Connect with us

Hi, what are you looking for?

သတင်း

အေလာလေတပ်စခန်းတိုက်ခိုက်မှု ၃၀ကျော်သေဆုံးဟု BWMဆို

BWM အနေဖြင့် စစ်ကောင်စီ၏ လေတပ်ကို ဖြိုမည့် မစ်ရှင်များကိုဆက်လက်လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဆက်လက်ဝန်းရံပေးရန် တောင်းဆိုထားသည်။

အေလာလေတပ်စခန်းတိုက်ခိုက်မှု ၃၀ကျော်သေဆုံးဟု BWMဆို
အေလာလေတပ်စခန်းတိုက်ခိုက်မှု ၃၀ကျော်သေဆုံးဟု BWMဆို

သတိုး/People’s Spring

လေကြောင်းတိုက်ခိုက်မှုများအဓိကပြုလုပ်နေသည့် စစ်ကောင်စီ၏ အေလာလေတပ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော် သေဆုံးပြီး ဒရုန်းထားသည့် ဂိုဒေါင်နှင့် အဆိပ်ငွေ့ဗုံးပြင်ဆင်သည့် ဂိုဒေါင်ပျက်စီးသွားကြောင်း Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အေလာလေတပ်စခန်းကို ဇူလိုင် ၁၆ရက် နံနက်က ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် တော်လှန်ရေးအဖွဲ့များကပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၃၄ ဦးအထိရှိသည်ဟု ဇူလိုင် ၁၇ တွင် BWMက နောက်ဆက်တွဲသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ဆင်ရေးတွင် ယမန်နေ့က သေဆုံးသူ ၁၆ ဦးရှိသည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ဒရုန်းထားသည့် ဂိုဒေါင်ပြိုကျခဲ့သောကြောင့် စစ်ကောင်စီအရာရှိသုံးဦးအပါအဝင် ၁၈ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အဆိပ်ငွေ့ဗုံးပြင်ဆင်ထုတ်လုပ်သည့် ဂိုဒေါင်လည်းပျက်ဆီးခဲ့သည်ဟု အသိပေးထားပြီး ယင်းဂိုဒေါင်သည် ဧပြီ ၁၁ ရက်ကပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင်လည်း ထိခိုက်မှုရှိခဲ့သည်ဟု BWM က ဆိုသည်။

“စစ်ကောင်စီ၏ လူသတ်လက်နက် ဓာတုဗုံး (အဆိပ်ဗုံး)များကို အေလာလေဆိပ်အတွင်းမှာ သိုလှောင်ရုံ ပဲလား၊ ဒါမှမဟုတ် အေလာလေဆိပ်အတွင်းမှာထုတ်လုပ်နေလား ဆက်လက် စုံစမ်းနေပါတယ်”ဟု BWM မှ တာဝန်ရှိသူကပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် A-5 Bomber Jet Fighter အပါအဝင် Jet Fighter သုံးစင်းပျက်စီးခဲ့သည်ဟု ဇူလိုင် ၁၆ရက်တွင် တော်လှန်ရေးအဖွဲ့များက အသိပေးထားသည်။

အထက်ပါထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ စစ်ကောင်စီ​၏ ဝါဒဖြန့်ချန်နယ်များက လေဆိပ်‌အနီးရှိ တောအုပ် အတွင်း ရှော့တိုက်ဒုန်းသုံးလုံး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မပစ်ရသေးသည့် ရှော့တိုက်ဒုန်းလေးလုံး သိမ်းဆည်းနိုင်ကာ နှစ်ဦးဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းများဖြန့်ဝေနေသည်။

အဆိုပါစစ်ဆင်ရေးကိုBrave Warriors for Myanmar BWM အဖွဲ့၏ စီမံမှုဖြင့်Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နှင့် Mercury Revolution Force (MRF) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးတွင်ပါဝင်သူအားလုံး ဘေးကင်းကြောင်း BWM ကဆိုသည်။

“Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်အဖွဲ့များမှ ရဲဘော်များအားလုံးသည်လည်း ရန်သူ၏အေလာ လေတပ်စခန်းအားတိုက်ခိုက်ပြီးနောက် မိမိတို့၏ ဌာနေစခန်းအသီးသီးသို့ ဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိနေပြီ ဖြစ်သည့် အတွက် စစ်ကောင်စီဘက်က ဖမ်းဆီးရမိသည်ဟူသော သတင်းများမှာ ဝါဒဖြန့်သတင်းအမှားများသာ ဖြစ်ကြောင်း အသိပေးကြေငြာပါသည်။ ” ဟု BWM ကအသိပေးထားသည်။

အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီကယင်းနေရာအနီးမှရွာ ခုနစ်ရွာကို ရှာဖွေမှုများပြုလုပ်ခဲ့ပြီး သံသယရှိသူ ၁၂ ဦးဖမ်းဆီးသွားသည်ဟု Mountain Knights Civilian Defense Force (MKCDF)က ဇူလိုင် ၁၆ တွင်ပြောကြားထားသည်။

BWM အနေဖြင့် စစ်ကောင်စီ၏ လေတပ်ကို ဖြိုမည့် မစ်ရှင်များကိုဆက်လက်လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဆက်လက်ဝန်းရံပေးရန် တောင်းဆိုထားသည်။

လေကြောင်းတိုက်ခိုက်ရေးအတွက်စစ်ကောင်စီ အလေးထားရသည့် အေလာလေတပ်စခန်းကို ယခုအကြိမ်အပါအဝင် တိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ထားသည်ဟု BWM မှ တာဝန်ရှိသူကပြောသည်။

အေလာလေတပ်စခန်းတာဝန်ခံကို စစ်ကောင်စီဘက်မှ ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။