Connect with us

Hi, what are you looking for?

သတင်း

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွင်း မြစ်ရေရုတ်တရက်ဝင်ရောက်လာ၍ ဆောက်လုပ်ရေးလုပ်သား ၇ဦးထက်မနည်းပျောက်ဆုံးနေ

အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဦးမောင်ဝိတ်၏ MBCCD (Mandalay Business Capital City Development)ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။

(လူနစ်မြုပ်ပျောက်ဆုံးနေသော စီမံကိန်းဝင်းအား လူအများလာရောက်ကြည့်နေကြစဥ်။ ဓာတ်ပုံ-CJ)
(လူနစ်မြုပ်ပျောက်ဆုံးနေသော စီမံကိန်းဝင်းအား လူအများလာရောက်ကြည့်နေကြစဥ်။ ဓာတ်ပုံ-CJ)

​ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်း ဧရာဝတီမြစ်ရေများ ရုတ်တရက်ဝင်ရောက်လာ၍ ဆောက်လုပ်ရေးလုပ်သားနှင့် မိသားစုဝင် ၇ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက် ၁၀ နာရီခွဲခန့်က အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ဘေး၊ ယမ်းပျံရပ်ကွက်အနီးရှိ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းမြောင်းအတွင်း မြစ်ရေများရုတ်တရက် ကျိုးပေါက်ဝင်ရောက်လာ၍ စီမံကိန်းအတွင်းရှိနေသည့် ဆောက်လုပ်ရေးအလုပ်သမားနှင့် ၎င်းတို့၏မိသားစုဝင်များ ၇ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

(လူနစ်မြုပ်ပျောက်ဆုံးနေသော စီမံကိန်းဝင်းအား လူအများလာရောက်ကြည့်နေကြစဥ်။ ဓာတ်ပုံ-CJ)
(လူနစ်မြုပ်ပျောက်ဆုံးနေသော စီမံကိန်းဝင်းအား လူအများလာရောက်ကြည့်နေကြစဥ်။ ဓာတ်ပုံ-CJ)

“ဧရာဝတီမြစ်ကြီးရှိတယ်။ မြစ်ရဲ့အရှေ့ဘက်ထဲမှာ သူတို့လုပ်နေတဲ့စီမံကိန်းရှိတယ်။ ကုန်းမြေပေါ့။ အစကရေမြုပ်တဲ့နေရာတွေကိုဖို့ထားတာ။ အဲဒီကုန်းမြေနဲ့ တာရိုးလမ်းကြားထဲမှာ ချိုင့်ကြီးရှိတယ်။ အဲဒီချိုင့်ကြီးထဲကို ရေတွေရုတ်တရက်ဝင်လာတာ။ သူတို့တွေက ဟိုးအောက်က ကလိုင်ပေါက်ထဲရောက်နေချိန် ရေတွေရုတ်တရက်ဝင်လာတာပြောတယ်။ အခုဆယ်နေကြတယ်။ တစ်ယောက်မှမတွေ့သေးဘူး။”ဟု အမရပူရဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စီမံကိန်းအတွင်း ရေစတင်ဝင်လာသည့်နေရာမှာ ၂၀၂၂ အတွင်းက တာရိုးကျိုးခဲ့သည့်နေရာအနီးမှ ကျိုးပေါက်ကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဦးမောင်ဝိတ်၏ MBCCD (Mandalay Business Capital City Development)ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။

(လူနစ်မြုပ်ပျောက်ဆုံးနေသော စီမံကိန်းဝင်းအား လူအများလာရောက်ကြည့်နေကြစဥ်။ ဓာတ်ပုံ-CJ)
(လူနစ်မြုပ်ပျောက်ဆုံးနေသော စီမံကိန်းဝင်းအား လူအများလာရောက်ကြည့်နေကြစဥ်။ ဓာတ်ပုံ-CJ)

ဒီချုပ်အစိုးရလက်ထက်တွင်မူ သိသိသာသာဆောင်ရွက်ခြင်းမပြုဘဲ ယခုစစ်တပ် အာဏာသိမ်းပြီးချိန်၌ လျင်မြန်စွာဆောက်လုပ် နေခြင်းဖြစ်ကြောင်း၊ ဧရာဝတီမြစ်အတွင်း ကျွန်းမြေများနှင့် ထောင်ချီသော မြစ်ဘေးမြေများကို ပြုပြင်ဆည်ဖို့ကာ ဆောက်လုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်ပထမပတ်မှစတင်ကာ ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေကြီးရေလျှံမှုများကြောင့် ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်အများအပြားမှ လူနေအိမ် များ ရေနစ်မြုပ်မှုများ ဖြစ်ပွားနေသည်။

အ​ပေါ်မှ​ရေများ​အောင်ဆင်းလာပြီး​နောက် ဧရာဝတီမြစ်ရေသည် မန္တလေး၊စစ်ကိုင်း၊ အမရပူရ၊ မင်းကွန်းဒေသတို့တွင် စိုးရိမ်ရေမှတ်အထက်၌မြင့်တက်နေပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။ ပုဂံတွင်လည်း မြို့ပေါ်နေရာများပါ ရေဝင်နစ်မြုပ်နေသည်။ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်၌ဆက်ရှိနိုင်သေးကြောင်း သတိပေးချက်များရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့ ၊အမရပူရမြို့နယ် ၊တမုတ်ဆိုးကျေးရွာမှာ မနေ့ (စက်တင်ဘာ လ ၄ ရက် ) က အဖေ နဲ့ ဦးလေး ဖြစ်သူတို့ ရန်ဖြစ်တာကို ဝင်တားတဲ့ ရှစ်တန်း ကျောင်းသား ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်ကို ဆီဘောက်စာကားဝင်တိုက်မိပြီးမီးလောင်တဲ့အတွက်ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။