်က မြင်းခြံခရိုင်ရှိ မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့နယ်တို့မှ သံဃာတော်များစုဝေးကာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ခဲ့သည်။

ထို့နောက် သံဃာတော်များက အင်အားအများအပြားဖြင့် လှည့်လည်ကာ စစ်ကောင်စီအား သပိတ်မှောက် ဆန္ဒပြခဲ့ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူများကလည်း လိုက်ပါဝန်းရံကာ စစ်ကောင်စီအား ဆန္ဒပြခဲ့ကြသည်။

(မြင်းခြံခရိုင်နှင့် ဆိပ်ဖြူမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးနောက် ချီတက်ဆန္ဒပြနေစဥ်။ဓာတ်ပုံ - CJ)
(မြင်းခြံခရိုင်နှင့် ဆိပ်ဖြူမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးနောက် ချီတက်ဆန္ဒပြနေစဥ်။ဓာတ်ပုံ – CJ)

သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကို မြင်းခြံခရိုင်၊တပ်ရင်းအမှတ်(၁)၊ တပ်ရင်းအမှတ် (၃)၊ တပ်ရင်းအမှတ် (၈) ၊ မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က လုံခြုံရေးယူပေးခဲ့သည်။

အလားတူ ယမန်နေ့ကပင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ သံဃာတော်များကလည်း သိမ်တစ်ခုတွင်စုဝေး၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ကြရာ မကွေးတိုင်းအတွင်း စတုတ္ထ​မြောက်ပါဝင်လာသည့် မြို့နယ်ဖြစ်လာသည်။

“တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိနေတဲ့ သံဃာတော်အရှင်သူမြတ်တွေကို လက်ရှိဆောင်ရွက်နေကြတဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ညီညီညွတ်ညွတ်နဲ့ ပါဝင်ကြဖို့တိုက်တွန်းပါတယ်။ ပြည်သူလူထုတရပ်လုံးကလည်း တိုင်းရင်းသားလူမျိုးစုတွေအားလုံးကပါ စုပေါင်းပြီး စစ်ရေးတိုက်ပွဲကြီး ဆင်နွှဲနေကြတယ်။အာဏာရှင်စနစ်ကိုအမြစ်ပြတ်ချေမှုန်းဖို့။ NUG အစိုးရကလည်း နိုင်ငံရေးတိုက်ပွဲတွေ သံတမန်ရေးတိုက်ပွဲတွေစီးပွားရေးတိုက်ပွဲတွေ ဦးဆောင်ပြီးဆင်နွှဲနေတယ်။ အဲဲဒီလိုဆင်နွှဲနေကြတဲ့အချိန်မှာ သံဃာထုကလည်း သံဃာထုတိုက်ပွဲအနေနဲ့ ဓမ္မလမ်းကြောင်း၊ ဝိနည်းလမ်းကြောင်းကနေ ညီညီညွတ်ညွတ်ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။”ဟု ဒီပဲယင်းမြို့နယ်မှ ကံဆောင်သပိတ်ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

(မြင်းခြံခရိုင်နှင့် ဆိပ်ဖြူမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးနောက် ချီတက်ဆန္ဒပြနေစဥ်။ဓာတ်ပုံ - CJ)
(မြင်းခြံခရိုင်နှင့် ဆိပ်ဖြူမြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးနောက် ချီတက်ဆန္ဒပြနေစဥ်။ဓာတ်ပုံ – CJ)

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလင်နှင့် မြင်းမူမြို့နယ်များ၌လည်းကောင်း၊ မကွေးတိုင်း၌ မြိုင်၊ ပခုက္ကူ၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များ၌လည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များတွင်လည်းကောင်း ပြုလုပ်လာရာ စုစုပေါင်း မြို့နယ် ၁၈ မြို့နယ်အထိ ရှိလာပြီဖြစ်သည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့က နာမည်ကျော်စာသင်တိုက်ဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ကျောင်းနေ ရဟန်းသာမဏေတွေ အချိန်အခါမဟုတ် အစားအသောက်တွေ ဝယ်မစားဖို့ ဆရာတော်ကြီးတွေက အမိန့်ထုတ်ပြန်လိုက်ပါတယ်။