Connect with us

Hi, what are you looking for?

သတင်း

အေလာလေတပ်စခန်းကို​တော်လှန်​ရေးအဖွဲ့က ၁၀၇ မမရှော့တိုက်ဒုန်း ၇ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

(​နေပြည်​တော်​လေတပ်ကိုတိုက်ခိုက်ခဲ့​သော ​ရှော့တိုက်ဒုံးအချို့ကို​တွေရသည်။ဓါတ်ပုံBWM)
(​နေပြည်​တော်​လေတပ်ကိုတိုက်ခိုက်ခဲ့​သော ​ရှော့တိုက်ဒုံးအချို့ကို​တွေရသည်။ဓါတ်ပုံBWM)

▪︎လေတပ်အရာရှိ ၅ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိဟု တိုက်ခိုက်ခဲ့​သော BWM မှတာဝန်ရှိသူ​ပြော

သတိုး /People’s Spring

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွက် အဓိကနေရာတစ်ခုဖြစ်သည့် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်း ၇ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ ၅ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိသည်ဟု ကနဦး သိရကြောင်း ယင်းစစ်ဆင်ရေးကို လုပ်ဆောင်သည့် Brave Warriors For Myanmar အဖွဲ့မှတာဝန်ရှိသူကပြောသည်။

“ နိုင်ငံတဝှမ်း အရှိန်အဟုန်ကောင်းလာတဲ့ တော်လှန်ရေးကို အဓိက ဖြိုခွင်းနေတဲ့ စစ်ကောင်စီလေတပ်က ကျနော်တို့ရဲ့အဓိကပစ်မှတ်ဖြစ်ပါတယ်၊ လေတပ်ပြိုရင် ကျနော်တို့တော်လှန်ရေးနိုင်ပြီမို့ လေတပ်ကို အဓိက တစိုက်မတ်မတ်တိုက်ခိုက်နေရခြင်းဖြစ်ပါတယ်၊ အခုမစ်ရှင်မှာ နေရာစုံ

ဒေါင့်စုံကနေ ပါဝင်အားဖြည့်ပေးခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲဘက်အဖွဲ့အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၁ ရက် နံနက် ၄ နာရီ ၄၅ တွင် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ဆင်ရေးကို Brave Warriors For Myanmar(BWM)အဖွဲ့ ၏စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၅ ဦးနှင့် တပ်သား ၁၂ ဦးစုစုပေါင်း ၁၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကနဦးသတင်းသိရကြောင်း BWM မှ တာဝန်ရှိသူကပြောသည်။

ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“ တစ်လလောက် အချိန်ယူ ပြင်ဆင်ပြီး လုပ်လိုက်ရတယ်။နိုင်ငံတဝန်း စစ်ကောင်စီကို အားကုန်တွန်းလှန်နေချိန် MKCDF ကလဲ တော်လှန်ရေး မောင်နှမများနဲ့ အတူ တသားထဲ ကြိုးစားတွန်းလှန်နေ ပါတယ်။သွေးချင်း အားလုံးကိုလဲ အချိန်တန်ပြီမို့ နိုင်ရာတာဝန်ထမ်းပြီး ကျရာနေရာက တွန်းလှန်ကြပါလို့ အလေးအနက်တိုက်တွန်းချင်ပါတယ် ” ဟု MKCDF မှတာဝန်ရှိသူကပြောသည်။

ဧပြီ ၁၀ ရက်ညတွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း မိုးရွာနေသောကြောင့် ဧပြီ ၁၁ ရက် နံနက်အစောမှလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အေလာစစ်​ကောင်စီ​လေတပ်တိုက်ခိုက်ခံရပြီး​နောက် ယ​နေ့ (ဧပြီ ၁၁ ရက်)တစ်မနက်လုံး​လေယာဥ်ပျံသန်းခြင်းမလုပ်နိုင်ဘဲ ​နေ့ခင်း ၁၁ နာရီ ၄၆မိနစ်တွင်မှ စစ်တပ်ရဟတ်ယာဥွတစ်စီး အ​ရှေ့ဘက်သို့ပျံသန်း​ကြောင်း စစ်​ကောင်စီ​လေ​ကြောင်းပျံသန်းမှုများကို ​စောင့်ကြည့်မှတ်တမ်းတင်​ဖော်ပြ​ပေး​နေ​သော EAR-Enemy Air Route Channel က​​ဖော်ပြသည်။ ၁၂ နာရီ ၃ မိနစ်တွင်မှ တိုက်​လေယာဥ်တစ်စီး အ​ရှေ့​တောင်ဘက်သို့ပျံသန်း​ကြောင်းEAR မှသိရသည်။

ဧပြီ ၁၁ ရက်သည် MKCDF အဖွဲ့၏ ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး စစ်ကောင်စီ၏ အဓိကလေတပ်စခန်းကို တိုက်ခိုက်နိုင်ခဲ့သလို လေတပ်ပြိုသည်အထိ တိုက်ခိုက်မှုများကို ရည်ရွယ်ချက်တူသည့် BWM အဖွဲ့နှင့်ဆက်လက်လုပ်ဆောင်မည်ဟု MKCDF အဖွဲ့ကဆိုသည်။

ထိုအပြင် မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ အရာရှိ ၄၀၀ကျော် သင်တန်းတတ်ရောက်နေသည်ဟု သတင်းရရှိသောကြောင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ လေးမိုင်ရှိ စစ်ကောင်စီ၏ အမှတ်(၃၉)ခြေလျင် တပ်ရင်း (ခလရ-၃၉) ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃) အား ၁၀၇ မမရှော့တိုက်ဒုန်းသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောသည်။